စာဖတ်ခြင်းဝါသနာ
သူများတကာတွေ စာဖတ်ခြင်းဝါသနာပါလာပုံလေးတွေရေးတာတွေ့မိတော့ ကျွန်မလည်း ကိုယ်စာဖတ်ဝါသနာပါလာပုံလေးရေးဦးမှလို့ စိတ်ကူးမိပါတယ်။
ကျွန်မရဲ့ စာဖတ်ဝါသနာက မိမိဘာသာစတင်လာတာတော့ မဟုတ်ပါဘူး။အဓိကပြောရရင် သူငယ်ချင်းကြောင့်လို့ပြောလို့ ရပါတယ်။ကျွန်မ ငယ်စဉ်ကလေးဘဝတုန်းက အနီးအနားပတ်ဝန်းကျင်မှာ ကစားစရာအဖော်သိပ်မရှိပါဘူး။ကျွန်မအကိုကလည်း ယောက်ျားလေးဆိုတော့ သူနဲ့ ကစားရတာ သိပ်အဆင်မပြေပါဘူး။သူက မိန်းကလေးကစားနည်း ထမင်းချက်တန်း,ဟင်းချက်တန်းတွေလည်း စိတ်ပါလက်ပါသိပ်မကစားပေးချင်ပါဘူး။အဲ့ဒီ့တော့ ကျွန်မမှာ အတူတူကစားဖို့ သူငယ်ချင်းကိုတပ်မက်ပါတယ်။ကျွန်မတို့အိမ်နဲ့ မျက်စောင်းထိုးအိမ်
က ကျွန်မထက်တစ်နှစ်ကြီးတဲ့ အမတစ်ယောက်ကို သိပြီးမှပဲ ကျွန်မမှာ မိန်းကလေးကစားဖော်ရပါတယ်။အဲ့ဒီ့အမကြီးက စာအုပ်ဆိုင်မှာ ကာတွန်းစာအုပ်တွေငှားဖတ်ပါတယ်။ငယ်ငယ်တုန်းကတော့ ကျွန်မက ကစားဖို့ပဲပိုစိတ်ဝင်စားပြီး စာအုပ်ငှားဖတ်ဖို့ စိတ်မဝင်စားပါဘူး။ဒါပေမဲ့ အဲ့ဒီ့အမကြီးနဲ့ပေါင်းတော့ သူလည်းစိတ်ကျေနပ်အောင်ဆိုပြီး အတူတူလိုက်ပေး အတူတူစာအုပ်တွေလိုက်ငှားရင်းနဲပဲ ကျွန်မလည်း ကာတွန်းစာအုပ်တွေ လိုက်ငှားဖတ်တတ်လာပါတယ်။
ကျွန်မငယ်ငယ်တုန်းက ဖတ်တဲ့ ကာတွန်းစာအုပ်တွေကတော့ ဂျောက်ဂျက်,ဘိုဘို,တွတ်ပီ,ဗျူး(ဝိဇ္ဇာ),သော်က စတဲ့စာအုပ်များဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့နောက်ပိုင်း ဝတ္ထုတွေလည်း ဖတ်တတ်လာတယ်။သိုင်းဝတ္ထုတွေလည်းတော်တော်ဖတ်ခဲ့ပါတယ်။သိုင်းဝတ္ထုတွေကြိုက်ပြီး ဖတ်ဖြစ်တဲ့အကြောင်းကတော့ ငယ်ငယ်တုန်းက တီဗီမှာပြတဲ့ သိုင်းကားတွေကြည့်ပြီး ကြိုက်ခဲ့တယ်။အဲ့ဒီ့တုန်းက တီဗီမှာပြတဲ့ တရုတ်သိုင်းကားတွေ ကောင်းလည်းကောင်းတယ်။ဒါပေမဲ့နောက်ပိုင်း တဖြည်းဖြည်းနဲ့ပြတဲ့ တရုတ်သိုင်းကားတွေက သိပ်မကောင်းတော့တဲ့အပြင် ပြတာကလည်း တဖြည်းဖြည်းနည်းလာတယ်။တီဗီမှာကြည့်ရတာ အဆင်မပြေတော့ ကျွန်မရဲ့သိုင်းကားကြည့်ချင်တဲ့ ဆန္ဒကို သိုင်းဝတ္ထုဖတ်ပြီးတော့ပဲ ဖြေဖြောက်လိုက်တယ်လို့ ဆိုရမယ်။သိုင်းဝတ္ထုတွေအပြင် အခြားစာအုပ်တွေအနေနဲ့ မင်းမြတ်သူရ,မင်းသိင်္ခ,ဒဂုန်ရွှေမျှား,ရွှေဥဒေါင်း,မင်းခိုက်စိုးစံ,တာရာမင်းဝေ,မင်းလူ,နီကိုရဲ,အကြည်တော်တို့ရဲ့စာအုပ်တွေလည်း ဖတ်ခဲ့ပါတယ်။ဒီစာအုပ်တွေငှားပြီး စာအုပ်ဆိုင်ကို နှစ်ရှည်လများ လုပ်ကျွေးခဲ့တယ်လို့လည်း ပြောလို့ရပါတယ်။ကျွန်မ ၉တန်းလောက်အထိ စာအုပ်တွေ နေ့စဉ်နီးပါးငှားပြီး တစိုက်မတ်မတ်ဖတ်ခဲ့ပါတယ်။ကျွန်မ ငယ်စဉ်ဘဝမှာ စာအုပ်နဲ့ဖေဖေက ကျွန်မကို စိတ်ညစ်စရာအချိန်တွေကူညီဖေးမခဲ့တယ်လို့ ဆိုလို့ရပါတယ်။ကျွန်မလည်း စာအုပ်တွေထဲက ဇာတ်လမ်းတွေထဲမှာပဲ စိတ်ကစီးဝင်ရင်း စိတ်ညစ်စရာ အချိန်တစ်ချို့ကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။စာအုပ်ဖတ်နေတော့ စာအုပ်ထဲက ဇာတ်လမ်းထဲပဲ စိတ်ကစီးဝင်ပြီး ကျန်တဲ့အကြောင်း မေ့သွားတာပေါ့။
ကိုယ့်ဘာသာအနီးအနားစာအုပ်ဆိုင်က ငှားခဲ့တဲ့စာအုပ်တွေအပြင် ဖေဖေငှားလာတတ်တဲ့ ဝယ်လာတတ်တဲ့ စာအုပ်တွေလည်း ဖတ်ဖြစ်ခဲ့တယ်။မဂ္ဂဇင်းတွေ ဖတ်တတ်လာတာလည်း ဖေဖေ့ကြောင့်ပေါ့။
ပြောရရင်စာအုပ်ဖတ်တဲ့ဝါသနာက ၉တန်းလောက်ထိတစိုက်မတ်မတ်ရှိနေခဲ့ပြီး ၁၀တန်းရောက်တဲ့အခါမှာတော့ ၁၀တန်းအတွက်ဆိုပြီးစာအုပ်တွေဖတ်တာ ရပ်တန့်လိုက်တယ်။
၉တန်းနောက်ပိုင်း steemitနဲ့ မတွေ့ခင်အချိန်အထိ စာသိပ်မဖတ်ဖြစ်ခဲ့ဘူး။steemitနဲ့တွေ့ပြီးနောက်ပိုင်းမှာတော့ စာရေးတတ်အောင်,ကိုယ့်ကိုကိုယ်တိုးတက်အောင်ဆိုပြီး စာတွေပြန်ဖတ်ခဲ့တယ်။စာဖတ်တော့လည်း အရင်အတိုင်းပဲ စာအုပ်ထဲ ပျော်မွေ့နေပြန်ရော။အဆုံးသတ်အနေနဲ့ ပြောရရင်တော့ steemit နဲ့ MSC ကြောင့် ကျွန်မရဲ့စာဖတ်တဲ့ဝါသနာလေး ပြန်ပေါ်လာခဲ့ပြီး စာရေးတဲ့ဝါသနာပါ အနည်းငယ်အဆစ်တိုးလာခဲ့ပါတယ်။ဝါသနာလည်း ပါသွားပြီမို့ pro ပြီးသွားရင်တောင်မှ ကျွန်မစာတွေ ဆက်ရေးနေမှာပါလို့ ပြောရင်း စာလေးကို နိဂုံးချုပ်လိုက်ပါတယ်။
Photo credit-Google image
MSC-033,Author-myothuzar
ခုတော့ စာဖတ်ချင်စိတ် အရမ်းဖြစ်သွားပီ ကျေးကျေး
ဟုတ်ကဲ့။
ကျွန်တော်နဲ့ ဝါသနာလည်းတူ
ဝါသနာအစပျိုးခဲ့ပုံလည်းတူတယ်
ဟုတ်။
ဝါသနာတူတယ်။ကျွန်မလည်းစာအုပ်နဲ့မျက်နှာမခွာအောင်ဝါသနာပါတာ။
ဟုတ်ကဲ့ sis။
စာဖတ်မှ စာအုပ်ထဲကဗဟုသုတတွေရတာ ကောင်းတယ်ဗျာ လူတိုင်းစာဖတ်ကြပါလို့ အားပေးသွားတယ်မကြီးရေ
ဟုတ်တယ်။လူတိုင်းစာဖတ်သင့်တယ်။စာဖတ်တာ ကိုယ့်ကိုကိုယ်လည်းတိုးတက်စေတယ်။
nice
Thank you.
အရေးအသားမိုက်တယ်ဗျာ
ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။
Good,fighting
Thanks,sis.
steemit မှာလုပ်ရတာ စာဖတ်ဖြစ်တာနဲ့ပဲ အမြတ်ထွက်နေပြီ
ဟုတ်တယ်အကို။အမှန်ပဲ။
စာဖတ်လွန်းလို့ မျက်မှန်တပ်ရပီ
အင်း။sisကတော့ ၁၀တန်းအောင်ပြီးကတည်းက တပ်ခဲ့ရတယ်။
ဟုတ်တယ်ဗျာ...စားရေးရတာရယ် vote ထက် cmt လာပေးကြတာကို ပျော်တယ်ဗျာ...
ဟုတ်တယ်။