ကီးမှားနေခဲ့သော အချစ်သီချင်းတစ်ပုဒ်(ဇာတ်သိမ်း)
ကီးမှားနေခဲ့သော အချစ်သီချင်းတစ်ပုဒ်
အပိုင်း - ၁ ကိုဤနေရာအားနှိပ်ပြီးဖတ်ရန်
အပိုင်း - ၂ ကိုဤနေရာအားနှိပ်ပြီးဖတ်ရန်
အပိုင်း - ၃ အားဤနေရာအားနှိပြီးဖတ်ရန်
အပိုင်း - ၄ အားဤနေရာအားနှိပြီးဖတ်ရန်
အပိုင်း - ၅ အားဤနေရာအားနှိပြီးဖတ်ရန်
အပိုင်း - ၆ အားဤနေရာအားနှိပြီးဖတ်ရန်
အပိုင်း - ၇ အားဤနေရာအားနှိပြီးဖတ်ရန်
ဤဝတ္ထုတိုလေးအား မိမိ၏တွေ့ကြုံခံစားခဲ့ရသော ခံစားချက်များနှင့် ပေါင်းစပ်၍ ရေးသားထားခြင်းဖြစ်ပါသည်။
စာရေးဆရာမဟုတ်၍ အဆင်မချောသည်များရှိပါက သည်းခံပေးကြပါဗျာ...
------------------------×××--------------------------------
ဇာတ်သိမ်းပိုင်း
ခါတိုင်းနေ့လိုမျိုးမဟုတ် ကက္ကိုပင်ကြီးက ငြိမ်ချက်ကောင်းနေသည်။
အရင်မြူးတူးခုန်ပေါက်နေသော စပါးခင်းတွေကလည်း အခုတော့
မလှုပ်ချင်လှုပ်ချင်နဲ့ အင်အားချိနဲ့နေလေရဲ့။ တောင်တန်းကြီးတွေကလည်း မှိုင်းပြပြ၊ ကောင်းကင်တခွင်မှာလည်း
တိမ်စိုင်တွေ အုံ့တုံ့တုံ့၊ တစ်ခုခုဖြစ်တော့မည့် မကောင်းတဲ့ အရိပ်ငွေ့တွေက နိမိတ်ပြနေသလိုလို ကျော်ရဲနှောင် စိတ်တွင်
ထင်မိသည်။
" ချော " ( အသံကတိုးတိုးလေးဆိုပေမဲ့ ပတ်ဝန်းကျင်က တိတ်ဆိတ်နေ၍ ဟိန်းထွက်သွားသည်)
" ပြောလေမောင်"
လုံးဝကိုအပြစ်ကင်းစင်သော ချစ်သူမျက်နှာကို စေ့စေ့မကြည့်ရဲ၍
ကျော်ရဲနှောင် မျက်နှာလွဲလိုက်သည်။
ကျော်ရဲနှောင် ရင်ထဲတွင် တစ်ဘဝစာ နာကြည်းစေမဲ့ သို့မဟုတ်
နှလုံးနုနုကို ချွန်မြနေတဲ့ ဓားနဲ့ ထိုးမဲ့ စကားလုံးတွေက အာခေါင်မှာတစ်နေသည်။
" ဘာပြောစရာရှိလို့လဲမောင်... မောင်ဘာဖြစ်နေတာလဲ....
နေမကောင်းဘူးလားမှန်းစမ်း... "
( ပြောရင်းကျော်ရဲနှောင် နဖူးကို ချောက လက်ဖြင့် အသာလေးစမ်းသက်လိုက်သည်)
" ဟင်... ကိုယ်လည်းမပါဘူး။ မောင်ဘာဖြစ်နေတာလဲပြောပါ
ချောရင်တွေပူလှပြီ "
မတီးမမြည်ဆိုသလို ပြောကိုပြောရမည်မို့ ရက်ရက်စက်စက်
လူသတ်ချင်နေသည့် စကားလုံးတွေက ကျော်ရဲနှောင် အာခေါင်မှာ
စစ်တိုက်ထွက်တော့မည့်အလား စိုင်းပြင်းနေကြသည်။
" မောင့်ကိုမေ့လိုက်ပါတော့...."
( စကားလုံးတွေက ကျော်ရဲနှောင် ပါးစပ်ကနေ အထစ်ထစ်ငေါ့ငေါ့
ထွက်သွားသည်)
" ရှင်....!!!! မောင်... မောင်အဲ့လိုကြီးမနောက်နဲ့ကွာ"
( ချောကစတယ်ထင်ပြီး ပြောလိုက့်ခြင်းဖြစ်သည်)
" မောင့်ကိုမေ့လိုက်ပါတော့၊ ဒါဟာ အိမ်မက်မဟုတ်ဘူး မောင်အတည်ပြောနေတာပါ၊ မောင့်မှာလက်ထက်ရမဲ့သူရှိတယ် "
" ဘာ... မောင်ဘာပြောတယ်၊ မောင့်မှာလက်ထက်ရမဲ့သူရှိတယ်
ဟုတ်လား၊ ဘာတွေဖြစ်ကုန်တာလဲမောင်ရယ်...၊ ချောနားလည်အောင် ပြောပြပါဦး။ ဟအင်း မပြောပြပါနဲ့ ဒါတကယ်မဟုတ်ဘူး ဟုတ်တယ်မလားဟင်မောင်... "
ကျော်ရဲနှောင် လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ရင်း တွေးရူးတွေးတန်းပြောနေသော ချောနှုတ်ခမ်းကို ကျော်ရဲနှောင် လက်နှင့် အသာလေးပိတ်ပြီး သနားကြင်နာသော မျှဝေခံစားပေးနိုင်သော မျက်လုံးတို့ဖြင့် စိုက်ကြည့်လိုက်သည်။ မဟုတ်ဖူး လူသတ်မဲ့ မျက်လုံးမျိုးပဲဖြစ်ပါလိမ့်မည်။
" မောင်အတည်ပြောနေတာပါ ချော၊ မောင့်မှာလက်ထက်ရမဲ့သူရှိတယ်၊ နှစ်ဖက်မိဘချင်း သဘောတူထားတာ၊ အဲ့ဒီမိန်းကလေးကို မောင်လက်ထပ်မှကိုရမယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီမိန်းခလေးရဲ့ မိဘတွေက မောင့်မိဘတွေရဲ့ကျေးဇူးရှင်မို့လို့ပဲ။ "
" အခုမှ ဘာလို့ဒါတွေကိုလာပြောနေတာလဲ မောင်...၊ ဒါကိုသိသိကြီးနဲ့ပဲ ချောကိုသက်သက်မဲ့ကစားခဲ့တာပေါ့လေ၊
မောင်အမြဲပြောပြောနေတဲ့ ချစ်တယ်ဆိုတဲ့ စကားတွေက ခနတာ သာယာဖို့ မောင်အသုံးချခဲ့တာပေါ့ ဟုတ်လားမောင်။
မောင်သိပ်ကိုရက်စက်တာပဲ၊ အသည်းနှလုံးမရှိတဲ့လူကြီး။
ချောမှာတော့လေ အိမ်ကပေးစားတဲ့သူနဲ့မယူနိုင်လို့ မောင်နှောက်ကို လိုက်ခဲ့မယ်ဆိုပြီး ဒီနေ့အိမ်ကနေထွက်လာတာ အခုတော့...
သတ္တိသိပ်ကြောင်တဲ့ မိန်းမလျာကိုမှ ချစ်သူတော်ထားရလေခြင်းဆိုတဲ့
နောင်တတစ်ခု ချောရဲ့ရင်ထဲမှက်ကျောက်တင်သွားပြီ....
ရှင့်ကို.... သိပ်... ရွံ... တယ်... "
ချောရဲ့စကားလုံးတွေက အားပါပါနဲ့ ရင်ကိုဓားနဲ့မွန်းလိုက်သလို
ကျော်ရဲနှောင် ခံစားလိုက်ရသည်။ အသက်ရှူတွေကျပ်လာသည်။ အလိုလိုကျလာသော မျက်ရည်တွေကို အတင်းခါထုပ်လိုက်သည်။
ချောရဲ့မျက်နှာတစ်ခုလုံးကတော့ မျက်ရည်တို့ဖြင့် ရွဲရွဲစိုလျှက်။
" ပြောလိုက်ပါချော... ဒီထက်ယုတ်ညံ့တဲ့ စကားတွေထက်ကို
မောင်ကထိုက်တန်သူပါ။ ပြီးရင် မောင်ကိုမုန်းပြီးမေ့လိုက်ပါတော့"
" ဟုတ်တယ်မုန်းတယ်... မုန်းတယ်၊ သိပ်ကိုမုန်းတယ်။
ရှင်ဟာလူစိတ်မရှိတဲ့ ခွေးသာသာပဲရှိတဲ့လူတစ်ယောက်။
အဲ့လိုလူနဲ့ စောစောစီးစီး လမ်းခွဲရတာဟာ ကျွန်မကို ဘုရားမတာပဲ၊
မဟုတ်ရင် ချောဘဝကြီးပျက်စီးတော့မလို့။ အခုလို ရှင့်ရဲ့သရုပ်မှန်ကို ဖော်ပြလိုက်တဲ့အတွက် ရှင့်ကိုကျေးဇူးတင်ပါတယ်။ ဒီနေ့ကစပြီး ရှင်နဲ့ကျွန်မပြက်ပြီ"
ပြီးပြီ.....၊ ဘာမှမရှိတော့ပေ။ အိမ်မက်တွေ၊ မျော်လင့်ချက်တွေ၊
ဒီကမ္ဘာမှာရှင်သန်ရခြင်းရဲ့အဓိပ္ပာယ်တွေ အားလုံးဟာ အခိုးငွေ့လို
လွင့်ပျောက်သွားခဲ့ပြီ။ အချစ်တွေဘယ်ရာက်သွားပြီလဲ.......။
ပကာသနတို့ ခိုးယူသွားခဲ့ကြပြီမဟုတ်လား။ အနားမှ
ပြေးထွက်သွားသော ချောရဲ့ကျောပြင်ကိုကြည့်ရင်း ကျော်ရဲနှောင် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်လိုက်ရင်း အနားက ကုက္ကိုပင်ကြီး ကို အဆက်မပြက် ထိုးနှပ်လေတော့သည်။
ယနေ့မတိုင်မှီ မနေ့ကဖြစ်သည်။ အဆောင်မှာသူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ကာ ဂစ်တာတီးပြီး သီချင်းဆိုနေတုန်း အဆောင်မူးရဲ့
မိမိနာမည် လှမ်းခေါ်လိုက်သံကြောင့် ဂစ်တာဝိုင်းလေးမှာ ပျက်ပြယ်
သွားခဲ့ရသည်။
" ကျော်ရဲနှောင်... ကျော်ရဲနှောင် "
" ဟုတ်ရှိပါတယ် အဆောင်မူး "
" အပြင်မှာ မင်းရဲ့ဧည့်သည်ရောက်နေတယ်။ "
ထူးထူးခြားခြား မိမိဧည့်သည်ရောက်နေသည်ဆို၍ ကျော်ရဲနှောင် အံ့ဩသွားရသည်။ အဖေနဲ့မေကတော့ မဖြစ်နိုင်။ လာမည်ဆို ဖုန်းကြိုဆက်မှာသေချာသည်။ အောင်ပင်လယ်က ဦးလေးများလား။
ဇေဝဇဝါ တွေးရင်း အဆောင်ပြင်ဘက်ကိုထွက်လာခဲ့သည်။
ပါကျဲဒိုး ကားအနက်တစ်စီးကိုတွေ့ရသည်။ ကျော်ရဲနှောင်ကိုတွေ့၍
လားမသိ ကားမှန်တံခါးကပွင့်လာသည်။ ခပ်ဝဝမျက်နှာနှင့် မျက်မှန်အနက်ကြီးတပ်ထားသော ကားပေါ်မှလူကြီးက စကားဆိုလေသည်။
" ကျော်ရဲနှောင် ဆိုတာမင်းလား "
" ဟုတ်ပါတယ် ကျွန်တော် ကျော်ရဲနှောင် ပါ "
" ဦးက ချောရဲ့အဖေပါ၊ သမီးကိစ္စ ပြောစရာရှိလို့ တစ်နေရာရာမှာ အေးအေးဆေးဆေး သွားပြောရအောင် "
"ချောရဲ့အဖေတဲ့၊ ပြီးတော့ ချောကိစ္စပြောစရာရှိလိုတဲ့ ချောဘာများဖြစ်လို့ပါလည်း ရုတ်တရက် ချောကို စိတ်ပူမိသွားသည်။
ဒီလူကြီး မျက်နှကျက ချောနဲ့ခပ်ဆင်ဆင်ပဲ။ လိမ်မှာတော့ မဟုတ်လောက်ပါဘူး။ ဘာပဲဖြစ်ဖြစ် လိုက်သွားကြည့်တာ မမှားပါဘူးလေ"ဆိုပြီး တွေးကာ ကျော်ရဲနှောင် ကားပေါ်တက်ပြီး နောက်ကလိုက်သွားသည်။ ကားပေါ်မှာ ချောအဖေက စကားတစ်ခွန်းမှ မပြောပေ။
ကြီးကြယ်ခမ်းနားသော စားသောက်ဆိုင်တစ်ဆိုင်ရှေ့တဠင် ကားရပ်လိုက်ပြီး၊ ချောအဖေကဆင်းကာ ဆိုင်ထဲကိုရှေ့ကဝင်သည်။
ကျော်ရဲနှောင် က အနောက်မှလိုက်ဝင်သည်။
လူရှင်းပြီး အေးအေးဆေးဆေးဖြစ်မဲ့နေရာကိုရွေးကာ ချောအဖေက ဝင်ထိုင်သည်။ ကျော်ရဲနှောင် ကလည်း မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်။ တအောင့်ကြာတော့ waiter
ကောင်လေးရောက်လာပြီး menu ချပေးသည်။
" ဦးကို ကပချီနို တစ်ခွက်ပေးပါ "
" ကျွန်တော့ကို စပါကလင် တစ်လုံးပေးပါ"
ကျော်ရဲနှောင် ကရိုရိုကျိုးကျိုးလေးပြောလိုက်သည်။ waiter ကောင်လေးက သူ့စာရွက်သေးသေးလေးပေါ် မှက်ကာ ပြန်လှည့်ထွက်သွားသည်။ ကျော်ရဲနှောင် ရင်ထဲအလို လိုလေးပင်နေသည်။ မိမိ၏ ယောက္ခထီးလောင်း ( ချစ်သူ၏ ဖခင်)
ရှေ့တွင်တော့ ယောက်ျားလေးတိုင်း မိမိလိုပဲ အနေခက်နေမလား ကျော်ရဲနှောင် တွေးမိသည်။ ယခုတော့ မိမိကလက်တွေ့။ ကိုယ်ကစပြီးစကားပြောရမလား၊ မဖြစ်သေးပေ ပြောစရာရှိသူက မိမိမှမဟုတ်ပဲ။ ထို့ကြောင့် ချောဖခင်၏ စကားကိုသာ နားထောင်ရန် အသင့်စောင့်နေလိုက်သည်။ သိပ်မကြာပေ ချော၏ဖခင်က စကားစလေသည်။
" သမီးနဲ့ချစ်သူဖြစ်နေတာဘယ်လောက်ကြာပြီလဲ "
" ၁ နှစ်ရှိပါပြီခဗျ "
" ဦးရဲ့သမီးကို သားမက်မက်မယားမက်မက် ပေါင်းဖို့ရော
စိတ်ကူးရှိရဲ့လား "
" ဟုတ်ရှိပါတယ်၊ ချောကိုစပြီးချစ်ခဲ့ကတည်းက တစ်ဘဝစာ
ရည်ရွယ်ပြီးချစ်ခဲ့တာပါ။ ပြီးတော့...။ "
ကျော်ရဲနှောင် ဆက်ပြီးပြောမယ်အလုပ်၊ ချော၏ဖခင်က လက်ကာ၍
" ရပြီ"ဟုတားလိုက်သည်။ ထို့နောက် ချော၏ဖခင်က တည်ကြည်သော မျက်နှာဖြင့် လေးလေးနက်နက် စကားဆိုလေသည်။
" မင်းမိဘတွေက ဘာလုပ်လဲ "
" အဖေက အစိုးရဝန်ထမ်း၊ အမေက အိမ်မှာရှမ်းခေါက်ဆွဲရောင်းပါတယ်"
" ဦးသမီးကို ယူပြီးရင် မင်းကဘာလုပ်ကျွေးမှာလဲ၊ ဟိုတယ်ဝန်ထမ်းလုပ်ပြီး၊ ဦးသမီးကို အနေဆင်းရဲ၊ အစားဆင်းရဲ ဘဝမျိုးကိုရောက်စေချင်လို့လား။
ဦးမှာ သမီးအတွက် မျော်လင့်ချက်တွေအများကြီးရှိတယ်။ သမီးရဲ့ဘဝလေး လောကအလယ်မှာ တင့်တယ်စွာရပ်တည်နိုင်ဖို့၊
တသက်လုံး အေးအေးချမ်းချမ်းနေနိုင်ဖို့ ဦးစဉ်းစားထားတယ်။
ဒီတော့ ဦးသမီးကို အဲ့ဒီလိုဘဝမျိုးဖြစ်အောင်လုပ်ပေးနိုင်တဲ့ ဦးနဲ့စီးပွားဘက်ဖြစ်တဲ့ ဦးကျော်မောင်ရဲ့သားနဲ့ပေးစားဖို့ လူကြီးချင်း
သဘောတူထားကြတယ်။ ဒါပေမဲ့ သမီးက အတင်းငြင်းနေတယ်။
ဒါကလည်း မင်းကြောင့်ပဲဖြစ်ပါလိမ့်မယ်။ ဆိုတော့ကား ဦးရဲ့သမီးက အတွေ့ကြုံမရှိလို ဆင်းရဲတွင်းထဲကို ခုန်ချရဲတယ်ပဲထား၊ ဦးရဲ့သမီးကို သိပ်ချစ်ပါတယ်ဆိုတဲ့ မင်းကရော ဆင်းရဲတွင်းထဲကို ဆွဲခေါ်ရက်သလား၊ ဦးရဲ့သမီး ရွှေပုံပေါ်ပျော်နေတာကို မမြင်ချင်ဘူးလား။ အခု ဦးပြောတာတွေကို ဒီက မောင်ကျော်ရဲနှောင်
သဘောပေါက်လိမ့်မယ်လို့ ဦးထင်ပါတယ်။ ဒီတော့မင်းဘာလုပ်သင့်သလဲ မင်းကိုယ်မင်းသိမှာပါ။ "
လူကြီးလူကောင်းဆန်ဆန်၊ အကျိုးသင့်အကြောင်းသင့်ရှိလှသော ချောဖခင်၏ စကားကို ကျော်ရဲနှောင် ပြန်ချေပနိုင်စွမ်းမရှိတော့ပါ။
စွံ့အနေသူတစ်ယောက်လိုငြိမ်နေမိသည်။ ရင်ထဲတွင်တော့ အမည်မသိသော စကားလုံးတွေက ကစဉ်လကလျား ဖြစ်နေကြသည်။ မချေပဲနဲ့ ကြွေမွသွားခဲ့သော နှလုံးသားက ကသက်မရှိတော့။ လူသေကြီးလို ငိုင်ငိုင်ကြီး ထိုင်နေမိတော့သည်။
သို့ပေမဲ့ ဒီနေ့ချော၏ဖင်နဲ့ တွေ့ခဲ့တာကိုတော့ တသက်လုံး ဘယ်သူ့ကိုမှမပြောဖို့ သူဆုံးဖြတ်လိုက်သည်။ ဆုံးဖြတ်ချက်အမှားဆိုလျှင် ကြုံလာသမျှအပြစ်ဒဏ်ကို သူခံယူဖို့အသင့်ပင်ဖြစ်သည်။
အဖြစ်ပျက်တွေက မနေ့တနေ့ကလိုမျိုး ကျော်ရဲနှောင် ၏အာရုံထဲတွင် ရေးရေးလေးဖြတ်သန်းသွားခဲ့ခြင်းဖြစ်သည်။ အတိတ်က အကြောင်းတွေကို ပြန်စဉ်းစားမိလိုက်၍ ကျော်ရဲနှောင် ရင်ထဲအမှတ်တမဲ့ စူးနစ်သွားလိုခံစားလိုက်ရသည်။ မေ့နိုင်သူတွေက မေ့သွားကြပေမဲ့ မမေ့နိုင်သူတွေကတော့ မိမိလိုပဲခံစားကြရလိမ့်ထင်သည်။ လွန်ခဲ့သော တစ်နှစ်ကျော်က အဖြစ်ပျက်တွေက ကျော်ရဲနှောင် ကိုလိုက်လံခြောက်လှန့်နေကြသည်။ ပိုဆိုးတာက ခုလိုမျိုး ချောနဲ့မိမိတို့ရဲ့အမှတ်တရတွေ လွမ်းခြုံထားသော မန္တလေးတောင်ပေါ်တွင်တော့ ချောကို သတိမရပဲ ဘယ်နေနိုင်ပါ့မလဲ။ ချောရေ... မင်းဘဝလေး အမြဲလှပနေပါစေကွာ။
မည်မျှကြာအောင် တွေးရေယဉ်ထဲမျှောနေမိသည်မသိ။ နေပင်အတော်စောင်းနေပြီဖြစ်သည်။ ဦးလေးက ကျန်းမာရေး သိပ်ကောင်းသေးသည်မဟုတ်၊ တော်ကြာမိမိအတွက်စိတ်ပူနေလိမ့်မည်။ ထိုသို့စဉ်းစားလိုက်ပြီး
ပြန်တော့မည်မို့ မန္တလေးတောင်ကြီးကို နှုတ်ဆက်လိုက်သည်။
" မန္တလေးတောင်ကြီးရေ... ကျွန်တော်နဲ့ချောအတွက် ပျော်ရွှင်မှုတွေပေးခဲ့တာ တဒင်္ဂလေးဆိုပေမဲ့ အမြဲတမ်း ဒီပျော်ရွှင်မှုတွေကို ကျွန်တော့ရင်ထဲမှာသိမ်းဆည်းသွားမှာပါ "
ဤကဲ့သို့ နှုတ်ဆက်လိုက်ပြီး ပြန်ဖို့ချေလှမ်းပြင်လိုက်စဉ်မှာပဲ...
" မောင်... "
အသံက သူသိပ်ပြီးရင်းနှီးသောအသံ၊ အို... သူအရမ်းချစ်ခဲ့ရသော ချော၏အသံပဲ၊ ရုတ်တရက် နှလုံးတစ်ချက် စောင့်ခုန်တက်သွားသည်။
ထို့နောက်အသံရှင်ကို လှည့်ကြည့်လိုက်သည်။
ချောရဲ့ဆံနွယ်တွေက အရင်လို ဖြောင့်စင်းပြီး လေပြေအဝှေ့မှာ ပျံဝဲနေဆဲ ၊ ချွန်မြနေတဲ့ သူ့ရဲ့နှာတံလေးက အရင်လို ချစ်ဖို့ကောင်းဆဲ ၊ လူမြင်ရင် ဆီးကြိုတက်တဲ့ သူ့အပြုံးချိုချိုလေးကရော အရင်လို နွေးထွေးဆဲ၊ စူးရှပြီး ထင်ထင်ရှားရှား ရှိခဲ့တဲ့ သူမမျက်ဝန်းတွေကရော အရင်လို စွဲမက်ဖွယ်ကောင်းဆဲ၊ ထက်မြက်ပြီး ချစ်စရာကလေးငယ်လို သူမရဲ့ ဟန်ပန်တွေကရော
အရင်လို မြူးကြွနေဆဲပင်ဖြစ်သည်။
" ချော... ဘယ်လိုလုပ်ပြီး... "
" မောင့်ဆီကိုလိုက်လာတာလေ...၊ ပြေးတဲ့သူကပြေးပေမဲ့
လိုက်ရှာတဲ့သူကလည်း ရှာရတာပေါ့။ "
" ချော အမျိုးသားကော မပါဘူးလား "
" ရှင်... ချောမှာ ယောက်ျားလေးနဲ့ပက်သက်တာဆိုလို့ မောင်တစ်ယောက်ပဲရှိတာကို"
" မောင်နားမလည်တော့ဘူးချောရယ်... မောင်နားလည်အောင်
ရှင်းပြပါဦး။ "
ဒီလိုမောင်ရဲ့ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ဖေဖေက ချောကို သူဌေးသားတစ်ယောက်နဲ့ အတင်းပေးစားတယ်။ တစ်ညတော့ အဲ့ဒီသူဌေးသားကို မယူနိုင်ဘူးဆိုပြီး အိပ်ဆေးတွေအများကြီးသောက်ပြီး ကိုယ့်ကိုသက်သေဖို့ကြိုးစားခဲ့တယ်။ အိမ်က အကူ ဒေါ်အေးပြုံးက အတွေ့မြန်ခဲ့လို့ ချောမသေခဲ့ဘူး။ ဆေးရုံးတစ်ပက်လောက်တက်လိုက်ရတယ်။ ချောအဲ့ဒီလိုလုပ်လိုက်တော့ အဖေတုန်လှုပ်သွားတယ်။ ပြီးတော့အဖေကမေးတယ်။ " သမီးဘာလို့ဒီလိုလုပ်တာလဲတဲ့ "
ချောကလည်း သမီးချစ်သူက သမီးကိုထားခဲ့တယ်။ သမီးသေမတက်အောင်ခံစားနေရတဲ့ကြားက မချစ်မနှစ်သက်တဲ့လူနဲ့ လက်ထပ်ရမယ်ဆိုတော့ သမီးဘယ်လိုမှမခံစားနိုင်လို့ လုပ်မိတာပါလို့ပြောလိုက်တာ။ အဲ့ဒီတော့ ဖေဖေက" သမီးက ဖေ့ဖေ့အသက်ပဲ သမီးမရှိရင်ဖေ့ဖေ့ ဘဝလည်းရှိမှာမဟုတ်ဘူး။ အဲ့တော့ သမီးဆန္ဒမပါပဲ အဖေအတင်းကြပ်မလုပ်တော့ဘူး "
ဆိုပြီး မင်္ဂလာပွဲကိုဖျက်လိုက်တယ်။ ပြီးတော့ ဖေဖေကပြောတယ်
" သမီးချစ်သူကောင်လေးက သမီးကို အရမ်းချစ်တယ်ဆိုတာအဖေသိလိုက်ပါပြီ၊ လွန်ခဲ့တဲ့တစ်ပက်က သမီးမသိအောင် ဖေဖေသူနဲ့တွေ့ပြီး သမီးနဲ့လမ်းခွဲပေးဖို့ ဖေဖေသွားပြောခဲ့တယ်။ ဖေ့ဖေ့အမှားတွေပါ၊ တော်သေးတာပေါ့
သမီးကို ဆုံးရှူံးရတော့မလို့။ "ဆိုပြီး ချောကိုရှင်းပြတယ်။ အဲ့ဒီတော့မှ မောင်ဘာလို့ ချောကိုထားခဲ့လည်းဆိုတာ ချောသိခဲ့ရတယ်။
မောင့်ဆီသွားချင်တယ်လို့ပြောတော့ ဖေဖေက "သမီးက သူ့အတွက် အသက်ပေးပြီးတောင်ချစ်ခဲ့တာ၊ သူ့ရဲ့အချစ်ကရော ဘယ်လောက်ထိ ကြာရှည်ခံမလဲ ဖေဖေ စမ်းကြည့်ချင်တယ်။
ဒီတော့သမီးကလည်း စင်ကာပူ ကဖေ့ဖေ့ရဲ့ကုမ္မဏီမှာ အလုပ်သွားသင်ရမယ်။ ဘာလို့ဒီလိုလုပ်ခိုင်းတာလဲဆိုတော့ သမီးတကယ်လို့တစ်နှစ်ပြည့်ရင် မြန်မာပြည်ပြန်လာ။ အဲ့ဒီခါကျရင် ကျော်ရဲနှောင် ကသမီးကလွဲပြီး ဘယ်မိန်းခလေးကိုမှ မချစ်သေးဘူးဆိုရင် သူနဲ့သမီးကို ပေးစားပြီး စင်ကာပူ က ဖေ့ဖေ့
ကုမ္မဏီကို ဦးစီးပြီးလုပ်ကိုင်ကြပေါ့။ ဘယ်လိုလဲ ဖေဖေဆုံးဖြတ်တာမှန်ရဲ့လား။ ဖေဖေပြောတာလည်း အမှန်တွေပဲမို့
ချောလက်ခံလိုက်ရတာပါ။ "
" အဖြစ်ပျက်တွေကတော့ဒါပဲမောင်ရေ... ကဲ မောင်ပြောတော့
မောင်မှာ ချစ်သူအသစ်ရနေပြီလား "
အပျော်လုံးစို့သွားသော ကျော်ရဲနှောင် အင်းတစ်လုံးသာဖြေနိုင်တော့သည်။
" အင်း "
"ဘာ!!! "
" ဟုတ်တယ် မောင့်မှ ချစ်သူအသစ်ရနေပြီ "
" မောင်ရယ် မောင်အဲ့ဒီလောက် အပြောင်းလဲမြန်လိမ့်မယ်လို့
ချောမထင်ခဲ့မိဘူး၊ ချောမှာတော့ စင်ကာပူမှာ မောင်နဲ့နီးဖို့ အ လုပ်တွေ ကြိုးစားခဲ့ရတာ။ အမြဲတမ်းလည်း သတိရခဲ့တာ။
အခုတော့... ချောသေတာပဲကောင်းတယ် "
ပြောဆိုဆိုနဲ့ ချောက်ကမ်းပါးနားကို ချောကသွားမို့ပြင်လိုက်တာမို့
ကျော်ရဲနှောင် လက်ကိုလှမ်းဆွဲပြီး ရင်ခွင်ထဲကို ဆွဲသွင်းလိုက်သည်။
" ချော မောင့်ကို အသက်ပေးပြီးချစ်တယ်ဆိုတာ
မောင်ယုံပြီးသားပါ၊ မောင်ချစ်သူအသစ်ဆိုတာ
ဘယ်သူလည်း ချောမသိချင်ဘူးလား။
သူ့နည်မည်က ခင်ချောစုတဲ့ မောင်ကတော့သူ့ကို ချော လို့ပဲ
ခေါ်တယ်။ သူကမောင်ရ့င်ထဲမှာအမြဲတမ်းသစ်နေမဲ့ ချစ်သူပါကွာ"
ကျော်ရဲနှောင်၏ ရင်ခွင်ထဲမှာငြိမ်ပြီးနားထောင်နေသော ချောက ရုန်းကာ ကျော်ရဲနှောင် ၏ ရင်ဘက်ကို အတင်းထုလေတော့သည်။
" မောင်အရမ်းဆိုးတာပဲ "
ချောကပြောရင်း ကျော်ရဲနှောင် ရင်ခွင်ထဲကို ခလေးလေးတစ်ယောက်လို
အတင်းတိုးဝင်တော့သည်။ ကျော်ရဲနှောင် ကလည်း တင်းတင်းကျပ်ကျပ်ပြန်ပြီး ဖက်လိုက်ရင်း....
တကယ်ဆို မောင်က သီချင်းတစ်ပုဒ်ကို ကီးအမှားတွေနဲ့
တီး ခက်မိသူပါချောရေ...
အခုတော့ ချောရဲ့အချစ်တွေကြာင့် အဲ့ဒီသီချင်းကို မောင်ကီးအမှန်နဲ့ လှပစွာ
တီးခက်နိုင်ခဲ့ပါပြီ...
ပြီးပါပြီ
ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်
Photos >>Pexels
ကိုကိုမိုးဟိန်း
သစ်အယ်သီး
Author - KoKoMoeHein @myanmarkoko
ဖြစ်ရပ်မှန်ဆို ကျော်ရဲနောင် အရမ်းကံကောင်းတာပေါ့
ဟုတ် တကယ်ကို ကံကောင်းမှာပေါ့ဗျာ
ကျော်ရဲနောင်တစ်ယောက် ကီးမှန်ကန်စွာနဲ့ ဆက်လက် အောင်မြင်ပါစေဗျာ
ဟုတ် ပေးတဲ့ဆုနဲု့ပြည့်ပါစေဗျာ
ကျော်ရဲနောင်ဆိုးတော့မှာပေါ့😁😁😁
အဲ့လိုသဘောမျိုးပဲဗျဲ😀😀😀
ကီးအမှန်နဲ့ ဆက်တီးခတ်ပါဦးဗျာ
ဟုတ် ဆက်ကြိုးစားလျှက်ပါ ကိုစောရေ
နောက်ထပ် ဇာတ်လမ်းအသစ်ကလေးတွေ မျှော်နေမယ်ဗျို့။
ဟုတ် ကြိုးစားရေးသွားပါ့မယ် ကိုထွေးရေ
ခုတော့ပြီးသွားရှာပြီ
ပြီးပါပြီဗျာ
အောက်ဆုံးပုံကဗျူး လှတယ် ဘယ်နားမှာလဲ
ပုန်းတလုတ်ကန်ပါဗျ ပင်းတယလှိုင်ဂူနားက ဓနုဘက်မှာပါ
နောက်ဆုံးတော့ ကီးအမှန်တီးခဲ့နိုင်ပြီပေါ့
ဟုတ်ပအကိုရေ ကီးဆက်မမှားတော့ပါဘူး
postတ်ခုလုံးကိုမဖတ်ပေးနိုင်လို့တောင်းပန်ပါတယ်ဗျ ကျွန်တော်တို့ရုံးမှာမကွေးတိုင်းအတွက်တစ်တိုင်းလုံးအစည်းအဝေးရှိနေတဲ့အတွက်ခွင့်လွှတ်ပေးပါဗျ sundayမှာ postအားလုံးကို ဖတ်ဖြစ်အောင်ဖတ်ပေးပါမယ်ဗျ
ဟုတ် ကျေးဇူးပါဗျ
စာအရေးအသားကတော့ ရသပေါင်းမြောက်မြားစွာနဲ့ ပြည့်နေပြီညီရေ။
လွမ်းဆွေးမှု နဲ့ကြည်နူးရမှုတွေကိုပေးနိုင်တဲ့အပြင်
ချစ်သူနှစ်ဦးရဲ့သစ္စာရှိမှုတွေကိုပါအထင်းသားမြင်ရတယ်ဗျာ။
နောက်ထပ်ရသတစ်ခုပေးတာရှိသေးတယ်ညီရေ
ရယ်ရွှင်ရတဲ့ရသပဲ😂😂😂
အဲ့ဒါဘယ်ကနေရတဲ့ ရသလည်းဆိုရင် စာလုံးပေါင်းကျန်နေရာကနေ ရတာပဲညီရေ😂😂😂
ဟုတ် ခုလိုမျိုး အားပေးစကားတွေအများကြီးရေးပေးတော့ နောက်ထပ်ဆက်ရေးဖို့ ခွန်အားတွေအများကြီးရပါတယ်...
ဟုတ် ရယ်လိုက်ရတယ်ဆိုလို့ ဝမ်းသာမိပါတယ် ရသတွေမျိုးစုံကို
ပေးချင်တာဗျ... 😂😂😂