အတိတ်ဘဝကချစ်သူ အပိုင်း၃၁
အပိုင်း၃၁
ထို့ချိန်တွင် မောင်သီက
"အကို ဟိုမှာ သမင်နှစ်ကောင်ရေသောက်နေတယ်"
" ဘယ်မှာလဲကွ "
ချောင်းစပ်မှာလေ မောင်သီပြော၍သာ ချောင်းစပ်ကိုကြည့်လိုက်သည်
သမင်မပြောနှင့် ယုန်တစ်ကောင် ကြောင်တစ်မြီးမှမတွေ့ရပါ။
" ဒီကောင်တော့ တောခြောက်ခံရ ပြီနဲ့တူတယ်"
မောင်ဦးက ချောင်းစပ်နားသို့ မျက်တောင်မခတ်တမ်းကြည့်နေလေသည်။
မောင်သီက အားမလို အားမရ ဖြစ်ကာ
"အကို ပြစ်လေ ပြစ်ကွင်းထဲရောက်နေပြီး"
မောင်သီက ကောင်းစွာမြင်ရသော်လည်း မောင်ဦးမှာ ဘာကိုမှမမြင်ရသောကြောင့် မပစ်ပါ။ထို့ကြောင့် မောင်သီက သူတွင်ပါလာသော ဒူလေးဖြင့်ချိန်ရွယ်ပြီးပစ်လိုက်လေသည်။
" ဒုတ် "
မောင်သီကာမှာ 'ဟင်' ခနဲဖြစ်ကာ အံ့သြစိတ်ဖြင့်ကြည့်နေမိသည် အဘယ်ကြောင့် ဆိုသော်သူပစ်လိုက်သောမြားသည် သစ်တုံးတစ်တုံးကို ထိလိုက်သည့်အသံဖြစ့နေသောကြောင်ပင်၊သူကိုတိုင်မြင်ပါလျက်နှင့် အဘယ်ကြောင့် သစ်တုံးဖြစ်သွားရသည်ကို စဉ်းစားမရဖြစ်နေသည်။သို့ဖြင့် သူတို့မှာ သားကောင်မရပဲပြန်ခဲ့ကြလေသည်။
..........................ဆက်ရန်...........................
Nice