ဧည့်သည်
ကျွန်တော်တို့်သည် ဘ နှင့် ဝ ပေါင်းထားသော ဘဝ သို့ စတင်ဝင်ရောက်ရာ အရပ်ဖြစ်သော အမိ ဝမ်းတွင်းမှ မွေးလာတည်းက ငိုခဲ့ရသည်။နို့ဆာလျင်လည်း ငို ခဲ့ရသည်။သေးစိုလျင်လည်း ငိုခဲ့ရသည်။အနည်းငယ် ကြီးလာသောအခါ မိဘများအပေါ်တွင် လိုချင်တာများဂျီကျ၍ မရသောအခါတွင်လည်း ငိုခဲ့ရဖူးသည်။ကလေးသူငယ်ချင်း ဆော့၍ ထိခိုက်မိသောအခါတွင်လည်း ငိုခဲ့ရဖူးသည်။သြော်…ငယ်စဉ်တောင်ကျေး ကလေးဘဝတည်းက အငိုနှင့် စခဲ့ရပါလား။
ဘယ်ဘုံ ဘယ်ဘဝက လာခဲ့သည်ကို မသိသော်လည်း အငိုနှင့် စခဲ့ရသည်တော့သိနိုင်ခဲ့သည်။အရွယ်လေးရောက် အတောင်လေး ပေါက်လာသောအခါတွင်လည်း ကံဇာတ်ဆရာအလိုကျ ကရပြန်။ကံဇာတ်ဆရာ အလိုကျ ကရသော်လည်း မိမိ၏ အတ္တအစွဲလေးကြောင့် နာမည်းလေးလည်းကြီးချင်သည်။ငွေကြေးလေးလည်း ပြည့်စုံချင်သည်။ကျန်မာရေးလေးလဲ ကောင်းချင်သည်။ပတ်ဝန်းကျင် မှသည် တိုင်းနိုင်ငံ ကမ္ဘာထိ တန်ခိုးအာဏာလေးလည်း ထွားချင်သည်။ထိုသို့"ချင်"များစွာကြောင့် လူ လူချင်း စာနာထောက်ထား မေတ္တာပွားဖို့ မေ့လျှော့ နေတက်လေသည်။
ကျွန်တော်တို့ တကယ်တမ်း စဉ်းစားကြည့်ပါက ဘယ်ဘဝမှ လာခဲ့သည်ကို မသိရ ဘယ်ဘဝသို့ သွားရမည်ဆိုတာလည်း အများစု မသိကြရ။ထိုသို့ ဘာမျှသေသေခြာခြာမသိသော ဘဝကြီးထဲတွင် တစ်နေ့ သေရမည်မှာ သေခြာလှပေသည်။ထို့ကြောင့် ကျွန်တော်တို့သည် လူလောကကြီးတွင် ခဏအလည်လာသော ဧည့်သည်များသာ ဖြစ်ပေသည်။သို့သော် ကျွန်တော်တို့သည် သေခြင်းတရားကို မေ့လျှော့နေကြသည် သို့မဟုတ် မေ့၍ထားကျလေသည်။
ကျွန်တော်တို့သည် သေခြင်းတရားကို မေ့ထားသောကြောင့် "ချင်"တွေများနေရခြင်းဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ အသက်ရှင်ချိန်သည် နာရီပိုင်းသာ ကျန်တော့မည်ဟု သိပါက "ချင်"တွေအတွက် အချိန်ပေးဦးမှာလား။ပညာရှိကြီး ဦးပေါ်ဦး ကတော့ သူသေသောအခါ အခေါင်း အပြင်ဘက်တွင် သူ့လက်ကို ထုပ်ထားပြီး သေလျှင် ဘာပစ္စည်းမှ ယူမသွားနိုင်ကြောင်း ပြသခဲ့ပေသည်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာ အယူအရ သေလွန်သောအခါ ယူဆောင်သွားနိုင်သောအရာမှာ ကုသိုလ် နှင့် အကုသိုလ် သာဖြစ်ပါတယ်ဗျ။အငို ဖြင့်စပြီး သေခြင်းဖြင့် ဆုံးသော ဘဝကြီးတွင် ခတ္တခဏလာလည်သော ကျွန်တော်တို့သည် အတ္တဟိတ ပရဟိတ မျှတစွာနေထိုင်ပြီး လူ လူချင်း စာနာထောက်ထား မေတ္တာပွားခြင်းဖြင့် ငြိမ်းချမ်းစွာ အတူနေထိုင်ကြပါစို့ဗျာ။
ကျွန်တော်တို့သည် ဧည့်သည်များသာ ဖြစ်သည်။
Photo credit google
MSC-224
@myintlwinsoe
အမှန်ပါပဲကိုမြင့်ရေ။ကျွန်မတို့သေသွားရင်ဘာဆိုဘာမှယူသွားလို့မရပါဘူး
ဟုတ်ပါတယ်မအိ ကုသိုလ် အကုသိုလ် ပဲကိုယ့်နောက်ပါမှာပါဗျ
သံသရာ ခရီးသည် တွေပါ။ တွေ့ရဆုံတုန်းလေး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနေကျရင်တော့ကောင်းတာပေါ့ဗျာ
ဟုတ်တာပေါ့ဗျာ တွေ့ဆုံတုန်းခဏ ချစ်ချစ်ခင်ခင်နေကျရင် စိတ်ချမ်းသာတာပေါ့ဗျာ
ခဏတဖြုတ် တွေ့ဆုံကြတဲ့ဧည့်သည်တွေပါပဲ
ခဏတွေ့ရတဲအချိန်မှာ အမုန်းမဖက် အပြုံးဖက်နိုင်ရင်အကောင်းဆုံးပါဗျ
သံသရာခရီးရှည်မှာ တွေ့ကြဆုံကြဖို့ဆိုတာ အရင်ခေတ်တွေတုန်းကလို အရမ်းခက်ခဲကြတာတော့မဟုတ်တော့ဘူးပေါ့။ လူခြင်းအပြင်မှာမမြင်မတွေ့ဘူးကြပေမယ့် Steemit friend တွေ တစ်ယောက်အခက်အခဲတစ်ယောက်ကူညီကြလို့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နေကြတာလည်း ဘယ်တုန်းကမှမရှိဘူးတဲ့ရေစက်တစ်မျိုးပဲ။
ဟုတ်ပါတယ်ဆရာ အားလုံးချစ်ချစ်ခင်ခင်ပေါ့
အမှန်ဘဲ bro ရေ၊ ရေ့ဆုံရတုန်း ပျော်ပျော်ပါးပါ့း ဆုံကြေတာဘဲ ကောင်းပါတယ် ဥွေားရင် ကိုယ့်နောက်ဘာမှ ပါတယ မဟုတ်ပါဘူး
ဟုတ်ပါတယ် ညီလေးရေ ပျော်ပျော်ပါးပါးပေါ့
မှန်ပါတယ်။လူ့လောကမှာ ခဏနေတုန်း ကုသိုလ်များများပြုကာ နောင်ဘဝအတွက်စုဆောင်းသယ်ယူသွားရပါမယ်။
ကုသိုလ် အကုသိုလ် ပဲကိုယ့်နောက်ပါမှာမို့ ကျိုးစား ရယူသင့်ပါတယ်ဗျ
လူတွေအားလုံးဟာ ဧည်သည်တွေပါ။ ဒေါသ၊ မောဟ၊ မာန်မာနတွေထားကြေတယ်။ နေရတဲ့အချိန်ခနလေးမှာ စည်းလုံးချစ်ခင်ကြေရမှာ။
အတ္တနဲ့ ပရမျှတရင် အဆင်ပြေသွားမှာပါဗ
အားလုံးက ဧည့်သည်တွေပါပဲ . . အချိန်တန်ရင် ကိုယ်နဲ့ထိုက်တန်တဲ့ခရီးကို ထပ်ပြီးဆက်ကြရဦးမှာပါ . . အဲ့ဒီကျ ခရီးတူဧည့်သည်ချင်း ထပ်ပြီးတွေ့ဆုံကြဦးမှာပါပဲ
ဟုတ်ပါတယ်ဗျာ အခုလည်းရေစက်ပါလို့ steemitမှာ တွေ့ကြရတာပါနော်
လူတိုင်းကခရီးသွား ဧည့်သည်တွေပါပဲ
မှန်ပါတယ်ကိုချစ်ကိုရေ အားလုံးက ခရီးသည်တွေပါဗျ