လှူမယ်ဆိုလျှင် သိစေချင်
မနေ့က အိမ်မှာဆွမ်းခံကြွတဲ့ ဦးဇင်းနဲ့ စကားနည်းနည်း ပြောကြရင်း ဝါဆိုသင်္ကန်းကပ်လှူခြင်းအကြောင်း စကား ရောက်သွားပါတယ်။ ခုက ဝါဆိုသင်္ကန်းကပ်လှူတဲ့ သူတွေများတော့ ဦးဇင်းက ဗဟုသုတရအောင်ပြောပြပါ တယ်။ ဒကာမတွေက သင်္ကန်းလှူတဲ့အခါကိုယ်တတ်နိုင် တဲ့ အတိုင်းအတာ ရှိသလောက်လှူကြပါတယ်။
ဒကာမတွေလှူတဲ့အခါ သင်္ကန်းက ဝတ်လို့ကောင်းတာရှိ မယ်။ ကျမတို့ လူတွေလိုမျိုးပေါ့။ ဈေးကြီးတဲ့ သင်္ကန်း ဆိုရင် ဆွမ်းခံကြွတဲ့အခါ၊ တရားဟောတဲ့အခါလိုမျိုး လူပရိတ်သတ်ထူထပ်တဲ့နေရာတွေမှာ ဝတ်ဆင်လို့ရပါ တယ်။ ဈေးနည်းတဲ့သင်္ကန်းကတော့ကျောင်းတွင်ရှိနေ စဉ်အခါ၊ ဒုလ္လဘဝတ်တဲ့ ကိုယ်တော်တွေလောက်ပဲ အသုံးပြုလို့ ရတယ်လို့ ဆိုပါတယ်။
ဒကာမတွေက အကောင်းစားဆိုပြီး လှူလိုက်တဲ့သင်္ကန်း တွေက နိုင်လွန်လို အပူစမျိုးတွေဖြစ်နေတတ်ပါတယ်။ အဲ့ဒီအခါ ဦဇင်းတို့က ဆိုင်တွေကိုပြန်သွင်းရင်သွင်း၊ ဒါမှ မဟုတ် ငွေအလိုက်ပေးလဲရတာမျိုး ရှိတတ်ပါတယ်။ တရုတ်သင်္ကန်းလိုမျိုးဆို သံသရာ သင်္ကန်းဆိုပြီး ဘုန်းကြီးတွေက ရယ်စရာအနေနဲ့ခေါ်တတ်ကြပါသေး တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီတရုတ်သင်္ကန်းက တစ်ခါ လောက် ဝတ်ပြီးရင် အရောင်မွဲတတ်သွားတယ်။ ကျောင်းမှာနေရင် ဝတ်လို့တောင် အဆင်မပြေဘူး။ ဝါဆို သင်္ကန်းကပ်ချင်တဲ့သူက သင်္ကန်းခြင်းလေးဆိုတော့ အမြင်လှတယ်။ ဆိုင်တွေမှာ ဝါဆိုသင်္ကန်းခြင်းမှာ ထည့် ထားတာ အများစုက တရုတ်သင်္ကန်းတွေပဲများပါတယ်။ ဒီတော့ ဦးဇင်းတို့က သင်္ကန်းကို ဆိုင်ပြန်သွင်း၊ ဆိုင်တွေ က ပြန်ရောင်းနဲ့ ဘုန်းကြီးနဲ့ ဆိုင်ကြားသံသရာလည် နေလို့ သံသရာသင်္ကန်းလို့ ခေါ်ခြင်းဖြစ်ပါတယ်။
ဝါဆိုသင်္ကန်းကပ်ပြီဆိုတော့ ဆေးအလှူလဲလှူရပါတယ်။ ဒီအခါမှာ ဆေးခြင်းထဲမှာပါတဲ့ဆေးအများစုက တချို့ အတွက် အသုံးမတည့်ပါဘူး။ ဒီတော့ အပိုဖြစ်တာပေါ့ နော်။ နောက်ပြီး ဖိနပ်၊ အလှူရှင်တွေက ဖိနပ်ဆိုပြီး လှူလိုက်တဲ့အခါ တချို့ဖိနပ်တွေက လှူလိုက်တဲ့ဘုန်းကြီး နဲ့မတော်တာများပါတယ်။ ဒီတော့ ကိုယ်လှူမယ်ဆိုရင် လှူမယ့်ဘုန်းကြီးရဲ့ ခြေထောက်နဲ့တော်တဲ့ဆိုဒ်ကို ဝယ်
လှုရင် ကိုယ့်အလှူဟာ ပိုကောင်းမှာပေါ့ရှင်။ မတော် တော့လဲ တော်တဲ့ဦးဇင်းနဲ့ အချင်းချင်းပြန်လဲလှယ်တတ် ကြပါတယ်။
ဝါဆိုသင်္ကန်းကပ်လှူခြင်းရဲ့ အကျိုးကို က ထုတ်တဲ့စာအုပ်မှာ အခုလိုဖတ်ရှူရပါ တယ်။
'' ''
'' '' ' ' ဧကန်ရမည်ဖြစ်ပေသည်။
-
''
''
()
ေ ဥ ဥာ ေ ရြက '' ျ လို့ ဆိုထားပါ တယ်။
အလှူဒါနတစ်ခု ဖြစ်မြောက်ဖို့ဆိုရာမှာလည်း အချက် (၃) ချက်နဲ့ ကိုက်ညီမှသာ ပြီးမြောက်ပါတယ်။ အဲ့ဒါ ကတော့...
၁။ လှူချင်တဲ့ စိတ်စေတနာရှိရမယ်။
၂။ လှူဖွယ်ပစ္စည်း အဆင်သင့်ရှိရမယ်။
၃။ အလှူခံပုဂ္ဂိုလ်ရှိရမယ်။
ဒီသုံးချက်ကိုက်ညီမှသာ အလှူဒါနတစ်ခုပြီးမြောက်ပါ
မယ်။
ကိုယ်က လှူလိုက်တဲ့အရာဟာ အလှူခံပုဂ္ဂိုလ်အတွက် အဆင်ပြေရင် ပိုကုသိုလ်ရမှာပဲဆိုတဲ့စိတ်နဲ့ သိသမျှကို မျှဝေပေးတာပါ။ ရဟန်းသံဃာတွေအနေနဲ့တော့ မည်သည့်ပုဂ္ဂိုလ်က ဘာလှူလှူ လှူတဲ့သူကုသိုလ်ရ စေဖို့ပဲ စိတ်ရှိပါတယ်။ အပင် စိုက်သလိုပေါ့။ ကိုယ့်ရဲ့လှူဖွယ် ဟာ မိမိရဲ့ချွေးနှဲစာ၊ မိမိရဲ့သဒ္ဓါတရား အနည်းအများ အလိုက် ကိုယ်စိုက်တဲ့ သီးနှံဖွံ့ဖြိုးမှုကွာသလို မိမိခံစားရ မယ့် ကုသိုလ်တွေလဲ ကွာခြားချက်ရှိပါတယ်ဆိုတဲ့ အသိ လေးကို မျှဝေလိုတဲ့စိတ်နဲ့ ဒီစာစုလေးကို ရေးသားလိုက် ပါတယ်။
Author@nweoomon
Photo @nweoomon
MSC 265
27.7.2018
myanmar steembasicincome busy knowledge people
ဝါဆိုလပြည့်နေ့ ဗဟုသုတလေးရပ
ဗဟုသုတရတယ်ဆိုလို့ ကျေနပ်မိပါတယ်
ဗဟုသုတတင်ပြတာကောင်းပါသည်
ကျေးဇူးတင်ပါတယ်တီတီ
အရမ်းဗဟုသုတရပါတယ်
စာဆုံးအောင်ဖတ်ပေးလို့ကျေးဇူးပါရှင်
Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
💝💝💝💝💝
ဗဟုသုတရပြီးကောင်းသောပိုစ့်ပါ...
ကျေးဇူးပါညီမရေ
ဘယ်အလှူမဆိုကောင်းပါတယ် ။လိုအပ်တာလှူနိုင်ရင်တော့ ပိုကောင်းတာပေါ့။
ဟုတ်ပါတယ်။ ဘုန်ကြီးလိုအပ်တာနဲ့ ကိုယ်တတ်နိုင်တာနဲ့ ကိုက်ညီတော့
ပိုကုသိုလ်ရတာပေါ့နော်
ဝါဆို သင်္ကန်းကတော့ ဝါတွင်းမှာ ကိုယ်တတ်နိုင်သလောက်လှူကြ ကပ်ကြရတာပါ
သင်္ကန်းကတော့ အမပြောသလို ဖြစ်နိုင်ရင် ရွေးချယ် ကပ်တာ ကောင်းပါတယ်
ဟုတ်ပါတယ် ဒီလိုမျိုးလေးသိပြီးလှူရတော့ ပိုပြီးကုသိုလ်ရစေချင်လို့ပါ။ ဆရာကြီးလုပ်တာမဟုတ်ရပါဘူးနော်
ဒီနေ့ လပြည့်နေ့ဆိုတော့ ဘုန်းကြီး ကျောင်းသွား ဆွမ်းလှူခဲ့တယ် လေ
ဝမ်းေ မြာက်ဝမ်းသာ သာဓုခေါ်ပါတယ်ညီမရေ
Congratulations @nweoomon! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments received
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
💖💖💖💖💖
ဗဟုသုတ ရရှိပါတယ်ခင်ဗျာ။အခုလို သိအောင်မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။လေးစားလျက်
ဟုတ်ကဲ့ပါရှင် အခုလိုဖတ်ပေးလို့ကျေးဇူးတင်ပါတယ်