ပြတ်တုန်းလပ်တုန်း၂၃

in #myanmar7 years ago (edited)

ကျွန်တော်ငယ်ငယ်က အဖေကညဆိုင်းအလုပ်ဆင်းပြီးပြန်လာတိုင်း ခေါက်ဆွဲကြော်ထုပ်လေးဝယ်လာပြီး ပြန်လာသည်။အိမ်ရောက်သောအခါ အိပ်နေသော ကျွန်တော်တို့ညီအကိုတို့ကို နိုးပြီးကျွေးလေသည်။ ကျွန်တော်ကတော့ အဖေဝယ်လာတဲ့ ခေါက်ဆွဲကြော်ပူပူလေးက အရသာအရှိဆုံးပင်ဖြစ်သည်။ ညီအငယ်ကောင်ကတော့ အိပ်ရေးအလွန်မက်သည်။ခေါက်ဆွဲစားဖို့နိုးလျှင် စိတ်ဆိုးစိတ်ကောက်သေးသည်။သူကတော့အဖေဝယ်လာတဲ့ ခေါက်ဆွဲအရသာကိုမသိသောကြောင့် ကြီးလာတဲ့အထိခေါက်ဆွဲကြော်မကြိုက်။ကျွန်တော်ကတော့ ကြီးလာတဲ့အထိ ခေါက်ဆွဲကြော်အလွန်ကြိုက်သည်။

အခုကျွန်တော် ခေါက်ဆွဲကြော်စားချင်လာသည်။လက်ထဲတွင်ပိုက်ဆံမရှိတော့ပါ။အဘယ့်ကြောင့်ဆိုသော် ပြတ်တုန်း လပ်တုန်း ၂၃ ကိုကျော်လာသောကြောင့် ဖြစ်သည်။ပိုက်ဆံမရှိတဲ့အချိန်ဆို ဟိုဟာလေးစားချင်လာ ဒီဟာလေးစားချင်လာဖြစ်လာသည်။ပိုက်ဆံရှိတုန်းစားပါဆို စားကောင်းချင်မှစားကောင်းသည်။ပိုက်ဆံမရှိမှ ပိုစားချင်လာသည်။" ပိုက်ဆံ မရှိတဲ့အချိန်ဆို ကြမ်းကြားမှာညှပ်နေတဲ့ ပဲကြီးလှော်ကောက်စားတာတောင်အရသာရှိတယ် " ဆိုတာမှန်ပါသည်။အခုခေါက်ဆွဲကြော်စားချင်တဲ့စိတ်ကိုထိန်းမရခဲ့။ အိတ်ထဲပိုက်ဆံနှိုက်ကြည့်သောအခါ တစ်ထောင်တန် မပြောနှင့် ငါးရာတန်တောင်မရှိပေ။ဘယ်ကများထွက်လာအုံးမလဲဟု ပိုက်ဆံအိတ်ထဲက အကြွေလေးတွေထုတ် ပြီးတော့ ဈေးဝယ်၍ပိုသော အကြွေလေးတွေ ဖျာအောက်မှာ သိမ်းထားတာလေးတွေထုပ် စုပြီးရေတွက်လိုက်ရာ ၅၀တန် ၁၀ရွက် နှင့် ၁၀၀တန်၁၅ရွက် ပြီးတော့ ၂၀၀တန်လေး၁၇ရွက် ထွက်လာလေသည်။အားလုံးစုစုပေါင်း ၅၄၀၀ ရလေသည်။

photo credit google
ကျွန်တော်အကြွေလေးများကိုင်ကာ ခေါက်ဆွဲကြော်စားမယ်ဟုတွေးလိုက်သည်။ လက်ထဲကအကြွေလေးတစ်ချို့က "ကိုယ့်ကြည့်တော့လူကြီးဖြစ်နေပြီ အကြွေကိုင်ပြီးခေါက်ဆွဲကြော်သွားစားမယ် ဟုတ်လား ဒီခေတ်ကပိုက်ဆံအကြွေကို ကလေးပေးတောင်မယူဘူးကွ ဟားးးးးး"ဟု ကျွန်တော့်ကိုလှောင်ပြောင်နေသည်။ကျွန်တော် ပိုက်ဆံအကြွေလေးများကြည့်ပြီး စိတ်ပျက်သွားသည်။" တော်ပြီကွာ သွားမစားတော့ဘူး" ဆိုပြီးဆုံးဖြတ်လိုက်သည်။

photo credit google

ဗိုက်ထဲက တစ်ဂွီဂွီ…………မြည်လာသည်။ကျွန်တော်ပိုပြီး စားချင်သွားသည်။ သွားစားရင်ကောင်းမလားစိတ်ကူးဖြင့်တွေးကြည့်သည်။"ပိုက်ဆံအကြွေလေးများကိုင်ပြီးသွားသည်။ဆိုင်ရောက်တော့ ခေါက်ဆွဲတစ်ပွဲမှာလိုက်သည်။စားပြီးသောအခါ ကျွန်တော်ပိုက်ဆံအကြွေလေးဖြင့် ရှင်းလိုက်သည် ပိုက်ဆံကောင်တာကကောင်မလေးတွေက ပြုံးစိပြုံးစိဖြစ်ပြီး ရယ်နေကျသည်။" စိတ်ကူးထဲမှာ ကျွန်တော်ရှက်နေသည်။ပိုက်ဆံအကြွေလေးကိုကြည့်ပြီး ကျွန်တော်ရေအိုးစင်က ရေလေးပဲသောက်လိုက်သည်။ပိုက်ဆံအကြွေလေးကိုင်ကာ တော်တော်ဆိုးတဲ့ ငါ့အဖြစ်ပါ့လားဆိုပြီး စိတ်ပျက်ပျက်ဖြင့် အိပ်လိုက်ရာ အိပ်ပျော်သွားလေသည်။ အိမ်မက်ထဲတွင် ပိုက်ဆံအကြွေလေးနှင့် ခေါက်ဆွဲကြော်လေးများက လှောင်ပြောင်နေကျသတည်း။

MSC-224
@myintlwinsoe

Sort:  

အမှန်​ပဲ ။ပိုက်​ဆံပြတ်​တဲ့အချိန်​စားချင်​တာ​တွေအရမ်းများလာတယ်

ဟုတ်ပေါ့

ပျက်တုန်းလပ်တုန်း 23 ရက်လောက်ဆို မှာ စားချင်စိတ်တွေကို မနည်းထိန်းထားရတယ် bro ရေ ။
အမှန်ဘဲ ။

ဟီးးအဖြစ်သနစ်တူလေးတွေ နဲ့ တွေ့နေပါလား ပျော်ပြီလေ

တကယ်​ပျက်​တဲ့အချိန်​ဆို ဟိုဟာစားချင်​ဒီဟာစားချင်​နဲ့ အတူတူပဲ ကိုမြင့်​​ရေ

ဟုတ်ပေါ့ဗျာ

အ​ကြွေ​ပေးရင်​ပို​ကျေးဇူးတင်​ကျတယ်​​ဗျ 😊

ဟီးးး ဟုတ်ပေါ့ဗျာ

ဒီလို ပြတ်တယ်လပ်တယ်ဆိုတာ ဝန်ထမ်းများဘဝ ခေါက်ရိုးကျိုးသီအိုရီ ဖြစ်နေပါပီ ဗျာ။

ဟုတ်ပါတယ်ဗျာ steemit ဟာ ကျွန်တော်တို့အတွက် ထွက်ပေါက်တစ်ခု အဖြစ်မျှော်လင့်မိပါတယ်

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 61180.86
ETH 2456.21
USDT 1.00
SBD 2.57