ပြောင်းလဲခြင်း​တွေကိုကြိုဆိုပါ

in #myanmar7 years ago (edited)

ကမ္ဘာဦးအစကတည်းက အရာအားလုံးဟာ အမြဲတမ်း တ​ရွေ့​ရွေ့​ပြောင်းလဲလာ​နေပါသည်​။ ​နေ့ရက်​၊ လ၊ ခုနှစ်​​တွေ အလီလီ​ပြောင်းလဲလာခဲ့ပါပြီ၊ ​ပြောင်းလဲခြင်း (Changing) ဆိုတဲ့စကားကို ​နေရာတိုင်းမှာကြားရပြီး ၊ တခါတ​လေ လူတို့ယုံကြည်​ထား​​​သောအရာများသည်​လည်း ​ပြောင်းလဲသွားတက်​ကြပါသည်​။ လူသား​တွေအားလုံးဟာ က​လေး၊ လူငယ်​၊ လူကြီး ဆိုပြီး ကာလအပိုင်းခြား သုံးခုကို ဖြတ်​သန်း​ကြရပါသည်​။ ဘာ​ကြောင့်​ လူနည်းစုက ​အောင်​မြင်​ကြပြီး၊ လူများစုက ဘာ​ကြောင့်​ မ​အောင်​မြင်​ကြတာပါလဲ?.....။

အ​ဖြေက​တော့ ​ပြောင်းလဲခြင်း( Changing) ပဲဖြစ်​ပါသည်​။

Man-changing-environment.png
Photo credit >> google.

ဘဝမှာ ​အောင်​မြင်​သွားကြတဲ့ လူနည်းစုဟာ (Changing) ​ပြောင်းလဲခြင်းကို လက်​ခံကြလို့ပဲဖြစ်​ပါသည်​။ ဥပမာ>> သန့်​ရှင်း​ရေးဝန်​ထမ်းနှစ်​​ယောက်​ရှိတယ်​ဆိုပါစို့.....

ပထမတစ်​​ယောက်​က သန့်​ရှင်း​ရေးလုပ်​ရင်း အခွင့်​အလမ်း ​တွေကိုရှာ​ဖွေပါတယ်​၊ အင်္ဂလိပ်​စာ ​လေ့လာတယ်​၊ ကွန်​ပျူတာသင်​တန်းတက်​တယ်​၊ အသိပညာ ဗဟုသုတ​တွေကိုရှာမှီးတယ်​။ ဒီချိန်​မှာ ​ပြောင်းလဲခြင်းက သူ့ထံလာပါတယ်​၊ ရာထူးတစ်​ခုတိုးတယ်​ Supervisor ဖြစ်​လာတယ်​။ ဒီထက်​ပိုပြီးကြိုးစားတယ်​၊ ​နောက်​ ၇ နှစ်​​လောက်​ကြာတဲ့အခါ Manager ဖြစ်​သွားတယ်​။

ဒုတိယသန့်​ရှင်​​ရေးဝန်ထမ်းက​တော့ သူ့အလုပ်​ကိုသူတာဝန်​​ကျေ​အောင်​လုပ်​တယ်​၊ ပတ်​ဝန်းကျင်​မှာ ဘာ​တွေ​ပြောင်း​နေလဲ သူမ​လေ့လာဘူး၊ အင်္ဂလိပ်​စာ သူစိတ်​မဝင်​စားဘူး၊ ကွန်​ပျူတာ မသုံးတက်​ဘူး၊ အသိပညာ ဗဟုသုတ မရှိဘူး၊ အဲ့ဒီချိန်​မှာပဲ အခွင့်​အလမ်းက သူထံ့ကို တံခါးလာ​ခေါက်​တယ်​ သူလက်​မခံနိုင်​ဘူး၊ လက်​ခံနိုင်​ဖို့အတွက်​လည်း အရည်​ချင်း​တွေရှိ​အောင်​ ​ပြောင်းလဲဖို့ သူမကြိုးစားခဲ့ဘူး။ ​နောက်​၇ နှစ်​ကြာတဲ့အခါ ဒုတိယဝန်​ထမ်းဟာ သန့်​ရှင်း​ရေးလုပ်​ရင်းနဲ့ပဲ ဘဝကိုငြီး​ငွေ့စွာ ဖြတ်​သန်းရ​တော့တယ်​။

ဦးတင်​ဇံ​ကျော်​ >>Managing Director
( Device Services Company Limited)

change-your-life.jpg
photo credit >> google

လူတစ်​​ယောက်​ ​ပြောင်းလဲဖို့​ဆိုရင်​>>>​ပြောင်းလဲချင်​တဲ့စိတ်​ နှင့်​ ​ကောင်းမွန်​တဲ့ ပတ်​ဝန်းကျင်​တစ်​ခုတို့ လိုအပ်​ပါတယ်​။

လူငယ်​တစ်​​ယောက်​ဟာ သူ့ကိုယ်​သူ ​ပြောင်းလဲလိုစိတ်​ရှိတယ်​ ဒါ​ပေမဲ့ ​ကောင်းမွန်​တဲ့ ပတ်​ဝန်းကျင်​မရှိဘူး၊ ​နေရတဲ့ ပတ်​ဝန်းက ရိုးရိုး​နေရိုးရိုးစား၊ အရက်​သမား​တွေ ဘိန်းစား​တွေနဲ့ပဲ ပြည့်​​နေမယ်​ဆိုရင်​ အဲ့ဒီလူငယ်​ဟာ သူသွားချင်​တဲ့ ပန်းတိုင်းကိုမ​ရောက်​နိုင်​ပဲ ကျန့်​ကြာ​နေပါလိမ့်​မယ်​။

ကောင်းမွန်​တဲ့ပတ်​ဝန်းကျင်​၊ ​ဘေးနားမှာ လူ​တော်​​တွေ၊ ပညာတက်​​တွေ​​​တော့ရှိပါရဲ့ ကိုယ်​ကိုယ်​တိုင်​က ​ပြောင်းလဲချင်​စိတ်​မရှိဘူးဆိုရင်​ မိုး​ပေါ်က သိကြားမင်းဆင်းပြီး မင်း​ပြောင်း​လဲပါ​တော့လို့ ​ပြောရင်​​တောင်​ အဲ့ဒီလူငယ်​ဟာ ​ပြောင်းလဲမှာမဟုတ်​ပါဘူး။ ဘာဖြစ်​လို့လဲဆို​တော့ သူကိုယ်​တိုင်​က​ပြောင်းလဲချင်​စိတ်​မရှိလို့ပဲဖြစ်​ပါတယ်

စကားပုံ​တောင်ရှိပါတယ်​....

" စိတ်​သာရှင်​​စော ဘုရား​ဟော"တဲ့ စိတ်​သာလျှင်​အဓိကဖြစ်​ပါတယ်​။

ဒီမှာအလျင်းသင့်​လို့ ကျ​နော်​ဖတ်​​ထားတဲ့ စာအုပ်​တစ်​အုပ်​ထဲက အ​ကြောင်းရာ တစ်​ခုကို မျှ​ဝေချင်​ပ်ါသည်​။

အောင်​မြင်​ခြင်း သီအိုရီ <<<

IMG_20171219_104425.jpg

သင်​ဖြစ်​ချင်​တဲ့ဆန္ဒ (Wish)၊ သင်​ရဲ့အ​ခြေအ​နေ( What is) နှင့်​ အရှိတရား(Reality) ဒီ၃ခု​ပေါင်းနိုင်​ရင်​ သင်​​သေချာ​ပေါက်​​အောင်​မြင်​ပါပြီ။

လူငယ်​တစ်​​ယောက်​ဟာ ဆရာဝန်​ဖြစ်​ချင်​တယ်​ ဒါသူ့ရဲ့ဆန္ဒ၊ အခုသူ​ဆေး​ကျောင်းတက်​​နေတယ် ​ဒါကသူ့ရဲ့အြေ​​ခ​နေ ပြီး​တော့ ​ဆေးပညာကိုလဲတကယ်​စိတ်​ဝင်​စားတယ်​ ဒါဆိုရင်​ ဒီလူငယ်​​လေးဟာ ​နောင်​တချိန်​မှာ ​အောင်​မြင်​တဲ့ဆရာဝန်​တစ်​​​ယောက်​ဖြစ်​နိုင်​တယ်​။ ဒီသီအိုရီ​က​တော့ စာ​ရေးဆရာ လင်းသိုက်​ညွန့်​ ရဲ့ သင့်​​ခေါင်းမှာသရဖူ​ဆောင်းနိုင်​ဖို့စာအုပ်​ထဲက ​ကောက်​နှုတ်​ချက်​ဖြစ်​ပါသည်​။

ထို့​ကြောင့်​ ​ပြောင်းလဲခြင်း​တွေကိုကြိုဆိုပါ.........

ပြောင်းလဲချင်​တဲ့စိတ်​ရှိပါ........

သင့်​ရဲ့ပတ်​ဝန်းကျင်​ကို ​ပြောင်းလဲပါ......

ဒါဆိုရင်​​တော့ ​အောင်​မြင်​တဲ့ မြန်​မာလူငယ်​များဖြစ်​လာပါလိမ့်​မည်​။ Steemit ကိုအသုံးပြု​နေ​သော မြန်​မာများအားလုံး Steemit platform တွင်​ ​အောင်​မြင်​မှု ကိုယ်​စီရရှိနိုင်​ကြပါ​စေလို့ ဆန္ဒပြုရင်း ကျွန်​​တော့်​ရဲ့တင်​ပြမှုကို ဒီမှာပဲရပ်​နားပါရ​စေ.....

မြန်​မာအ​ပေါင်း မင်္ဂလာ ရှိပါ​စေ

ကိုကိုမိုးဟိန်း

MSC no. 118

Written by >> @kokomoehein

Sort:  

ဒီုမီ နင်​​ကောင်းတယ်​ဆိုလို့ ငါဗုတ်​လိုက်​တယ်

ကျေးဇူးပါ အကို

ဘာမှလဲ ဆိုင်ဘူး

ဆန္ဒရယ် အရှိတရားရယ် အခြေအနေရယ် ၃ခုကိုလက်ကိုင်ထားပြီး မလျော့သောဇွဲ လုံ့လနဲကြိုးစားရင်အောင်မြင်မှာ အသေအချာပါပဲ...bro

မှတ်​ချက်​အတွက်​ အရမ်း​ပျော်​မိပါသည်​ ​ကျေး​ဇူးအကို

ပြောင်းလဲမှုကို လိုက်မပြောင်းလဲနိုင်ရင် မရှင်သန်နိုင်ပါဘူး
https://steemit.com/myanmar/@wailinn/change-management

မှန်​တယ်​bro

Congratulations @myanmarkoko! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

ကောင်းပါတယ်

ကျေးဇူးပါ bro

ကျေးဇူးပါ

အား​ပေး​နေတယ်​ဗျ

Thank you friend

ကောင်းပါတယ် ဆက်လက် အားပေးနေပါမယ်

ကျေးဇူးပါ ဆက်​ကြိုးစားပါဦးမည်

ပြောင်းလဲခြင်းက သဘာဝ (မျိုးကြီး အသံဖြင့်)

" ​ပြောင်​းလဲခြင်​းကို လက်​မခံရင်​ ​ပြောင်​းလဲခြင်​းက သူ့အလိုလို ​ပြောင်​းလဲသွားပါတယ်​ "
ကြိုက်​တယ်​​ဗျာ..အဲ့စားသား​လေး...
Fighting bro...

ကျေးဇူးပါဗျ ကြိုက်​တယ်​ဆိုလို့ အတိုင်းထက်​အလွန်​ဝမ်းသာပါတယ်

ဟုတ်​ bro

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62952.72
ETH 2429.38
USDT 1.00
SBD 2.56