Guitar Stand
Guitar Stand
Guitar stand သည် နံရံကပ်ချိတ်နှင့် ဆင်တူသည်။ ကိုယ်ထည်အောက်ပိုင်းနှင့် လည်တံသည် ဂစ်တာကို ဖြောင့်တန်းစွာ ထိန်းသိမ်းထားနိုင်သည်။
ဂစ်တာပုံစံအသီးသီးသည် stand ပေါ်တွင်မူတည်သည်။ ပလတ်စတစ်နောက်ခံများဝန်းရံထားပြီး acoustic guitar ထက် ကွဲပြားသော ပုံသဏ္ဍန်ရှိ stand လိုအပ်သည်။ Stand အမျိုးအစားပေါ်မူတည်၍ သင်၏ဂစ်တာကို ခိုင်မာစွာထိန်းထားနိုင်သည်။ တစ်ချို့stand များတွင် သော့ခတ်နိုင်သော စက်ကရိယာပါရှိပြီး လုံခြုံမှုကို မြှင့်ထားသည်။
Stand တစ်ခုဝယ်ယူစဉ်တွင် ဂစ်တာကို နေ့စဉ်လိုလို စစ်ဆေးသင့်သည်။ အရောင်းပြောင်းခြင်းနှင့် အားနည်းချက်များကို ရှာဖွေသင့်သည်။
ဂစ်တာသေတ္တာအိတ်
အဓိက ဂစ်တာသေတ္တာအိတ်နှစ်မျိုးရှိသည်။ Gig bag နှင့် hard case ဟူ၍ဖြစ်သည်။ Gig bag များမှာ အနှစ်သက်ဆုံးသိမ်းဆည်းစရာ အမျိုးအစားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းမွန်သော ကာကွယ်မှုများပေးနိုင်သောကြောင့်ဖြစ်သည်။ သယ်ဆောင်ရာ၌လည်း ပေါ့ပါးသည်။ တစ်ချို့မှာ ကျောပိုးအိတ်ပုံသဏ္ဍန်ရှိပြီး ပခုံးတင်ဆိုင်းကြိုးပါရှိသည်။ Gig bag များသည် အပူချိန်ပြောင်းလဲမှုကို မကာကွယ်နိုင်ပေ။ Hard case တွင် အပူချိန်ကို ဆန့်ကျင်၍ ကောင်းမွန်သော ကာကွယ်မှုဖြင့် စိုထိုင်းမှုနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကို ထောက်ပံထားသည်။ Hard case များမှာ ခရီးရှည်များတွင် မရှိမဖြစ်လိုအပ်သည်။
အခြားသိမ်းဆည်းသောနည်းလမ်းများကို ယှဉ်ခြင်းဖြင့် case များမှာ အလုံခြုံဆုံး စိတ်ချရဆုံးဖြစ်သည်။ အကယ်၍ ဂစ်တာသည် case ထဲတွင် သင့်လျောက်စွာ လုံခြုံလျှင် ပုံမှန်အခြေအနေတွင် ဘာမှဖြစ်မည်မဟုတ်ပေ။
Gig bag များမှာ ဈေးပေါသော်လည်း hard case များမှာ ဈေးကြီးသည်။ ဈေးပေါသောအိတ်များသည် ဈေးကြီးသောဂစ်တာများအတွက် ချို့တဲ့သော ရင်းနှီးမြုပ်နှံမှုဖြစ်သည်။
သင်သည် case ကို ၀ယ်ယူချိန်တွင် case ထဲတွင် ဂစ်တာကို အံကိုက်ဖြစ်အောင်သေချာလုပ်ပါ။ Gig bag များတွင် ဂစ်တာကို အံကိုက်ဖြစ်အောင်လုပ်စရာမလိုပဲ သင်သည် case ကို ကောက်ယူစဉ်တွင် အနည်းငယ်ခါနေလိမ့်မည်။

ဗီရို
ဂစ်တာများကို ဖန်ဗီရိုထဲတွင် သိမ်းဆည်းထားသည်ကိုလည်း တွေ့နိုင်ပါသည်။ စိုစွတ်သော (သို့) ခြောက်သွေ့သော ပတ်ဝန်းကျင်တွင် သိမ်းဆည်းထားသည်ကို စတိုးများတွင် တွေ့ရသည်။
ပြုပြင်ထိန်းသိမ်းမှု
ကိုယ်ထည်
ကိုယ်ထည်သည် အသုံးအများဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အကြီးမားဆုံးချိန်ရွယ်မှုဖြစ်သည်။ ကောင်းမွန်သော အနေအထားတွင် တူရိယာကိုထားရှိပါ။ တီးခတ်ပြီးနောက် နူးညံသောအ၀တ်စနှင့် သုတ်ပစ်ပါ။ ရေကို အခြေခံသော ပရိဘောဂရေမွှေးများကို အသုံးမပြုပါနှင့် အ၀တ်စနှင့် ဂစ်တာအတွက်အသုံးပြုသော ရေဖြန်းဘူးကို မည်သည့်ဂီတစတိုးတွင်မဆို ၀ယ်ယူနိုင်သည်။ ညစ်ပတ်မှုနှင့် အပွန်းအပဲ့များကို အ၀တ်စနှင့် ရှင်းလင်းနိုင်သည်။ ကြိုးများကို အ၀တ်စနှင့် ပွတ်တိုက်နိုင်သည်။ အချို့ဂစ်တာသမားမျာသည် ကြိုးများကို နွေးထွေးသောရေဖြင့် ပွတ်တိုက်ရန်အားပေးသည်။ သို့သော်သတ္ထုဘားတန်းခံပြားကို စိုစွတ်မှုမှ ကာကွယ်ပါ။ တီးခတ်ပုံကို မူတည်၍ ဆင်ခြင်စွာပွတ်တိုက်ပါ။ အဆီနှင့် ညစ်ပတ်မှုများသည် အချိုးမညီမှုများကို ဖြစ်စေသည်။ နုသောသဘာဝအမျှင်ဖြင့်ပြုလုပ်ထားသော အ၀တ်များသည် အကောင်းဆုံးနှင့် အလုံခြုံဆုံးဖြစ်သည်။ နောက်ဆုံးတွင် သတ္ထုဘားတန်းကို ရှင်းလင်းပါ။ စတီးကို အသုံးပြုထားခြင်းသည် သတ္ထုဘားတန်းခံပြားပေါ်တွင် အညစ်အကြေးရရှိစေသည်။ သတ္ထုဘားတန်းပေါ်တွင် ညင်သာစွာ ပွတ်တိုက်သင့်သည်။
အစွန်းအထင်းနှင့်အရောင်ဆီများရှိလျှင် ပရိဘောဂအရောင်တင်ဆေးဖြင့် ပွတ်တိုက်နိုင်သည်။ သန့်ရှင်းပြီးနောက်ကိုယ်ထည်သည် ခြောက်သွေ့လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သစ်သားသည် စိုစွတ်မှုများရှိလျှင် ဂစ်တာ၏အသံအရည်အသွေးကို ကျဆင်းစေလိမ့်မည်။
လည်တံနှင့်သတ္ထုဘားတန်းခံပြား
လည်တံသည် ဂစ်တာ၏ အရေးကြီးဆုံးအပိုင်းဖြစ်သည်။ အထူးသဖြင့် သင်အကြာဆုံးတီးခတ်လိုလျှင်ဖြစ်သည်။ ဂစ်တာ၏ အချိန်အကြာဆုံးသိမ်းဆည်းထားလျှင် ကြိုးများ၏တင်းအားသည် လည်တံကို ဆန့်ကျင်၍ကိုယ်ထည်မှ အဝေးသို့ ဆွဲဆန့်ထားပေလိမ့်မည်။ အချိန်ကြာမြင့်စွာ ထိန်းသိမ်းမှုသည် ကြိုးများကို လျော့စေသည်။ လည်တံပေါ်မှ တင်းအားကို လျော့စေသည်။ အကယ်၍ ဂစ်တာစိုစွတ်ခဲ့လျှင် လည်တံကို ပုံဖျက်စေနိုင်သည်။ ဒိုင်းခွေအတံများနှင့် ချိန်ညှိနိုင်သည်။ သို့သော် တူရိယာ၏ သက်တမ်းကို ကြာမြင့်စေသည်။ ဤပြသနာကို မှန်ကန်စွာမဖြေရှင်းနိုင်ပေ။
အလွန်အမင်း သန့်ရှင်းခြင်းသည် လုံးဝမသန့်ရှင်းခြင်းထက် ဆိုးရွားစေသည်။ ဖြည်းဖြည်းနှင့်ပုံမှန်သာ ပွတ်တိုက်သင့်သည်။
သတ္ထုဘားတန်းခံပြားကို များသောအားဖြင့် မပြုပြင်ရသေးသော သစ်သားဖြင့်ပြုလုပ်ထားသည်။
ပုံမှန်အားဖြင့် မပြုလုပ်မီ သန့်ရှင်းသင့်သည်။ သင်သည်သတ္ထုဘားတန်းကြားရှိ သစ်သားကို သန့်ရှင်းရန်လိုအပ်သည်။ အရိုးရှင်းဆုံးနည်းလမ်းမှာ သန့်ရှင်းသော အ၀တ်ဖြင့် အသုံးပြုခြင်းဖြစ်သည်။ အကယ်၍ စတီးထည်များကို အသုံးပြုထားလျှင် သတ္ထုဘားတန်းများသည် ကြိုးများ၏ သက်တမ်းကို ကြာရှည်စေသောကြောင့်ဖြစ်သည်။
သန့်ရှင်းပြီးနောက် လည်တံသည် စိုစွတ်ခြင်းမရှိလျှင် အလွန်အရေးကြီးသောအချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရေများသည် လည်တံ၏တည်ဆောက်ပုံကို ပျက်စီးစေသည်။ သန့်ရှင်းပြီးနောက် ပရိဘောဂအရောင်တင်ဆေး အသုံးပြုခြင်းသည် သစ်သားကို ရေလုံစေသည်။

@nyeinzaw
Msc 167
Thank you
Congratulations! This post has been upvoted from the communal account, @minnowsupport, by nyeinzaw from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
အတော်လေးကို ဗဟုသုတ ပညာတွေရလိုက်ပါတယ် thank you bro
ကျေးဇူးတင်ပါတယ် ခင်ဗျာ :D
Good knowledge
Nice post ! Sp ပါဝါမပြည့်သေးလို့နောက်မှvoteပေးမယ်နော်😂😂😂
Hote ya par tal
v done
ဟုတ် ကျေးဇူးပါ ကိုသိန်းရေ
cheer bro သောက်ချင်တာဗျာ
သီချင်းဆိုရဗင်းပေါ့
လာခဲ့လေ :D hehe