ခွဲခွာခြင်းမှတ်တမ်း
ဒီနေ့တော့ အမိရွာ ဇာတိမြေကလေးကနေ ရန်ကုန်မြို့  သို့ တက်ခဲ့လေပြီ။ အလာကောင်းပေမယ့် အပြန်လမ်းမှာတော့ လွမ်းရပြန်ပြီ။
မောင်ရင်းနှစ်မ ဆွေမျိုးတစ်သိုက် အပေါင်းအသင်းစုံလင်စွာ နှုတ်ဆက်ကျတော့ ရင်ထဲမှာတော့ ဟာတာတာလေ။
ဇာတိကို လာတုန်းကတော့ ဝမ်းသာပျော်ရွှင်နဲ့ ကြိုဆိုကျတာပေါ့။ အခုတော့ အပြန်လမ်း ထိုသို့ မပျော်ရွှင်ကျပေ။
ကျွနုပ်သည်ကားလဲ ထိုသို့ အမိမြေနဲ့ မခွဲခွာချင်ပေ။ သို့ပေမယ့်လဲ ဘဝသမား အလှထားချင်လို့ အမိရွာတိုးတက်စေကြောင်း ရည်ရွယ်ကာ မြို့သို့ တက်ခဲ့ရပေ။ လွမ်းလှသည်ဟု အော်နေသော် စပါးပင်တစ်ချို့ ဟိုဘက်ယိုင် ဒီဘက်ယိုင်ကာနဲ့ နှုတ်ဆက်ခဲ့မှု့တွေကလဲ အန့်မခမ်း လွမ်းစရာပေ။
နောင်အခါ မကြာဝယ် ပြန်လာမည်ဟုလဲ ပြောခဲ့ရသေးတဲ့ ကျွန်တော့်စကား တုန်ရီလှပေသည်။ မည်သို့ပင် ဖြစ်စေကာမှု ခွဲ ခွာရအုံးမယ်။ လွမ်းမည်အဖြစ် မြိုသိပ်ကာ ကြိုးစားပေးရအုံးမည်။
ညီငယ် ညီမငယ်များကိုလဲ မှာတမ်းခဲ့ရသေးသည်။ အနာဂတ် လူငယ် လမ်းမမှားမိဖို့အရေး တွန်းဆွ လှုပ်ဆော်ခဲ့ရသေးသည်။ ဒီအချိန်ဆို အမြဲထိုင်နေကျ ရွာဦးဘုရားပေါ်မှာ လူငယ်တစ်သိုက် စုံနေမလားပေါ့။
ရီစရာဟာသ ကြုံဖူးခဲ့သမျှ အတွေ့အကြုံအပြန်အလှန် မျှဝေပြောကာ ရီခဲ့မောခဲ့ရတာတွေကလဲ အခုများတော့ ပျောက်ပျက်ခဲ့ပေ။သူတို့လဲ ကျွန်တော့် ကို လွမ်းနေမလားပဲ။
မလွမ်းချင်ပေမယ့် လွမ်းခဲ့မိတာတွေကို ဖြေဖျောက်ခဲ့ပါရစေလို့ လက်ပြနှုတ်ဆက်ရင်း ခွဲခွာခဲ့ပြီလေ။
@onlinelover
This post has received a 2.63 % upvote from @boomerang.
I was summoned by @onlinelover. I have done their bidding and now I will vanish...
A portion of the proceeds from your bid was used in support of youarehope and tarc.
Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?