တကယ်​လို့သာ ( ၁ )

in #myanmar7 years ago (edited)

image
နဖူးမှကျလာ​သော ​ချွေး​ပေါက်​တို့ကို ခါးမှာ
ဝတ်​ထား​သောပုဆိုးဖြင့်​ ကိုဝင်း​မောင်
ခပ်​ကြမ်းကြမ်းသုတ်​ပစ်​လိုက်​သည်​ ....

အ​ပေါ်ကို​မော့ကြည့်​လိုက်​​တော့ စူးစူးရဲရဲ 
နေ​ရောင်​​ကြောင့်​ မျက်​လုံးတို့ ပြာ​ဝေသွားကာ 
ခေါင်းကိုချက်​ခြင်း ပြန်​ငုံ့လိုက်​မိသည်​ ....
အာ​ခေါင်​ထဲတွင်​လည်း ​ခြောက်​​သွေ့ကာ 
ရေတစ်​ခွက်​​လောက်​ အငမ်းမရ 
သောက်​ချင်​​နေပြီ ........
ခန္ဓာကိုယ်​ တစ်​ခုလုံးလည်း
ကိုင်​ရိုက်​ထားသလို နာကျင်​လွန်းလှပြီ ...
ကိုယ်​ခန္ဓာ ပင်​ပန်းမှု​တွေထက်
စိတ်​ဆင်းရဲမှုက လူကိုတနုံ့နုံ့နဲ့
သတ်​​နေသလို ....

နေပူရင်​ အိမ်​​ခေါင်းရင်းက
မကျည်းပင်​ရိပ်​မှာထိုင်​ ...
ရေဆာရင်​ ​အိမ်​ကရေအိုးစင်​စိုစို​လေးက
ရေ​အေး​အေး​လေးသောက်​တာကို
သတိရမိသည်​ ..
သားကိုအလွန်​ချစ်​​သော
အ​ဖေနဲ့အ​မေ
ဗိုက်​ဆာရင်​ ထမင်းပွဲ​ရှေ့​ရောက်​ပြင်​​ပေး​သော
ဇနီးသည်​ကိုလည်းသတိရမိသည်​ ...
နောက်​ပြီး သမီး​လေး ... ဖ​အေကို
တီတီတာတာနှင့်​ ကိုဝင်း​မောင်​သွား​လေရာ
ပါတတ်​​သော အရမ်းချစ်​ရ​သော သမီး​လေး ...

သူတို့​တွေ ဘယ်​လို​နေကြမလဲ ....
အဆင်​​ရော​ပြေကြပါ့မလား ....
ခုချိန်​ဘာ​တွေလုပ်​​နေကြမလဲ ....
တကယ်​လို့သာ ...
အချိန်​​တွေ​နောက်​ပြန်​ဆုတ်​လို့ရရင်
တကယ်​လို့သာ ...
အဲ့ဒီ​နေ့က အဖြစ်​ပျက်​​တွေမဖြစ်​ခဲ့ရင်​ ...
တွေး​ရင်း ​တွေးရင်း ​ဘေးနားဆီမှ သံတူနှင့်​ 
ကျောက်​ခဲ ထိခတ်​ရာမှ ထွက်​​ပေါ်လာ​သော
အသံတို့ကို မကြားတစ်​ချက်
ကြားတစ်​ချက်​ဖြင့်​ သူ့အ​တွေးတို့က
မ​ဝေးလှ​သော အတိတ်​ကာလ တစ်​ခုဆီသို့
တဖြည်းဖြည်း .... တဖြည်းဖြည်း .....

ကျွန်းစုရွာ ... ... ...

ကိုဝင်း​မောင်​ရဲ့ ဇာတိချက်​​ကြွေ ​မွေးရပ်​​မြေရွာ​လေး .... နာမည်​ကသာ
ကျွန်းစုရွာဟုဆို​သော်​လည်း ဘုရားစူး
ကျွန်းပင်​တစ်​ပင်​မှ မရှိ​သောရွာ​ ... 
ရှေးလူကြီး​တွေ ​ပြောတာကြားဖူးတာ​တော့ ဟိုတုန်းကလူ​တွေ ရွာတည်​ဖို့ 
နေရာလိုက်​ရှာ​ရင်း
ကျွန်းပင်​စုစု​လေးရှိတဲ့​နေရာ
ရွာလယ်​ထားပြီးတည်​လိုက်​ကြတယ်​ ..
အဲ့ဒါကို အစွဲပြု ပြီး မှည့်​လိုက်​ကြတာလို့
ပြောသံကြားဖူးသည်​ ....
image
ရွာရဲ့​မြေအ​နေအထားအရ
လယ်​စိုက်​ (စပါးစိုက်​​) ​သော​တောင်​သူမရှိ ..
ယာကွက်​များတွင်​ သရက်​စိုက်​သူစိုက်​ ၊
မာလကာ ချသူချ ၊ ဖရဲချိန်​ဖရဲ ... ခရမ်းချဉ်​သီးချိန်​ ခရမ်းချဉ်​ စသည်​ဖြင့်​ စိုက်​ပျိုးကာ
ရွာနှင့်​ မိုင်​ (၃၀) ​လောက်​​ဝေး​သော
မြို့သာမြို့​ပေါ်သို့ ​သွား​ရောက်​​ရောင်းချ
ကြခြင်းကပင်​ ရွာ၏ မိရိုးဖလာနှင့်
အဓိကလုပ်​ကိုင်​ကြ​သော
စီးပွား​ရေးဖြစ်​သည်​ .....
image
ကျွန်းစု နှင့်​ မြို့သာ သည်​ တိုက်​ရိုက်​​ရောက်​​သည်​​တော့ မဟုတ်​​ပေ...
ကျွန်းစုမှထွက်​​သောသီးနှံများကို
ရွာမှလှည်းများဖြင့်​တင်​ပြီး ကားလမ်း​ပေါက်​​သော မြိုင်​ကြီးကိုပို့ရသည်​ ... ထိုမှ ကားဖြင့်
့်​မြို့သာသို့ တင်​ပို့ကာ
ရောင်းချကြခြင်းဖြစ်​သည်​ .....
အပြန်​ဆိုရင်​လည်း မြို့သာမှ
မြိုင်​ကြီးထိကားနဲ့ပြန်​ .....
မြိုင်​ကြီးကနေမှ ကျွန်းစုကို
မိမိတို့လှည်းများဖြင့်​ပြန်​လာရခြင်းဖြစ်​သည်​။
image

ထိုသို့​သော​မိရိုးဖလာ ​တောင်​သူလုပ်​ငန်းကို လုပ်​ကိုင်​ရင်း ပိုမို​ကောင်းမွန်​​သော
ပိုမိုခိုင်​မာ​သော စီပွား​ရေးကိုချဲ့ထွင်​ချင်​သူက
ကိုဝင်း​မောင်​ ...
ကျွန်းစုရွာရဲ့ ​တောင်​သူ​တွေ သွား​ရေးလာ​ရေးအခက်​အခဲကို ​ပြေလည်​​စေချင်​သူက
ကိုဝင်း​မောင်​ ....
အခြား​ဘေးရွာ​တွေနဲ့ယှဉ်​ရင်​ ကျွန်းစုရွာကိုပိုမို​ခေတ်​မှီ​စေချင်​ပြီး အမြဲကြံဆ​နေသူက
ကိုဝင်း​မောင်​ ....

ကိုဝင်း​မောင်​သည်​ တစ်​ဦးတည်း​သောသား ..
လူရည်​လည်​သည်​ .. အ​ပေါင်းသင်းဆန့်​သည်
လောင်းကစားမလုပ် .. အဲ ..
တစ်​ခါတ​လေ​တော့ နည်းနည်းပါးပါး
သောက်​တတ်​သည်​ .. အလုပ်​ကြိုးစားသည်​..
မိဘကို စိတ်​ချမ်းသာ​အောင်​ထားသည်​ ..
ကိုဝင်း​မောင်​၏မိဘများက ရွာမှာ
အ​တော်​အသင့်​ ​သောင်​သာသူများဖြစ်​သည်​ ..
image
ကိုဝင်း​မောင်​ နဲ့ မရင်​မြ အိမ်​​ထောင်​ကျ​တော့
သူ့အိမ်​မှာပင်​ မရင်​မြကို​ခေါ်ထားသည်​ ..
ဖ​အေနှင့်​မ​အေကို ပစ်​မထားရက်​ ...
မရင်​မြကလည်း ဇနီး​ကောင်း ​ချွေးမ​ကောင်းပီသသည်​ ... လို​လေ​သေးမရှိ
ယောက်ျားအ​ပေါ် ​ယောက်​ခမ​တွေအ​ပေါ်
ကောင်းရှာသည်​..
ကိုယ့်​မိဘ​တွေအ​ပေါ် အလိုက်​သိပြန်​​တော့
ချစ်​ဇနီး​လေးကို ကိုဝင်း​မောင်
တိုး၍အချစ်​ပိုမိပြန်​သည်​ .....
မရင်​မြ မိဘများက ဆင်းလည်းမဆင်းရဲ ...
ချမ်းသာသည်​လို့လည်းမဆိုသာ ..
မရှိမရှားလို့​ပြောရမည်​ထင်​သည်​ ...
မောင်​နှမ ၂ ​ယောက်​တွင်​ မရင်​မြက ​အကြီး..
ဒီလိုနဲ့ ....
ကိုဝင်း​မောင်​တို့ အိမ်​​ထောင်​ကျတာ
သူတို့ရွာစကားအရ မန်​ကျည်းရွက်
သုံးခါနုပင်​ရှိခဲ့ပြီ ... (၃နှစ်​ကိုဆိုလိုခြင်း)

လင်​မယားနှစ်​​ယောက်
ဒိုးတူ​ဘောင်​ဘက်​လုပ်​ကိုင်​ကြရင်း
ငွေပို​ငွေလျှံ​လေး အ​တော်​သင့်​စုမိသလို
တအိမ်​လုံးက အချစ်​​တွေစု​နေ၍
"ချစ်​စု" ဟု​ခေါ်​သောသမီး​လေးပင်
အခါလယ်​ ​ကျော်​ခဲ့ပြီ .....

သမီး​လေးရလာ​တော့
က​လေး​နောင်​​ရေးအတွက်
ကိုဝင်း​မောင်​ ပိုကြိုးစားရ​တော့သည်​ ...
သူစု​ဆောင်းထား​သော​​ ​ငွေအချို့နဲ့
မိဘများကလည်းအနည်းငယ်​စိုက်​ထုတ်​ကာ
ကိုဝင်း​မောင်​ သူ့အိပ်​မက်​ကို
အ​ကောင်​အထည်​​ဖော်​​တော့သည်​ ...

( အပိုင်း ၂ ကိုဆက်​လက်​အား​ပေးပါအုံးဗျာ)
သည်းခံဖတ်​ရှု​ပေးတဲ့အတွက်​ ​ကျေးဇူးပါဗျ ..

Photo Credit - Google Image
Written by @myanmarpyithar
MSC - 103

Sort:  

ဖတ်လို့ကောင်းပါတယ်ဗျာ

ကျေးဇူးပါဗျ ကြိုးစား​နေပါတယ်​ဗျ

ကျေးဇူးပါဗျ

ကျေးဇူးပါဗျ

အရေးအသားတွေကောင်းပါတယ်...
လာမဲ့အခန်းဆက်တွေလည်း မျှော်နေပါတယ်

ကျေးဇူးဗျ အားရှိသွားပြီ

ကြိုးစားပါ့လေ…လူဖြစ်ပီပေါ့ဗျာ…

ကြိုးစားမှုရဲ့ ရလဒ်​​တွေပါ
😀😀😀😀

ဆက်တင်ပါဗျ

ဟုတ်​ တင်​မယ်​ဗျ ​ကျေးဇူးပါဗျ

ကျေးဇူးဗျာ

ကောင်းတယ်ဆရာ နောက်အပိုင်းမျှော်နေမယ်ဗျ

အားရှိတယ်​ဗျာ တင်​မှာပါဗျ

အပိုင်း ၂ မျှော်နေမယ်ဗျာ

ဆက်​ဆက်​အား​ပေး​နော်