Women needs to stay smartly, beautifully and decently.

in #myanmar8 years ago (edited)

" အိမ်ရှင်မတွေ .. အမျိုးသမီးတွေ လှလှပပလေး နေကြပါ .."
( အမျိုးသမီးထု အားလုံးသို့ .. )

IMG_0096.JPG

တစ်ချို့က .. ပတ်ဝန်းကျင်ကလူတွေက အိမ်ထောင်ကျပြီးရင် .. အိမ်ထောင်သည်တွေ အလှပြင်ရင် ကဲ့ရဲ့ မေးငေါ့တတ်ကြပါတယ် ..
"နောက်တစ်ယောက်လိုချင်လို့နဲ့ တူတယ် .. "
"နောက်တစ်ယောက်တွေ့နေပြီထင်တယ် .. "
"ကလေး အမေဖြစ်ပြီး ပြင်ဆင်နေလိုက်တာ "
နဲ့ ကဲ့ရဲ့တတ်ကြပါတယ် ..
တစ်ကယ်တော့ .. အဲဒီအတွေးအခေါ်တွေဟာ ခေတ်နောက်ကျနေပါပြီ ..

တစ်ချို့ သဝန်တိုတတ်တဲ့ ခင်ပွန်းသည် တွေကလည်း ငါ့မိန်းမ ရိုးမှရိုးရဲ့လားနဲ့ သံသယ ဝင်တတ်ကြပါတယ် .. စကတဲက လှလှပပလေး နေတတ်ရင် ထူးခြားပြီး ပြင်ဆင်နေတာ မဟုတ်တော့လ်ို့ သံသယ ဝင်စရာ မရှိတော့ပါဘူး ..
သူ့ ဝသီကိုက လှလှပပ ပြင်ပြင်ဆင်ဆင်လေး နေတတ်တာ .. လို့ လက်ခံသွားပါလိမ့်မယ် ..

ဒါကြောင့်မို့လို့ အမျိုးသမီးတွေ .. ခလေးအမေတွေ .. အိမ်ထောင်ရှင်တွေ အားလုံး .. မိုးလင်း မျက်နှာသစ်ပြီးတာနဲ့ ကမန်းကတန်း မှန်ရှေ့မှာ သနပ်ခါး မိတ်ကပ်လူး နှုတ်ခမ်းနီဆိုး အဝတ်အစား လှလှပပ စမတ်ကျကျ လဲ ထားလိုက်ပါ .. ၁၀ မိနစ်လောက်ဘဲ ကြာမှာပါ ..
တစ်နေကုန် တက်ကြွ လန်းဆန်း ပေါ့ပါး စိတ်ချမ်းသာ ပျော်ရွှင် ကျေနပ် နေပါလိမ့်မယ် ..
မိမိကိုယ်ကို ယုံကြည်မှု Self Confidence လည်း တိုးတက် ထက်မြက်လာပါမယ် ..
( mascara တွေ eye linerတွေ eye shadow တွေ ပါးနီတွေ မဆိုလိုပါဘူး ..)

IMG_1074.JPG

မိတ်ကပ် ပေါင်ဒါ သနပ်ခါးဟာ .. နေရောင်ခြည် ကိုလည်း ကာကွယ်ပေးတာမို့ .. တင်းတိပ်ထွက်ခြင်း .. အသားအရေ ရှုံ့တွခြင်း .. အသားအရေ ခြောက်သွေ့ခြင်း မှလည်းကာကွယ်ပေးပါတယ် ..
တစ်နေကုန် သားသမီးတာဝန် အိမ်ထောင်တာဝန် သန့်ရှင်းရေး ချက်ပြုတ်ရေး လျှော်ဖွပ်ရေးတွေ လုပ်ငန်းမစမီ ..
မိမိအတွက် ၁၀ မိနစ်မျှ အချိန်ပေးလိုက်ပါ ...
သူများအတွက် မဟုတ်ပါ ..
နောက်တစ်ယောက် အတွက် မဟုတ်ပါ ..
မိမိ စိတ်ဓါတ်ခွန်အားအတွက်ပါ ..
မိမိခင်ပွန်း နဲ့ မိမိအိမ်ထောင်အတွက် ..
မိမိပတ်ဝန်းကျင်မှ လူတွေ အတွက်ပါ ..

IMG_9855.JPG

ဘယ်တော့မှ မျက်နှာအဆီပြောင်ပြောင် .. ဆံပင်စုတ်ဖွား .. အဝတ်နွမ်းနွမ်း နဲ့ ဘိုသီဘတ်သီ မနေပါနဲ့ ..
ကိုယ့်ကိုယ်လည်း စိတ်ပျက် စိတ်အားငယ် စိတ်ရှုပ်ထွေး နောက်ကျိ စိတ်တို စိတ်ဆတ် မကျေ မနပ် ဖြစ်နေ ပါလိမ့်မယ် ..
ဒီလို ပုံစံမျိုး ကိုယ့်ကိုယ်လည်း မမြင်ချင်သလို .. ကိုယ့်ခင်ပွန်း .. ကိုယ့် ပတ်ဝန်းကျင်က လူတွေ လည်းမြင်ချင်မှာ မဟုတ်ပါဘူး .. မြင်သူုတကာ မျက်စိ ပသာဒ ဖြစ်အောင် နေရပါမယ် ..

IMG_8544.JPG

အပြင်ထွက် အလုပ်လုပ်သူတွေကတော့ စမတ်ကျကျ ပြင်ပြင်ဆင်ဆင်ရှိကြပါတယ် ..
အိမ်မှာဘဲ နေပြီး အိမ်မှုတာဝန် ထမ်းဆောင်တဲ့ အိမ်ရှင်မများလည်း .. အိမ်နေရင်း လှလှပပ ကျော့ကျော့မော့မော့လေးနေရင် အလုပ်လုပ်ရတာ ပိုပြီးပေါ့ပါးသွက်လက် လန်းဆန်းပါတယ် ..

IMG_5204.JPG

တစ်နေကုန် အပြင်မှာ ပင်ပင်ပန်းပန်း ရှုပ်ရှုပ်ထွေးထွေး သွားလာ လုပ်ကိုင်ပြီးမှ စိတ်မော လူမောနဲ့ အိမ်ပြန်လာတဲ့ ခင်ပွန်းသည် ကို ..
အဝတ်အစား သန့်သန့်ပြန့်ပြန့် သနပ်ခါးမွှေးမွှေးကြိုင်ကြိုင်လေးနဲ့ အပြုံးလေးနဲ့ လှလှပပလေး ကြိုဆိုမယ် ဆိုရင် အမောပြေ စိတ်ချမ်းသာကြည်နူး ပျော်ရွှင်ပြီး အချစ်တိုးပါလိမ့်မယ် .. အိမ်ထောင်ရေး ခိုင်မြဲစေပါတယ် .. မိသားစု စိတ်ချမ်းသာရပါမယ် ..

IMG_5387.JPG

ဘယ်သူမဆို အလှကြိုက်ပါတယ် .. မိမိခင်ပွန်းလည်း မိမိကို လှလို့ချစ်ခဲ့တာပါဘဲ ..
အိမ်ထောင်ကျမှ ဝိတ်တွေကတက် .. မီးဖိုချောင်ထဲမှာ ချွေးတလုံးလုံး အဆီတပြောင်ပြောင် ဆံပင်စုတ်ဖွားနဲ့ ဟင်းစော်တနံနံ နဲ့ ဘိုသီဘတ်သီ ဖြစ်နေရင် .. သူတို့ စားသောက်ဖို့ ဝတ်ဆင်ဖို့ ချက်ပြုတ် လျှော်ဖွပ် မီးပူတိုက် လုပ်ပေးနေပေမယ့်လည်း .. နားမလည်ပေး ကျေးဇူးလည်းမတင်ဘဲ .. မျက်စိပသာဒ မဖြစ်ရင် ဘဝင်မကျ .. အိမ်က ဘွားတော်ကြီးတို့ .. အိမ်က အဖွားကြီးတို့ .. ဘာတို့ ကင်ပွန်းတပ်ပြီး .. စိတ်ပျက်သွားတတ်ပါတယ် ..

IMG_0757.JPG

ပတ်ဝန်းကျင်မှာ လှလှပပ နုနုငယ်ငယ်လေးတွေ ပတ်လည်ဝိုင်းနေတာမို့ တော်ရုံ သစ္စာမရှိတဲ့ ယောက်ျားဆိုရင် .. အပျော်ရှာတတ်ကြပါတယ် ..
အပြင်က ငယ်ငယ်နုနုလေးတွေကို မျက်စိကျတတ် ပလီပလာလုပ်တတ်တဲ့ ငယ်ငယ်လေးတွေနဲ့ သာယာ သွားတတ်ကြပါတယ် ..
ဒါကြောင့် အိမ်ထောင်သည်တွေ အပျိုတုန်းက အတိုင်း အလှမပျက်အောင် ဂရုစိုက်သင့်ပါတယ် ..

အိမ်ထောင်သည်မှ .. ခလေးအမေမှ မဟုတ်ပါဘူး .. ဘယ် မိန်းမ မဆို အသက် ၆၀ - ၇၀ - ၈၀ ထိတောင် လှလှပပ သန့်သန့်ပြန့်ပြန့် စမတ်ကျကျ နေမှ .. ကိုယ့်ဟာကိုယ် စိတ်ချမ်းသာ ပျော်ရွှင် ကျေနပ် နေပါလိမ့်မယ် .. မြင်သူတကာလည်း မျက်စိ ပသာဒ ဖြစ်ပြီး လူလည်း လေးစားပါတယ် .. ။
၈၀ ကျော် ဖွာဖွားတွေတောင် သနပ်ခါး အဖွေးသားနဲ့ ဆံပင်သပ်သပ်ရပ်ရပ် နဲ့ အဝတ်အစား သန့်သန့်ပြန့်ပြန့် ဝတ်ထားရင် မျက်စိ ပသာဒဖြစ်ပြီး ချစ်ခင် လေးစားဖွယ်ကောင်းပါတယ် ..

IMG_7495.JPG

အန်တီ ဆို အပျို ဘဝ ကတဲက ..
ခလေး ၃ ယောက် မွေးပြီး .. ခု အသက် ၆၀ ကျော်ထိ .. မျက်နှာသစ်ပြီးတာ နဲ့ တခါထဲ cream puff လူး နှုတ်ခမ်းနီ ဆိုးပြီးသားဘဲ .. တစ်ရက်မှ မပျက်ဘူး ..
ဗိုက်နာလို့ ခလေးမွေးဖို့ ဆေးရုံသွားတာတောင်မှ ..
အသက် ၅၀ မှာ သားအိမ်ထုတ်ဖို့ ဆေးရုံ့ ၁၀ရက် တက်တာတောင် .. မိုးလင်းတာနဲ့ မျက်နှာသစ်ပြီးရင် .. နှုတ်ခမ်းနီ ပေါင်ဒါနဲ့ သန့်သန့်ပြန့်ပြန့် ပြုံးပြုံးရွှင်ရွှင် နေတာပါဘဲ ..
မီးနေသည် နဲ့ မတူလို့ တဲ့ .. လူမမာ နဲ့ မတူလို့တဲ့ ..
" ဒီလို လူနာကြည့်ရတာ စိတ်ချမ်းသာလိုက်တာ" တဲ့ ..
"ဒီလို လူနာတွေချည်း ကြည့်ရရင်ကောင်းမှာဘဲ" တဲ့ .. round လှည့်တဲ့ ဆရာဝန် ဆရာမ တွေက ပြောကြပါတယ် ...
လှလှပပ သန့်သန့် ပြန်ပြန့် လေးနေရင် ကိုယ်လည်း စိတ်ချမ်းသာတယ် .. ပတ်ဝန်းကျင်လည်း စိတ်ချမ်းသာတယ် လို့ ဆိုလိုတာပါ ..
သူများ စိတ်ချမ်းသာရင် ကိုယ်လည်း ကုသိုလ်ဖြစ်ပါတယ် ..
သေကောင်ပေါင်းလည်း ဝေဒနာ ခံစားနေရရင်တော့ မဆိုလိုပါဘူး ..

IMG_0226.JPG

အတတ်နိုင်ဆုံးတော့ ..
အမျိုးသမီးတွေ မိုးလင်းတာ နဲ့ အလှပြင်ကြပါ ..
ဘုရား ဦးသုံးကြိမ်ချ ရှိခိုးကန်တော့ပါ .. အချိန် ရရင် တရားထိုင်ပါ ..
စိတ်နှလုံး နူးညံ့ သိမ်မွေ့အောင် ထားပါ .. မေတ္တာပွားပါ .. စေတနာထားပါ .. ကိုယ်ချင်းစာစိတ်မွေးပါ ..
လူလည်းလှလှ .. စိတ်လည်းလှလှ ထားပါ ..
တစ်နေကုန် စိတ်ချမ်းသာပျော်ရွှင် ကြည်နူး နေပါလိမ့်မယ် ..

Author - @nang.myint.thwel
MSC - 245

Sort:  

As requested I have voted for you! 🎁 To call me just write @contentvoter in a comment.

Right
ခုလို​ပြောပြ​ပေးလို​.​ကျေးဇူးပါ...ဗဟုသုတလည်းရပါတယ်​..

ကျေးဇူးနော်

ဟုတ် အန်တီ အလှလဲ ပြင်မယ် ဘုရားလဲ ကန်တော့ပါ့မယ်😊😊

ကြည်ပြာက လိမ္မာပြီးသားပါ ..

အဲ့လိုမျိုးတွေမြင်ဖူးတယ် ကောင်းပါတယ် အန်တီ Self confidence ပေါ့

ဟုတ်ပါတယ်

‌ထောက်‌ခံတယ်‌ အန်‌တီ‌ရေ။

ကျေးဇူးပါ

ဟုတ်​ကဲ့တီတီ..

Ok! Thanks.

ဟုတ်ပါတယ်

အန်တီ စာအရေးအသားပြောစရာမလိုပေမယ့် ပို့စ်တစ်ခုမှာ ဓါတ်ပုံလေး သုံးပုံအနည်းဆုံးထည့်ပေးပါခင်ဗျ ဒါမှဖက်ရသူအတွက်ရှူပ်ထွေးမသွားသလို မိမိရေးသားတဲ့ပို့စ်လည်းပိုပီးလှပပါတယ်ခင်ဗျ ကျေးဇူးပါခင်ဗျ

Ok .. Thanks!
ထည့်လိုက်မယ်နော် ..

အလဲ့ တို့အန်တီက စာရေးလဲကောင်းတာဘဲဗျ

ကျေးဇူးပါနော်