ရိုဇာ ကဇွာထားခြင်းနှင့်အတူ ကဖ္ဖာရဟ်ပါ ထိုက်စေသောအချက်များ

in #busy7 years ago

image

ရိုဇာ ကဇွာထားခြင်းနှင့်အတူ ကဖ္ဖာရဟ်ပါ ထိုက်စေသောအချက်များ

(၁) ရမ်ဇန်လမြတ်တွင် ရိုဇာစောင့်ထိန်းထားစဉ် အာဟာရအဖြစ် ၊ ဆေးအဖြစ် ၊ အရသာခံရန် သုံးစွဲလေ့ရှိသော အစာကို တမင်သိလျက်စားသုံးခြင်း

(၂) ကိုယ်လက်နှီးနှောခြင်း

ရိုဇာ၏ ကဖ္ဖာရဟ်

ရိုဇာဖျက်လိုက်ခြင်းကြောင့် ထိုက်လာသော ကဖ္ဖာရဟ်မှာ နှစ်လဆက်တိုက်ရိုဇာစောင့်ထိန်းရမည်။ ထိုသို့နှစ်လဆက်တိုက် ရိုဇာမစောင့်ထိန်းနိုင်လျှင် ဆင်းရဲသား (၆၀) ကို ထမင်းနှစ်နပ် အ၀ကျွေးရမည်။

ကဇွာ ရိုဇဟ်

မိမိလွှတ်ခဲ့သော ရိုဇာများကို စောနိုင်သမျှစော၍ ကဇွာပြုလုပ်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။ အကြောင်းမဲ့ နောက်ဆိုင်းထားခြင်းမှာ မကောင်းပါ။
တစ်ဆက်တည်းသော်လည်းကောင်း၊ရက်ခြား၍သော်လည်းကောင်း ကဇွာရိုဇာစောင့်ထိန်းခြင်း ပိုင်သည်။

ရိုဇာတွင် မက္ကရူးဟ် ဖြစ်စေသောအချက်များ

(၁) လူသားများ စားလေ့စားထမရှိသောအရာ တစ်စုံတစ်ရာကို ၀ါးခြင်း /ငုံထားခြင်း

(၂) အစားအစာ တစ်စုံတစ်ရာကို မြည်းခြင်း (ခင်ပွန်းကို ကြောက်ရသော အမျိုးသမီး အနေဖြင့် ပြုခွင့်ရှိ၏။ သို့သော် ချက်ခြင်းထွေးလိုက်ရမည်။)

(၃) ပလုတ်ကျင်းရာတွင်လည်းကောင်း၊ နှာခေါင်းဆေးရာတွင်လည်းကောင်း ရေများစွာထည့်ခြင်း

(၄) တံတွေးများကို ငုံထားပြီး မျိုချခြင်း

(၅) အတင်းပြောခြင်း၊ မုသားပြောခြင်း၊ ဆဲရေးတိုင်းထွာခြင်း

(၆) ရေချိုးရန်တာဝန်ထိုက်လျှက် ရေမချိုးဘဲ ကြာမြင့်စွာနေခြင်း

(၇) မီးသွေးခဲ၊ သွားတိုက်ဆေးဖြင့် သွားတိုက်ခြင်း

(၈) သွေးလှူခြင်း၊သွေးထုတ်ခြင်း စသည်တို့ဖြစ်သည်။

ဤအချက်များဖြင့် မက္ကရူးဟ်သာဖြစ်၍ ရိုဇာပျက်မည်မဟုတ်ပေ။

ရိုဇာတွင် မက္ကရူးဟ်မဖြစ်စေသောအချက်များ

(၁) မိစ်ဝါးက်(တံပူ) တိုက်ခြင်း

(၂) ဦးခေါင်းနှင့် မုတ်ဆိတ်များကို ဆီလိမ်းခြင်း

(၃) မျက်စေ့ထဲတွင်ဆေးရည်ထည့်ခြင်း/ စွရ်မဟ်သားခြင်း

(၄) အမွှေးနံ့သာ ရှုရှိုက်ခြင်း

(၅) နေပူ၍ ဖြစ်စေ ရေဆာ၍ဖြစ်စေ ရေချိုးခြင်း

(၆) ဆေးထိုးခြင်း

(၇) မေ့လျော့ပြီး စားသောက်မိခြင်း

(၈) လည်ချောင်းတွင်းအလိုအလျောက် မီးခိုး၊ဖုံမှုန့်နှင့် ယင်ကောင်စသည်တို့ ၀င်ရောက်သွားခြင်း

(၉) နားတွင်း ရေထည့်ခြင်း (သို့) အလိုအလျောက်ဝင်ရောက်သွားခြင်း

(၁၀) အလိုအလျောက်အန်ခြင်း

(၁၁) အိပ်ပျော်နေစဉ် အိဟ်သိလားမ် (သုတ်ရည်ထွက်သွားခြင်း)

(၁၂) သွားများမှ သွေးယိုထွက်လာပြီး လည်ချောင်းအတွင်းသို့ မ၀င်ရောက်ခြင်း

(၁၃) အရေးပေါ်လိုအပ်လာပါက ဆေးမှုန့်များမပါသော ရိုးရိုးအောက်စီဂျင် ပေးခြင်း

(၁၄) မဖြစ်မနေလိုအပ်လာပါက အသားဆေး၊အကြောဆေးထိုးခြင်း၊ ဂလူးကိုစ်ချိတ်ခြင်း

(ဂျဝါဟိရူလ်ဖိက်ဟ်၊ဂျဒီးဒ်ဖိက်ဟီးမစာအိလ် - ရိုဇာအခန်း)