ICO တခုဝင်ဝယ်ဖို့ ဘာတွေပြင်ဆင်ထားရမလဲ?
image source : http://tokenlab.info/blog/how-to-choose-ico-for-investments/
၁. Private Key ရသော ကိုယ်ပိုင် Wallet
(www.mycrypto.com for ETH, ERC20 Token,
www.neotracker.io for NEO, GAS, NEP5 Token)
၂. စိတ်ချလုံခြုံသော email account
(2FA, Google Auth On ထားပါ)
၃. Passport မိမိဓာတ်ပုံပါတဲ့စာမျက်နှာကို ကြည်လင်စွာဓာတ်ပုံ သို့မဟုတ် Scan ဖတ်ထားပါ
၃.၁. Passport ဖွင့်လျက် လက်ထဲကိုင်ပြီး selfie ပုံ
၃.၂. Passport Cover ပုံ
၎ မိမိလိပ်စာပါဝင်တဲ့ KBZ Bank ချလံတစောင်
(တချို့ ICO မတောင်းပါ၊ တောင်းရင်လည်း ချလံ date ဟာ ၃လထက်မကျော်ရပါဘူး)
ICO တော်တော်များများဟာ ကိုယ့်ဘက်က ETH or NEO ပို့ပေးမယ့် ကိုယ့်ရဲ့ ETH or NEO address ဖြည့်ခိုင်းပါတယ်။ ထိုဖြည့်ထားတဲ့ address ကပဲ သူတို့သတ်မှတ်ပေးတဲ့ address ဆီကို coin လွှဲပေးရပါတယ်။
အဲ့အခါမှာ သူတို့ဘက်က Token ကို ကိုယ့် address ထဲပြန်လွှဲပေးပါတယ်။
တချို့ ICO မှာ ချက်ချင်းပြန်လွှဲပေးသလို တချို့ကတော့ ရက်သတ်မှတ်ပြီး ပို့ပေးပါတယ်။
(ဒါကြောင့် Wallet Address ဖြည့်ချိန်မှာ ဂရုစိုက်ရပါမယ်၊ Exchange, Coinbase address တွေ လုံးဝ သုံးလို့မရပါဘူး)
ပြန်ဝင်လာတဲ့ Token တွေကို
etherscan.io for ETH ERC20 Token,
neotracker.io for NEO NEP5 Token မှာသွားပြီး ကိုယ့် address ရိုက်ပြီး ကြည့်နိုင်ပါတယ်။

This post has received a 0.59 % upvote from @speedvoter thanks to: @myominaung.
Is it possible to participate from europe?
it depends on Token/Coin Issuers. Some allow europe to participate but some don't.