The People Who Were Not Affraid The Grim Reaper

in #history8 years ago (edited)

စင်ပေါ်သို့  အိနြေ္ဒရရတတ်လာသည်
စစ်ထွက်မိန့် ခွန်းပြောမည့် စစ်သူကြီးတစ်ယောက်၏ မာန်မျိုးဖြင့်

''Sir ဒီ ဘက်ကိုကြွပါ''

ဆာသောမတ်(စ်) မိုး က တာဝန်ကျ ဖိတ်ခေါ်သောဘက်သို့  ခပ်မှန်မှန် ခြေလှမ်းဖြင့် လျှောက်သွားသည်

''နေရာယူပေးပါခင်ဗျာ''

ရယ်ကာမောကာဖြင့်
''ဓါးစက်ဖွင့်ဦးလေကွာ''

လှပရက်စက်လွန်းသည့် လူသတ်စင်ပေါ်မှဓါးကြီးဟာ
ခြောက်ခြားခမ်းနားဖွယ်...

''ဟေ့ ငါ့ဂုတ်ကနည်းနည်းတိုတယ် ပြတ်အောင်ခုတ်နော် ... မသေမရှင်ကြီးမဖြစ်ချင်ဘူးရယ် ဟဲဟဲ''

မရဏတရားကိုပဲ မခန့် တာလား
အာဏာပကွက်သားကိုပဲ စနောက်ချင်သလား သူပဲသိမည်...

ဒါဆာသောမတ်မိုးရဲ့ သေခြင်းကို ရင်ဆိုင်သည့်ဟန်...


image

''မင်းငါတို့ ဘက်မှာနေမလား''

''မနေချင်တော့ပါဘူးဗျာ ကျုပ်ကို သတ်လိုက်ပါ''

''မင်းအရှင်ကို မင်းသစ္စာဖောက်ဖို့  မလိုပါဘူး... မင်းရဲ့ ရဲစွမ်းသတ္တိကို သဘောကျလို့  ချီးမြှောက်ချင်တာပါ''

''တော်ပါပြီဗျာ အရှင်နှစ်ပါးကျွေးတဲ့ ထမင်းကို ဝမ်းတွင်းမသိုလိုဘူး''

''ဒါဖြင့်လည်းပြောပါ မင်းရဲ့ဆန္ဒလေးတစ်ခု''

'ကျနော်ကွမ်းစားချင်တယ်ဗျာ''

''ကဲ ဒီစစိသူကြီးလဂွမ်းအိမ်အတွက် ကွမ်းစီစဉ်ပေးလိုက်ပါ...

''ကျေးဇူးပါအရှင့်သား ဒီကွမ်းကျွေးတဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့  သတိတစ်ခုပေးခဲ့မယ်
ရာဇဓိရာဇ်နဲ့  ဘယ်တော့မှ စီးချင်းမထိုးနဲ့  သူက သိပ်ခက်ထန်ရက်စက်လွန်းတယ်
ဟုတ်ကဲ့ ကျနော့်ကို သတ်လို့ ရပါပြီ''

မင်းရဲကျော်စွာ ရဲ့ လေးစားသောအကြည့်များက အလောင်းကောင် လဂွမ်းအိမ်ထံမှာ


''စောလုံ ကိုသတ်စေ''

မတုန်မလှုပ်သော စိတ်ဖြင့် မိဖုရားစောလုံ က သူသတ်
တို့ ခေါ်ဆောင်ရာနောက်သို့ ...

''အရှင်မရယ် ဘာလို့ များ မင်းကြီးကို လုပ်ကြံရသလဲ ''

''မိန်းမတစ်ယောက်ရဲ့ အိနြေ္ဒကို ထိပါးရင် ဘုရင်တောင်ခွင့်မလွှတ်ဘူး''

မသိခဲ့ ဘယ်သူမှမသိခဲ့... အညှိုးကြီးသောစောလုံ ခင်ပွန်းကိုပင်ရန်လိုသောစောလုံလို့  သိခဲ့ပေမယ့်... မိန်းမသားထုအတွက် ရည်ရွယ်ပြီးရပ်ခဲ့တာမဟုတ်တောင်
ပဒေသရာဇ်ခေတ်မှာ မိန်းမတစ်ယောက်ရဲ့ မာန်ကို ထန်ပြခဲ့တယ်...
အိနြေ္ဒကိုမထိပါးဖို့  သတိပေးခဲ့တယ်

ပုဂံခေတ်မှာ အာဏာရှင်ကို ဖီဆန်သော ပထမဆုံး
အမျိုးသမီးဖြစ်ခဲ့တယ်

''မီးရှို့ သတ်ဖို့  ခွင့်ပြုပါအရှင်မ''

''ငါခွင့်ပြုပါတယ်
ရှောင်ခွင့်မရှိတဲဘေးအတွက် ငါသေရဲပါတယ်''

မှတ်ချက်
သေခါနီး ၇ရက်သီလစောင့်တဲ့အခါ သီလတန်ခိုးကြောင့် မီးမလောင်ပဲ ဖြစ်ခဲ့တယ် ဒါကို ပါးကွက်သားတို့ က မိဖုရားမသေရင် သူတို့ သေရမှာစိုး လို့  မိဖုရားကို ဝိုင်းတောင်းပန်ကြတယ်
ဒီတော့မှ မိဖုရားကလည်း ပြေးမလွတ်တဲ့ဘေးအတွက် အဓိဋ္ဌာန်ပြီး မီးလောင်ခံလိုက်တယ်
ဒါက ရာဇဝင်ထဲက ဖော်ပြချက်ပါ
ကျနော်က ဒီအချက်ကို ပယ်ရေးတဲ့သဘောပါ

image

Coin Marketplace

STEEM 0.05
TRX 0.28
JST 0.043
BTC 67831.90
ETH 1959.45
USDT 1.00
SBD 0.38