ဘဝတစ်ဆစ်ချိုးအပိုင်း (၇)
ဘဝတစ်ဆစ်ချိုးအပိုင်း(၁)
ဘဝတစ်ဆစ်ချိုးအပိုင်း(၂)
ဘဝတစ်ဆစ်ချိုးအပိုင်း(၃)
ဘဝတစ်ဆစ်ချိုးအပိုင်း(၄)
ဘဝတစ်ဆစ်ချိုးအပိုင်း(၅)
ဘဝတစ်ဆစ်ချိုးအပိုင်း(၆)
"အိုက်စ်...အ မ လေး အ မေ ရေ"
"ဟာာာာ"
ဂွမ်းး.....အသံများဆူညံပွက်သွားသည်။ရုတ်တရက်အကွေ့တွင် မိန်းကလေးတစ်ယောက် စက်ဘီးဖြင့် ပေါ်လာကာ ကြောက်အားလန့်အားဖြင့် ပစ်လှဲသွားခြင်းဖြစ်သည်။
"ဟေ့ရောင်တွေ ဆင်း ဆင်း ဟိုမှာဘာဖြစ်သွားလဲမသိဘူး"နေသော်နောက်ခန်းမှ သူငယ်ချင်းများအားပြောကာ ကားပေါ်မှ ခပ်မြန်မြန်ဆင်းလိုက်တော့သည်။(ယခင် အပ်ုင်း(၆)မှအဆက်)
မိမိကားမှ ဟွန်းပေးသော်လည်း တစ်ဖက်မှ သတိလက်လွတ်ဖြစ်သွားမည်ထင်သည်။ရုတ်တရက်ကားကိုတွေ့၍စက်ဘီးခေါင်းခေါက်ပစ်လှဲသွားခြင်းဖြစ်သည်။သို့သော်လည်း.....။လမ်းဘေးဓာတ်တိုင်နှင့် ခေါင်းနှင့်က ကံဆိုးစွာရိုက်မိသွားလေသည်။
"လုပ်ကြဦးဟ ခေါင်းမှာသွေးတွေ လုပ် လုပ် ဆေးရုံပို့ရအောင်"နေသော့်မှာ ပျာယာပျာယာဖြင့် ဘေးတွင်လူများလည်း အုံလာသည်။လေးယောက်သား ကားပေါ်မ တင်လိုက်တော့သည်။လူနာမိန်းကလေးမှာတော့ မေ့မျောလို့်နေသည်။
"ဒီထဲကအကိုတို့ အမတို့ ဒီမိန်းကလေးကိုသိကြလားဗျ သိရင် သူ့အမျိုးတွေကို အကြောင်းကြားပေးကြပါဗျာ ကျွန်တော်တို့လူနာကိုဆေးရုံခေါ်သွားပါ့မယ် ဖြစ်လာမဲ့ပြသာနာလည်းရှင်းပေးပါ့မယ် ဒါပေမဲ့ကျွန်တော်တို့မတိုက်မိဘူးနော်"
ထိုအခါ လူအုပ်ကြားထဲမှ"ကျွန်တော်တွေ့ပါတယ် မတိုက်မိပါဘူး ကောင်မလေးကလည်းလန့်ပြီးလဲသွားတာပါပြီးတော့ ဒါကျွန်တော်တို့ တစ်အိမ်ကျော်ကပဲ ခင်သူဇာ တဲ့။သူ့အဒေါ်ကိုအကြောင်းကြားပေးပါ့မယ်"ပြောပြောဆိုဆို ထိုလူကြီးလည်း ပြေးထွက်သွားလိုက်သည်။
နေသော်တို့ သူငယ်ချင်း လေးယောက်သားလည်း ဆေးရုံသို့ ဦးတည်ကာမောင်းခဲ့လေသည်။
"ဆရာမ လူနာပါ ပါတယ် "ဆရာမလည်းကျွမ်းကျင်စွာဖြင့်လူနာအား
လူနာတင်တွန်းလှည်းဖြင့် တင်ဆောင်ကာ အရေးပေါ်ခွဲစိတ်ခန်းသို့ ခေါ်ဆောင်သွားတော့သည်။
ဟူးးးးးးး နေသော် သက်ပြင်းရှည်ချလိုက်ပြီး ခေါင်းစိုက်နေတော့သည်။
"ဘာမှမဖြစ်ပာဘူးကွာ သူနေပြန်ကောင်းသွားမှာပါ သူ့ဆွေမျိုးတွေလည်းခေါ်ထားပြီးပြီပဲ"မိုးထက်တစ်ယောက်တော့ နေသော်အားနှစ်သိမ့်ပေးနေသည်။ကျန်တဲ့နှစ်ယောက်ကလည်းမျက်နှာများမကောင်း။ထိုထဲမှ ဝေယံလည်းအကြောက်ကြီးသူပီပီ မျက်နှာသွေးပျက်လို့နေသည်။ခဏအကြာ စင်္ကြလမ်းအတိုင်း ပျာပျာသလဲ လျှောက်လာသော အမျိုးသမီးတစ်ဦးနှင့် ယောက်ျားတစ်ဦး။အနီးနားရောက်လာမှ စောနက ဦးလေး ဖြစ်နေသည်။လူနာရှင် မိန်းကလေးဘက်မှ ဆွေမျိုးများသွားခေါ်မည်ဟု ပြော၍ထွက်သွားသောဦးလေးပင်။
"အဒေါ်တူမလေး အဒေါ်တူမလေး ဘယ်မှာလဲဟင် မင်းတို့ ငါ့တူမလေးကို ကားနဲ့တိုက်လိုက်တာလား မင်းတို့လား ဟုတ်လားဖြေလေ"လူနာရှင် မိန်းကလေး၏ အဒေါ်ဖြစ်ဟန်တူသောမိန်းမကြီးမှာ ရှိုက်ကြီးတငင်ငိုယိုကာပွဲကြမ်းတော့သည်။ဖြစ်ကြောင်းကုန်စင်အမှန်ကိုသိသော ဘေးမှ ဦးလေးက
"နင်ထင်သလိုမဟုတ်ဘူးလို့ ငါပြောပြပြီးပြီပဲ ကလေးတွေကိုအပြစ်တင်မနေပါနဲ့ သူတို့မှာ အပြစ်မရှိပါဘူး သူဇာ့အမှားကြောင့်ပါ"
"မသိဘူး မသိဘူး ငါတူမတစ်ခုခုဖြစ်ကြည့် အကုန် ထောင်ချပစ်မယ်"ဒေါသအလိပ်လိုက်ထွက်နေသော အဒေါ်ကြီးအား ဖျောင်းဖျပြောဆိုနိုင်စွမ်း နေသော်တို့သူငယ်ချင်းလေးယောက်မှာ အင်အားမရှိတော့ပါ။ခေါင်းငုံ့ကာဖြင့် ငြိမ်သက်နေလေတော့သည်။စိတ်ထဲတွင်တော့ တရားကိုနတ်စောင့်ပါတယ်လေ သူမပြန်လည်ကောင်းမွန်လာမှာပါဟု ဆုတောင်းရုံမှအပ တခြားမရှိတော့ပြီ။
"ခင်သူဇာသိမ့် ရဲ့ အုပ်ထိန်းသူရှိလားမသိဘူး"အခန်းထဲထွက်လာသော သူနာပြုဆရာမ၏ ခေါ်သံများကြောင့် ထိုအဒေါ်ကြီးမှာ ငိုလက်စကို ခဏရပ်ကာကမန်းးကတန်း ထပြောလိုက်တော့သည်။
"ရှိ ရှိပါတယ်ဆရာမ ကျွန်မပါ လူနာရဲ့ အုပ်ထိန်းသူပါ သူ့အဒေါ်တစ်ယောက်ပါ"
"ဒီမှာ လက်မှတ်လေးထိုးပေးပါနော် လူနာအခြေအနေကတော့ အခုချိန် ဘာမှပြောပြလို့မရသေးပါဘူး"ဆက်လက်မေးလာမည့် မေးခွန်းကို သူနာပြုဆရာမ ကြိုတင်ဖြေကြားခဲ့သည်။ထို့နောက် ခွဲစိတ်ခန်းထဲသို့ သုတ်သုတ်နှင့်ပြန်ဝင်သွားတော့သည်။
နေသော်တစ်ယောက် ခေါင်းမီးတောက်နေလေပြီ။အပန်းဖြေဖို့ ထွက်လာခဲ့သည်မှန်သော်လည်း ယခုတော့ ပြသနာများနှင့်ရင်ဆိုင်နေရသည်။စိတ်ထဲ မွန်းကျပ်ရှုပ်ထွေးလွန်း၍ ဘာလုပ်၍ဘာကိုင်ရမည်မစဉ်းစားတတ်တော့။တစ်ယောက်တည်း စဉ်းစားခန်းဝင်နေရင်း မိုးထက်မှ
"ဟေ့ရောင် နေသော် ငါတို့ဘာဆက်လုပ်မလဲ မင်းအိမ်ကိုဖုန်းဆက်မလား??"
"ငါ မဆက်ချင်ဘူးကွာ အိမ်ကို အပူမပေးချင်ဘူး ဒီပြသနာ ငါ့ဘာသာဖြေရှင်းနိုင်အောင်ကြိုးစားမယ် ပြီးတော့ မင်းတို့လည်း ဦးလေး ဦးသက္ကတို့ကို ဒီအကြောင်းမပြောပြပါနဲ့ကွာ အဲ့တစ်ခုတော့ ဂတိပေးကြ"
"အေးပါကွာ အေးပါ"
သုံးနာရီလောက်အကြာ။အခန်းထဲမှ ဆရာဝန် ထွက်လာတော့သည်။
"ဆရာ ဆရာ ကျွန်မတူမလေး အခြေအနေဘယ်လိုနေလဲဟင် ပြောပြပါဆရာ"ကောင်မလေး အဒေါ်ဖြစ်သူမှ ဆရာဝန်ထွက်လာသည်နှင့်အရူးတစ်ပိုင်းပမာ အတင်းမေးနေတော့သည်။
ဆက်လက်ရေးသားပါဦးမည်။
Author by @nandasai(MSC.076)
အချိုးအကွေ့ မှာ ဇာတ်လမ်းတစ်ပုဒ် အသစ်စတော့မယ့်ထင်တယ်။
ခင်သူဇာသိမ့်လေးခမျာ ဘယ်လောက်တောင် လန့်သွားရှာလို့
စက်ဘီး ခေါက်လဲ ဓာတ်တိုင်နဲ့ ဝင်ဆောင့်မိတော့ နေသော်
တစ်ယောက် နောင်အခါမှာ ဓာတ်တိုင်ကို အပြစ်ဖွဲ့ရလေမလား....
ကျေးဇူးတင်ရလေမလား....စောင့်ဖတ်ရတော့မပေါ့
ဟုတ်ကဲ့ပါ ကိုဟိန်း ကျေးဇူးပါ
စာရေးဆရာကတော့ twist တွေကို ထည့်လာပြီ စိတ်ဝင်စားစရာ ကောင်းလာပြီ
ကောင်မလေးကို မသေခိုင်းပါသေးနဲ့ဦးနော်။
သေခိုင်းပါဘူး
အော် နောက်ထပ်တစ်ကွေ့စောင့်ရဦးမှာပေါ့
ဟုတ်ကဲ့ပါ
ဆန့်တစ်ငန့်ငန့် နဲ့ခွယ် ဖတ်ရင်းနဲ့ စိုးရိမ်ပေးနေရတယ် ဟီးးးးး
ကျေးဇူးပါဘုရား
ဇာတ်လမ်းပြန်စလေတော့မလား...
စောင့်မျော်အားပေးနေပါ့မယ်ဗျ
ကျေးဇူးပါဗျာ
ဪ လူနာကခုမှ ခွဲစိတ်ရအုံးမှာပဲကိုး😁😁
ဒဏ်ရာ ပြင်းသွားပုံရတယ်
ဆက်ပြီး စောင့်မျှော်ရအုံးမယ်😁😂
လူနာက ခေါင်းထိသွားလို့ ခွဲစိတ်နေပါတယ် ခဏစောင့်ပေးပါ😄😄
အားပေးနေမြဲပါ လောလောဆယ် ဖက်မအားသေးလို့ ဘွတ်ပေးခဲ့ပါတယ်
ငင့် ကျေးဇူးပါ
ကောင်မလေး ဘာဆက်ဖြစ်လည်း ဘဒိုရေ
လာမ်ာဗျ မကြာမီမျှော်
သိချင်လှပြီဘဒိုရေ
မကွေးမှာမီးပျက်နေတာ၄ရက်ရှိနေလို့ ဖုန်းအားမရှိလို့ အချိန်ပေးမဖတ်နိုင်တာကိုခွင့်လွှတ်ပေးပါဗျ
ဖတ်လို့ရဘူး ..