နှုတ်ဆက်ခဲ့သည် အပိုင်း(၃)
သူကြီးအိမ်မှ အပြန်တွင် ကိုစိန်လှမှ မခင်ဝိုင်းနှင့် ဖိုးသင်္ကြန်ကို အိမ်ပြန်စေပြီး အသံချဲ့စက်ဆရာကြီး ကိုထွေးမောင်ထံ ဆက်ထွက်လာခဲ့သည်။ကိုထွေးမောင် အိမ်ရှေ့အရောက်တွင်
credit image source
"ဗျို့…ကိုထွေးမောင် ခင်ဗျားကိုလော်ဟစ်ခိုင်းချင်လို့"
"အေး…လာခဲ့လေကွာ…ဘာကိစ္စဟစ်ရမှာလဲဟ…"
"ကျုပ် ဒီနေ့ ဆရာတော်ဆီက အလှုရက်ရွေးခဲ့တယ်…အဲ့ဒါ ညနေ ကျုပ်အိမ်မှာ အလှုအတွက်တိုင်ပင်ချင်လို့ ရွာထဲက အားတဲ့သူလာနိုင်အောင် ဗျို့ဟစ်ခိုင်းချင်တာပဲဗျာ"
"ကောင်းတယ်ဟေ့…အလှုအတွက်ဆိုတော့ ဟစ်ခ ပိုက်ဆံမယူဘူးကွာ…ကုသိုလ်လုပ်မယ်…ဒါနဲ့ ဘယ်အချိန် လာရမှာလဲဟ…"
"ညနေ (၅)နာရီလောက်ဆိုရင် အားလုံးအတွက် အဆင်ပြေမယ်ထင်တယ်ဗျာ…ညနေ(၅)နာရီလို့သာ ဟစ်လိုက်ဗျာ"
ထို့နောက် ကိုထွေးမောင်က သူ၏အသံချဲ့စက်ကိုဖွင့်ကာ မိုက်ကိုဟန်ပါပါကိုင်ပြီး အသံနေအသံထားဖြင့်
"အားလုံးသော ရပ်မိရပ်ဖ ရွာမိရွာဖတို့ ခင်ဗျာ…ယနေ့ ညနေ(၅)အချိန်တွင် ကိုစိန်လှနှင့် မခင်ဝိုင်းတို့က သားရှင်ပြုအလှုအတွက် တိုင်ပင်ဆွေးနွေးလိုပါ၍ သူတို့အိမ်သို့ ကြွရောက်ပြီး အကြံဥာဏ်များ ပေးပါရန် လေးစားစွာ ဖိတ်ခေါ်ပါတယ်ဗျို့"ထိုကဲ့သို့ သုံးကြိမ်ဟစ်ပြီး အသံချဲ့စက်ကို ပိတ်လိုက်လေတော့သည်။
"ကဲ…ကိုထွေးမောင်ရေ ကျေးဇူးပဲဗျာ…ကျုပ်အိမ်ပြန်ပြီး ညနေအတွက် ပြင်ဆင်စရာတွေ ပြင်ဆင်လိုက်အုံးမယ်…ကျုပ်ကိုခွင့်ပြုအုံး"ဟု နှုတ်ဆက်ကာ ကိုစိန်လှတယောက် အိမ်သို့ပြန်ခဲ့လေတော့သည်။
ကိုစိန်လှ အိမ်ရောက်သည်နှင့်"ခင်ဝိုင်းရေ ထမင်းခူးဟာ…ငါတို့ထမင်းစားပြီး ညနေအတွက် ပြင်ဆင်စရာတွေ ပြင်ရအောင်"ဟုပြောလိုက်သည်နှင့် ဖိုးသင်္ကြန်လေးသည် စားပွဲခင်းခြင်း လက်ဆေးရေခပ်ပေးခြင်း မခင်ဝိုင်း ခူးပေးသော ထမင်းဟင်းများကို သယ်ပေးခြင်းဖြင့် ကူညီပေးလေသည်။
ကိုစိန်လှကတော့ သား၏သိတက်မှုအတွက် ပီတိအပြုံးတို့ဖြင့်။
သားဖနှစ်ယောက် ထမင်းစားပြီးသောအခါ အိမ်တွင်းရှင်းစရာ လင်းစရာများရှင်းကြသည်။မခင်ဝိုင်းကတော့ ပုဂံခွက်ယောက်များဆေးကြောပြီးနောက် ညနေ ဧည့်သည်များလာသောအခါ ကျွေးမွေးရန်အတွက် အချိုခြောက်နှပ်ခြင်း လ္ဖက်နှပ်ခြင်း ရေနွေးအိုးကြိုခြင်းများပြုလုပ်လေသည်။ဤသို့ မိသားစုတွေ အလုပ်ရှုပ်နေသော်လည်း ပင်ပန်းသည်ဟုမထင်ကြ အပြုံးကိုယ်စီရှိနေကြလေသည်။
ညနေ ရွာထဲမှလူကြီးများရောက်လာသော အခါ လ္ဖက်ရည်ချို ကိတ်ခြေက် လ္ဖက် ပဲကြမ်း ရေနွေး ကွမ်း ဆေးလိပ် တို့ဖြင့်ဧည့်ခံလေသည်။လူစုံသည်နှင့် ကိုစိန်လှမှ မတ်တက်ရပ်ပြီှး"အားလုံးသော ရပ်မိရပ်ဖ ရွာမိရွာဖ တို့ခင်ဗျာ…ကျွန်တော် အလှုကို ဝက်ကြော် ပဲပြု အငံကြော် ချဉ်ရေဟင်းတို့နဲ့ ကျွေးချင်ပါတယ်…ပြီးတော့ ဆိုင်းလည်း ထည့်ချင်ပါတယ်…သံဃာကတော့ အပါး(၅၀)လောက်ပင့်ချင်ပါတယ်…အလှုက (၁)လလောက်ပဲ လိုတော့တာ ဆိုတော့ လိုအပ်တာများ ဝိုင်းပြီး စဉ်းစား ကူညီပေးကြပါအုံး ခင်ဗျာ…"ဟု ပြောကာ ပြန်ထိုင်သွားသည်။
ကိုစိန်လှ ထိုင်သွားသောအခါ ရွာသူကြီးမှ မက်တက်ရပ်တာ"မောင်စိန်လှ ဖြစ်ချင်တာတွေ ဒို့က ကူညီရမှာပ…ဒါပေမယ့် အလှုကို ဝက်ကြော်တော့ မကျွေးစေချင်ဘူး…မောင်စိန်လှလည်း သိသားပဲ ဒို့ရွာက မြို့နဲ့ အလှမ်းဝေးတော့ ဝက်သားကို မြို့ကသွားဝယ်ဖို့ မလွယ်ဘူး…အဲ့အတွက် ဒို့က ဝက်ကို ကိုယ်တိုင်ပေါ်မှရမယ်…အလှုတစ်ခု စာအတွက် ဝက် အချိန်(၃၀၀)လောက်လိုတယ်…အဲ့ဒါကြောင့် အချိန်(၅၀)လောက်ထွက်မယ့် ဝက်(၇)ကောင်လောက် သတ်ရမယ်…"ဟုပြောကာ ရွာသူကြီးသည် စကားကို ခဏနားကာ ပရိတ်သက်ကို တစ်ချက်ကြည့်လိုက်လေသည်။
ပရိတ်သက်သည် စိတ်ဝင်စားစွာနားထောင်နေမှန်းသိသောအခါ ဆက်လက်၍"အလှုတခုလုပ်တယ်ဆိုရင် ဖြူစင်အောင်လုပ်ရတယ်…ဖြူစင်တယ်ဆိုတဲ့နေရာမှာ မိမိအလှုလုပ်မယ့် ပိုက်ဆံဟာ သူများမျက်ရည်ပေါက်ကြီးငယ်ကျပြီးမှရတယ့် ပိုက်ဆံမဟုတ်ရဘူး…ဖြူဖြူစင်စင်နဲ့ ရတယ့်ပိုက်ဆံ ဖြစ်ရမယ်…ဟုတ်ပြီ…လှုမယ့်ပိုင်ဆံက ဖြူစင်ပေမယ့်…အလှုအတွက် သူများအသက်သက်မယ်ဆိုရင်လည်း မဖြူစင်နိုင်တော့ဘူး…မောင်စိန်လှရဲ့ အလှုပိုက်ဆံက လယ်လုပ် ယာလုပ်ကရတဲ့ပိုက်ဆံဖြစ်လို့ ဖြူစင်တဲ့ ပိုက်ဆံပါ…ဒါပေမယ့် ဝက်ကြော်ကျွေးမယ်ဆိုရင် ဖြူစင်တဲ့ အလှုမဟုတ်နိုင်တော့ဘူး…အဲ့ဒါကြောင့် အဘကတော့ ဝက်ကြော်တော့ မကျွေးစေချင်ဘူး…"
ဆက်ရန်……
MSC-224
@myintlwinsoe
တချို့အလူ သာလုပ်နေတာ ဒီအချက်လေးတွေမသိကြဘူး
ဟုတ်ကဲ့။အချို့အရပ်ဒေသတွေမှ အလှုမှာ သူများအသက်သတ်တာ ဓလေ့လို့ ဖြစ်နေကြတယ်ဗျာ
ကုသိုလ်နဲ့အကုသိုလ်မျှပမလားသိဘူး
ကုသိုလ်က သက်သက် အကုသိုလ်က သက်သက်ပေါ့ဗျာ။ချေလို့မရတာပဲလေ။
ကိုထွေးမောင် ကိုစိန်လှ နဲ့ မခင်ဝိုင်း
ဇာတ်ကောင်တွေကြိုက်တယ် ကိုမြင့်ရေ
အယ် ဘာလို့ကြိုက်တာလဲ လို့
အလှူလုပ်မှဝက်သတ်ရတဲ့ဓလေ့တွေရှိကြတယ်၊ကုသိုလ်တစ်ပဲ ငရဲအချိန် ၃၀ ပဲ
ဟုတ်ပါတယ်ဆရာ။ကျွန်တော်တို့ အရပ်ဒေသမှာ အခုချိန်ထိ အလှုဆိုရင် ကြက်သတ် ဝတ်သက်လုပ်နေကြတုန်းပဲဗျာ။
အကုသိုလ် နှင့်စသောအလှူမဖြစ်ရင် အကောင်းဆုံးပေါ့။ကိုယ့်အလှူမှာ ကုသိုလ်ရဖို့အတွက် သူများအသက် သေပေးရမှာတော့ မဖြစ်သင့်ပါဘူးလေ။
ဟုတ်ပါတယ်ဗျာ။ကုသိုလ်ပြုတာက ဖြူဖြူစင်စင်ပဲကောင်းပါတယ်ဗျာ။
အလှူတွေမှာ အဲဒီ ဟင်းပေါ်ရတဲ့ကိစ္စကလည်း အလှူ့ရှင်တွေအတွက်က ကုသိုလ်နှင့် အကုသိုလ် ဒွန်တွဲနေတဲ့ကိစ္စပဲဗျ။
ဟုတ်ပါတယ်ဗျာ အလှုရှင်တွေအတွက် ပြည့်ပြည့်ဝဝ အကျိုးမရဘူးပေါ့ဗျာ
ရေးထားတာတွေဖက်လို့ကောင်းတယ်bro👍
အခုလို လာရောက်ဖတ်ရှုပေးတာဟကျေးဇူးတင်ပါတယ်ခင်ဗျာ
သိတက်လိမ္မာတဲ့ သားလေးအတွက် ရှင်ပြုပွဲမှာ ဘာကျွေးမှာပါလိမ့်ဗျာ...မျှော်နေပြီ
အခုတော့တိုင်ပင်နေကြတယ်ဗျာ 😁😁😁
သက်သက်လွတ်ကျွေး
အာ့လည်းကောင်းတာပဲဗျ
တောဓလေ့ ရဲ့ အလှူ ပုံရိပ်ကို ကွက်ကွက် ကွင်းကွင်း မြင်ရတယ်ဗျာ။ ဝေဖန်ရရင်တော့ အေ ကြာင်းအရာကူးတာ မြန်တယ်။Goodပါတယ အားပေးနေလျက်ပါ။၊
ဟုတ်ကဲ့ အခုလို ထောက်ပြဝေဖန်ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ