အာရုံစူးစိုက်မှုရှိခြင်း အတွေးရသ
အာရုံစူးစိုက်မှု ( FOCUS = Follow One Course Until Successful ) ဟူသောစကားလုံးသည်လမ်းကြောင်း တစ်ခု ကို အောင်မြင်သည့်တိုင်အောင် လျှောက်လှမ်းပါ ဆိုသောအဓိပ္ပါယ်ကို ဆိုလိုတာ ဖြစ်ပါတယ်။
အလက်ဇန်းဒါး ဂရေဟမ် ဘဲလ် ပြောခဲ့တဲ့ အဆိုအမိန့် တစ်ခု ကိုသွားသတိရတယ်။`` သင့်ရဲ့ အတွေးများ အားလုံးကို လက်ရှိအလုပ် အပေါ်မှာ စုစည်းထားပါ။
နေ ရောင်ခြည် ဟာ ဆုံမှတ် တစ်ခု အပေါ်ကို စုစည်းကျရောက်မှု မရှိခင်အချိန်မှာ လောင်ကျွမ်းစေနိုင်ခြင်း မရှိပါဘူး။´´ လို့ ပြောခဲ့တာပါ။ အာရုံစူးစိုက်မှု ဟာ စွမ်းအားတို့ရဲ့ လျှို့ဝှက်ချက် တစ်ခုလည်း ဖြစ်ပါတယ်။
ဗုဒ္ဓစာပေမှာ ဖော်ပြထားတဲ့ အဖြစ်အပျက် တစ်ခုကို တွေးမိပါတယ်။ ဘုရားရှင်ရဲ့ တရားပွဲရှိရာ နေရာကို ပဋာစာရီ လို့ အမည်ရပြီး သွပ်သွပ်ခါ ရူးနေတဲ့ အမျိုးသမီးတစ်ဦးရောက်ရှိလာပါတယ်။
သူ့ရဲ့ ဆွေမျိုးညာတိတွေ သူ့ ရှေ့မှောက်မှာပဲပျက်စီးဆုံးပါးသွားရတဲ့ အတွက် ဖြေမဆည်နိုင်တော့ပဲသွပ်သွပ်ခါရူးသွပ်သွားခဲ့ရပါ
တယ်။
ဘုရား ရှင် ရှေ့မှောက်ရောက်ချိန်မှာတော့ ဘုရားရှင်ဟာ စင်္ကြာဝဠာ အနန္တအပေါ်မှာ ဖြန့်ကျက်ထားတဲ့ မေတ္တာတော် ကို သူမထံသို့ စုစည်းလွှမ်းခြုံလိုက်ပြီး `` ချစ်သမီး ´´ အစရှိသဖြင့် ခေါ်ဆို တော်မူလိုက်သည်နှင့် သူမဟာ လူ ကောင်း ပကတိအဖြစ်ရောက်ရှိသွားပြီးသတိပြန်လည်ကပ်
ဆောင်နိုင်ပါတော့တယ်။
အာရုံစူးစိုက်မှု အကြောင်းတွေးမိတဲ့အခါ ငယ်စဉ်ကလေးဘဝက စာသင်ခန်းထဲ ကစားလေ့ရှိတဲ့ ကစား နည်းတစ်မျိုးကို စိတ်ထဲတွေးမိပါတယ်။
စာရွက်တစ်ခုအောက်မှာ ဒင်္ဂါးပြားစေ့ကို ထားပြီး အဲဒီစာမျက်နှာအပေါ် မှ ခဲတံနှင့် ရေးခြစ်လိုက်တဲ့အခါ စာမျက်နှာပေါ်မှာ ဒင်္ဂါးစေ့ ပုံသဏ္ဍန်ဟာ ခပ်ရေးရေး ပေါ်လာပါတယ်။
စာရွက် အောက်မှ ဒင်္ဂါးပြားစေ့ ဟာ ကျွန်တော်တို့ မသိမြင်ရသေးတဲ့ အကြောင်းအရာများကို ကိုယ်စားပြုပြီး ခဲတံနဲ့ ရေးခြစ်တာကတော့ အာရုံစူးစိုက်မှု ဖြစ်စဉ်ကို ကိုယ်စားပြုပါတယ်။
စာရွက်ပေါ်မှ ဒင်္ဂါးပြားစေ့ ပုံရိပ်ကတော့ ကျွန်တော်တို့ အားစိုက်ထုတ်မှု ရလာဒ်အဖြစ် ကျွန်တော်တို့ သိမြင်နားလည် လာမဲ့ အကြောင်းအရာများအဖြစ် မှတ်ယူရမှာ ဖြစ်ပါတယ်။
အချိန်ကာလ အတိုင်းအတာ တစ်ခုအတွင်း ကိစ္စရပ်တစ်ခုအပေါ်မှာသာ အာရုံစူးစိုက်မှု လုပ်ဆောင်နိုင် မှာပါ။
ဒါပေမဲ့ ကျွန်တော်တို့ စိတ်အတွေးအကြံ ထဲမှာ ကိစ္စရပ်အတော်များများ ရောထွေးယှက်တင် ရှိနေတတ် ပြီး မည်သည့် အလုပ်ကိစ္စမျှ တွင်ကျယ်မှု မရှိ ဖြစ်နေလေ့ရှိပါတယ်။
ခဲတစ်လုံးတည်းနဲ့ ငှက်အများအပြား ရရှိဖို့ က မဖြစ်နိုင်သလောက်ပါပဲ။အဲဒီအတွက် ကျွန်တော်တို့ ပြုလုပ်ရန် ရှိတဲ့ ကိစ္စများကို ခွဲခြားဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။
အဲဒီအတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုကတော့ အရေးအပါဆုံး ကိစ္စရပ်မှ စ၍ အရေးမပါဆုံး ကိစ္စ များအထိ အစဉ် လိုက် အမှတ်အသား ပြုလုပ်ထားရန်ပဲ ဖြစ်ပါတယ်။
ခဲတစ်လုံးကို ငှက်တစ်ကောင်အတွက်သာ အသုံးပြုမှာ ဖြစ်တဲ့ အတွက် အခြားငှက်အများအပြားကို စွန့်လွှတ်ရတော့မှာပါ။ပြီးပြည့်စုံ ကောင်းမွန်သော အာရုံစူးစိုက်မှု တစ်ခု အတွင်းမှာ စွန့်လွှတ်ခြင်း ဆိုတဲ့ သ ဘောထားတစ်ခု ပါဝင်နေပြန်ပါတယ်။
မိမိ အာရုံစူးစိုက်ထားမဲ့ ကိစ္စရပ်တစ်ခုမှ လွဲပြီး အခြားကိစ္စများကို တဒင်္ဂ စွန့်လွှတ်ထားရမှာပါ။ပြီးတော့ ကျွန်တော်တို့ စိတ်ကို အခါမလပ် လာရိုက်ခတ်နေလေ့ရှိတဲ့ အာရုံပေါင်း သောင်းခြောက်ထောင် အပေါ်မှာလည်း သည်းခံရဦးမှာ ဖြစ်ပါတယ်။
အာရုံစူးစိုက်မှုဟာ မည့်သည့်နယ်ပယ် ကဏ္ဍ မှာပင် ဖြစ်စေ များပြား ကျယ်ပြန့်တဲ့ အကျိုးရလဒ်များကို ရရှိလာစေနိုင်ပါတယ်။
အိမ်ထောင်စုတစ်ခုမှာ ကလေးငယ် နှစ်ယောက် ဆိုတဲ့ အရေအတွက်ဟာ သင့်တော်ပြီး မိဘများက ကောင်းကောင်း ပျိုးထောင်နိုင်စွမ်းရှိတဲ့ အရေအတွက် ဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။
အရေအ တွက်နည်းတဲ့အတွက် အာရုံစူးစိုက်မှု ပိုမို ထားရှိနိုင်တာကြောင့် ကောင်းမွန်ပြည့်ဝစွာ ပြုစုပျိုးထောင်နိုင်မှာ ဖြစ် တယ် လို့ ဆိုလိုတာဖြစ်ပါတယ်။
သိုင်းသင်တန်းကျောင်း တစ်ခုမှ သင်တန်းဆရာ တစ်ဦးရဲ့ မှတ်ချက်တစ်ခုကို မှတ်သားထားဖူးပါတယ်။
သူပြောခဲ့တာက သိုင်းကွက်ပေါင်းသောင်းချီအောင် လေ့ကျင့်ထားတဲ့ ပြိုင်ဖက်ဟာ သိပ်ကြောက်စရာ မ ကောင်းပါဘူး ။ သိုင်းတစ်ကွက်တည်းကို အကြိမ်ရေ သောင်းချီအောင် လေ့ကျင့်ထားတဲ့ ပြိုင်ဖက်ဟာ ပို၍ ကြောက်စရာကောင်းတယ်လို့ပြောခဲ့တာပါ။
ထိုအရာက တစ်ခုဆိုရင် တစ်ခုဆိုသလောက် ထိုအရာ အပေါ်မှာ အာရုံစူးစိုက်ထားနိုင်ခြင်းရဲ့ ကြီးမားတဲ့ စွမ်းအင်တစ်ခုပဲ ဖြစ်ပါတယ်။
ရှေးက တက္ကသိုလ်ပြည် မှာ ဒိသာပါမောက္ခကြီး ရဲ့ လက်အောက်မှာ လူငယ်လူရွယ်တွေ ပညာသင် ကြားရန် သွားရောက်လေ့ရှိပါတယ်။
များသောအားဖြင့် လူငယ်လူရွယ် များ ဟာ ပညာရပ်အမျိုးမျိုးကို သင်ယူ တတ်မြောက်ကြပါတယ်။
ထိုအထဲမှ လူငယ်တစ်ဦးကတော့ ပညာရပ်တစ်ခုကိုပင် ဖြစ်ဖြစ် မြောက်မြောက် တတ် မြောက်မှု မရှိပဲ ကာလအတန်ကြာ ဖြစ်နေခဲ့ပါတယ်။
ပါမောက္ခကြီးက အမြော်အမြင်ကြီးစွာနဲ့ အိုးလုပ်ငန်းတစ် မျိုးကိုပဲ ကြိုးစား သင်ယူစေခဲ့ပါတယ်။
ဒီလိုနဲ့ လူငယ်ရွယ်များဟာ အတတ်ပညာစုံလင်ကြတဲ့အခါ မိမိတို့ ဒေသအသီးသီးကို ပြန်သွားကြပါ တယ်။
အတတ်ပညာစုံလင်တဲ့ လူငယ်များဟာ မိမိ တို့ ဒေသပြန်ရောက်တဲ့ အချိန်မှာ ၎င်းတို့တတ်မြောက်တဲ့ ပညာရပ်အမျိုးမျိုး နဲ့ ကျွမ်းကျင်ရာ လုပ်ငန်းများလုပ်ကိုင်ကြပါတယ်။
တတ်မြောက်ထားတဲ့ ပညာရပ်များပြား တဲ့ အတွက် တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲလုပ်ကိုင်ကြပါတယ်။သူတို့ထဲမှာ အိုးလုပ်ငန်းတစ်မျိုးထည်းသာ ကျွမ်းကျင်တတ်မြောက်တဲ့ လူငယ်ကတော့ နှစ်ပေါင်းများစွာ အိုးလုပ်ငန်းကိုပဲ ဇောက်ချ လုပ်ကိုင်ခဲ့ရပါတယ်။
တစ်နေ့ ပညာရည်နို့ အတူစို့သောက်ခဲ့ကြတဲ့ လုလင်ငယ်တွေ ပြန့်တွေ့ဖြစ်ကြတဲ့အခါ အိုးလုပ်ငန်း လုပ်ကိုင်တဲ့ လူငယ်ကို အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ဦး အဖြစ် မြင်တွေ့ရပါတော့တယ်။
ဘဝကံ အခြေအနေ အရ ပညာရပ်တစ်ခုသာ ခက်ခက်ခဲခဲ သင်ယူတတ်မြောက် ခဲ့ရပေမဲ့ ၎င်းတစ်ခုတည်းသာ ဇောက်ချလုပ်ကိုင်ခဲ့ ရတာကြောင့် ဖြစ်ပါတယ်။
အာရုံစူးစိုက်ခြင်း ဟာ ကြီးကျယ်ခမ်းနားခြင်းတွေကို ယူဆောင်လာပေးနိုင်ပါတယ်။ ကျွန်တော်တို့ဟာ အာရုံစူးစိုက်မှု အလေ့အကျင့်ကို မွေးမြူသင့်လှပါတယ်။ထိုအရာက ကျွန်တော်တို့ အ တွက် ကြီးမြတ်ခြင်း လမ်းစ တစ်ခု ပဲ ဖြစ်ပါတယ်။
ရေးသားသူ >>> @myathuaung
မှန်ပါသည်။ ဟိုစပ်စပ် ဒီစပ်စပ် အကုန်တတ်နေတာထက် ပညာရပ်တစ်ခုတည်းကိုပဲ ကျွမ်းကျင်စွာ တတ်မြောက်ထားရင် အကောင်းဆုံးပါပဲ။
မှန်ကန်တဲ့ လမ်းကိုရွေးချယ်နိုင်ပါစေ
Good ..
ကျေးဇူးပါ
အပေါ်ဆုံး စာပိုဒ် စာပိုဒ်ထောက်နေပါတယ် ပြင်ပေးပါ
ပြင်တော့ထားပါတယ်ဗျ ရပြီလားကြည့်ပေးပါဦး ကိုကြီး
good
ကျေးဇူး
စွဲစြွဲမဲမြဲ ရှိဖို့ လိုသပေါ့
ဖတ်ပေးတဲ့အတွက် ကျေးဇူးပါဆရာ
မှန်ပါသည်။
တကယ်ပါ interest မရှိရင် ဘာမှ လုပ်မရဘူး
ဖတ်ပေးတဲ့ အတွက်ကျေးဇူးပါ
မှန်ပါတယ်ရှင့်
ဖတ်ပေးတဲ့အတွက်ကျေးဇူးပါအစ်မ
မလိုအပ်တဲ့ပုံတွေသိပ်မထည့်နဲ့ အဓိကကျတာတစ်ခုဆိုရင်ရပြီ၊ ခေါင်းစဉ်တပ်တာကိုပဲဂရုစိုက်။
ဝေဖန်ပေးတဲ့အတွက်ကျေးဇူးပါ ဆရာ
Good.