"ဘဝခြား​နေတဲ့ မင်းနဲ့ငါ"အပိုင်း(၃)

in #myanmar7 years ago (edited)

image
သုံး​ယောက်​သားစကားတ​ပြော​ပြောနှင့်​​တောလည်​ရွာရဲ့သဘာဝအလှ​တွေကိုကြည့်​ရှုရသည်​မှာရင်​ကို​အေးချမ်းရ၏

"​​ဟို​ရေတွင်းပျက်​ကြီးက အကြီးကြီးပဲ​နော်
အဲ့ဒါ ဘာလို့မသုံး​တော့တာလဲဗျ"

"အဲ့ဒီ​ရေတွင်းက ဒီရွာကဦး​စောလှရဲ့၅နှစ်​အရွယ်​သား​လေး​ရေတွင်းထဲ ပြုတ်​ကျပြီး​သေလို့မသုံး​တော့တာ ​မောင်​​မင်းပိုင်​ရဲ့"

"အစ်​ကိုကိုယ်​ ညီမတို့ရွာရဲ့အရမ်းလှတဲ့​နေရာကိုပြရမယ်​ မမရီပါလိုက်​ခဲ့"

ထွေး​ထွေးကဝင်​​ပြော​တော့ ရီရီကပြုံးကာ

"​အေးပါ​တော်​ လိုက်​ခဲ့ရမှာ​ပေါ့ ​"

မင်းပိုင်​ကလည်း​​ထွေး​ထွေးတို့​နောက်​ကိုထပ်​ချက်​မကွာလိုက်​ခဲ့၏​ထွေး​ထွေးပြသည့်​​တောလယ်​ရွာရဲ့အလှဆုံးမြင်​ကွင်းကိုမင်းပိုင်​​သ​ဘောကျသွားမိသည်

"ဟာ.......အရမ်းလှတာ​ပဲ"

မင်းပိုင်​ကနူတ်​မှ​ရေရွက်​လိုက်​​၏
တောလည်​ရွာ​ဆိုတာ
ရွာရဲ့ပတ်​ပတ်​လည်​တွင်​ သစ်​ပင်​ကြီးများအုပ်​စိုင်း​နေပြီး၎င်း​မြောက်​အရပ်​သစ်​​တောအုပ်​ကိုဖြတ်​သွားမှသာ
တောလည်​ရွာရဲ့အလှပကိုမြင်​ရသည်

တောပန်းများသည်​သဘာဝအလိုက်​​ပေါက်​​နေပြီးအရမ်းကိုလှပ​နေ၏အ​ရောင်​အ​သွေးစုံလင်​တဲ့လိပ်​ပြာငယ်​​လေးများစွာပျံသန်းပြီးကဗျာဆန်​​နေသည်
မင်းပိုင်​က​ထွေး​ထွေးနဲ့ရီရီ​ပြော​သောစကားများကို​ပျော်​ရွှင်​စွာနား​ထောင်​​နေရင်းတစ်​​နေ့တာကုန်​လွင်​​စေခဲ့သည်
မနက်​လင်း​တော့​ထွေး​ထွေးကနံနက်​စာပြင်​​ကျွေး၏​ထွေး​ထွေး၏အစ်​မများကထုံးစံအတိုင်းရက်​ကန်းယက်​ထည်​များကိုမြို့တက်​ပို့ရသည်

ဒီလိုနဲ့​ထွေး​ထွေးတို့ညီမသုံး​ယောက်​​အိမ်​ကို​နေလာတာ တစ်​ပက်​ဆိုတဲ့အချိန်​ခဏ​လေးအတွင်း​ရောက်​ရှိလာခဲ့၏ မိန်းက​လေးများ​နေသည့်​အိမ်​မှာ​ယောက်ျားသားဆိုလို့မိမိတစ်​​ယောက်​ထဲရှိသည့်​အတွက်​မ​နေသင့်​​တော့ပါ
မဟုတ်​ရင်​ သူသည်​​​ထွေး​ထွေးအ​ပေါ်ကိုမရိုးသားစိတ်​များကို​မွေးမိ​တော့မည်​မဟုတ်​ပါလား

တစ်​​နေ့​သောည​နေခင်းတစ်​ခုမှာ​ထွေး​ထွေးနဲ့နှစ်​​ယောက်​ထဲဆုံ​တွေ့ချိန်​တွင်

"​ထွေး​ထွေး ကျူ ပ်​​နေတဲ့ဖြူးကုန်းရွာကိုမနက်​ဖြန်​မနက်​ ပြန်​​တော့မှာကျူ ပ်​ နူတ်​ဆက်​တယ်
အရာအားလုံးအတွက်​​ကျေးဇူးပါဗျာ"

အို........သူပြန်​​တော့​ မယ်​ဆိုပါလား ငါ ငါဘာလုပ်​ရမှာလဲ ​ထွေး​ထွေးစိတ်​ထဲရူးချင်​သလိုလို​ရေရွက်​မိသည်

"မပြန်​ပါနဲ့ အစ်​ကိုရယ်​ ​ထွေး ​တို့နဲ့ဖြစ်​နိုင်​ရင်​တစ်​သက်​လုံးအတူ​နေပါလားဟင်​"

ပြောရင်းဆို​ထွေး​ထွေးရှိုက်​ငိုလိုက်​မိသည်​ မှန်​၏ မင်းပိုင်​ဆိုသည့်​လူကို သူသံ​ယောဇဉ်​တွယ်​မိ​နေပြီ​လေ

"မငိုပါနဲ့​ထွေး​ထွေးရယ်​ အစ်​ကိုလည်း မပြန်​ချင်​ပါဘူး ဒါ​ပေမယ့်​"

ထိုစဉ်​...မင်းပိုင်​ကို​ထွေး​ထွေးက စိုးရိမ်​တကြီးဖက်​လိုက်​ပြီး

"ဟင့်​အင်း ဒါ​ပေမဲ့ ဆိုတာကြီးကို​ထွေး​ကြောက်​တယ်​ မမညို နဲ့မမရီကလည်း အစ်​ကိုကိုယ်​ပြန်​ခွင့်​မပြု​လောက်​ဘူး မပြန်​ပါနဲ့ "

မပြန်​ပါနဲ့ဆိုတဲ့စကားလုံး​တွေ ​ထွေး​ထွေး ပါးစပ်​ဖြားက​ပလုံးပ​ထွေးဆိုပြီး ဖက်​တွယ်​ထား၏

"အစ်​ကိုကိုယ်​ ​ထွေး ချစ်​တယ်​"

မင်းပိုင်​အံသြပြီးသူ့ကိုဖက်​တွယ်​ထားသည့်​​ထွေး​ထွေးကိုငုပ်​ကြည့်​လိုက်​ပြီး

"ဟာ ​ထွေး မင်းတစ်​ကယ်​​ပြောတာလား"

ရင်​ခွင်​ထဲက​ထွေး​ထွေးက​မော့ကြည့်​ကာ​ခေါင်း​လေးငြိမ့်​လို့အေ​ဖြ​ပေးသည်

"ဝမ်းသာလိုက်​တာ ​ထွေးရယ်​"

မင်းပိုင်​ကဟန်​မ​ဆောင်​နိုင်​​တော့ဘဲ ​ထွေး​ထွေးကို​လေးကိုသိမ်းဖက်​လိုက်​၏
ထိုအခါ ​ထွေး​ထွေး ကရင်​ခွင်​ထဲကရုန်းထွက်​ကာ

"​တော်​ပါ မမညို​တို့ပြန်​လာ​တော့မယ်​ ခုနကတုန်းက​တော့ သူများကို​ထားခဲ့မယ်​​ပြောပြီး"

"မဟုတ်​ပါဘူး​ ​ထွေးရယ်​ ကိုယ်​လည်းမပြန်​ချင်​ပါဘူး အဘကို အစ်​ကို သတိရလာလို့. ​နောက်​ပြီး​တော့အဘက အစ်​ကိုကိုယ်​ ​သေသွားပြီထင်​​နေမှာ ​ထွေးရဲ့"

"မပြန်​ပါနဲ့ ​ထွေးတို့ဆီ ရက်အနည်းငယ်​​လောက်​ထပ်​​နေပါဦး အစ်​ကိုရယ်​"

ထွေး​ထွေးရဲ့အ​ပြော​လေး​တွေ​ကြောင့်​မင်းပိုင်
တောလည်​ရွာက​ထွေး​ထွေးတို့​နေတဲ့​နွေး​ထွေးလုံခြုံ တဲ့ အိမ်​​လေးမှာ​နေဦးမယ်​လို့်​ အချစ်​နဲ့ပက်​​သက်​လာရင်​မျက်​မမြင်​တဲ့လူလိုဘာမှမမြင်​နိုင်​တာအဘနားလည်​နိုင်​မှာပါအဘရယ်​ စိတ်​ထဲမှာ အဘကိုလှမ်း​တောင်းပန်​မိသည်​။

{ဝတ္ထု တိုအပိုင်း​ဆက်​​လေးပါ အပိုင်း{4}တင်​ဦးမှာပါ ဖက်​ရှု​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါသည်​}