သံယောဇဉ် … ၂
ဘယ်ကဘယ်လိုရောက်ပြီး ဘယ်လိုပျောက်သွားမှန်းမသိတဲ့ သံယောဇဉ်ကြောင့် ပူပန်မိတဲ့စိတ်သောကတွေရခဲ့ကြတာ လူတိုင်းတခုမဟုတ် တခုတော့ ကြုံဘူးကြသူ အများကြီးရှိနိုင်ပါတယ် ။
သွေးသားဆွေမျိုးတော်စပ်မှမဟုတ်
သွေးမတော်သားမစပ်ပါဘဲ ၅၂၈ဆိုသော သံယောဇဉ်ကြောင့် သောကအနည်းငယ် ဖြစ်ခဲ့ဘူးတဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရတယ် ။
ကျနော် ဒီလိုသံယောဇဉ်ဖြစ်မှာကို သတိထားနေလာတဲ့ကြားကကို အခုတခါထပ်ကြုံပြန်ရတယ် ။ ခွေးကလေး ကြောင်ကလေးကအစ သံယောဇဉ်ဖြစ်မိရင် မလွယ်လွန်းလို့  ကျနော်မမွေးဘဲနေလာခဲ့တယ် ။
သူများနိုင်ငံမှာနေရတဲ့အတွက်လည်း ပါတာပေါ့ ။ ကိုယ့်နိုင်ငံမှာ ကိုယ့်အိမ်က ကျယ်ဝန်းပြီး အိမ်မွေးသတ္တဝါလေးတွေကို ကျွေးရမွေးရတာ လွယ်ကူပေမယ့် ဒီမှာက မလွယ်ကူပါဘူး ။
အလုပ်သွားရင်လည်း ခေါ်သွားလို့ က မဖြစ်တော့ တိရိစ္ဆာန်လေးတွေကို ချစ်တတ် သနားတတ်ပေမယ့် အိမ်မှာခေါ်မမွေးဖြစ်ခဲ့ဘူးပေါ့ ။ သတ္တဝါတွေဆိုတာ အသိဥာဏ်ကလဲနည်းပါးပြီး လူကကျွေးမှစားရတာမျိုးပါ ။
လူကိုဖြစ်မိတဲ့သံယောဇဉ်ကို မဆိုထားနဲ့ အိမ်မှာမွေးထားတဲ့ တိရိစ္ဆာန်အပေါ်မှာ သံယောဇဉ်ဖြစ်မိသွားရင် ပူပန်ရပါတယ် ။ ကိုယ်အိမ်ပြန်လာလို့ မတွေ့မိရင် ကားများတိုက်သွားလား ? သူများခေါ်သွားလား ? အဆိပ်များမိနေလား ? စတဲ့သံသယမျိုးစုံနဲ့ တွေးပြီး ပူရ ရှာရတာအမောပါ ။
ဒီလိုတွေ ပူပန်ရလွန်းလို့  သတိထားပြီး သံယောဇဉ်သိပ်မဖြစ်အောင် နေလာခဲ့တာကို ကိုယ်သတိမထားတဲ့ သံယောဇဉ်အမျှင်က လာတန်းနေသေးတာ ။
သံယောဇဉ်အထားခံရသူက သိမယ် မသိမယ် မသေချာပေမယ့် သံယောဇဉ်ထားမိတဲ့သူကတော့ ပူပန်စိတ်တွေနဲ့ အချိန်အနဲအများ ခံစားရတာပါ ။ သူတပါးကိုဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုဘဲဖြစ်ဖြစ် ၁၅၀၀နဲ့ဖြစ်ဖြစ် ၅၂၈နဲ့ဖြစ်ဖြစ် သံယောဇဉ်မဖြစ်မိအောင်သာ ဆင်ခြင်နေထိုင်တာဟာ အကောင်းဆုံးပါဘဲလို့  ကျနော်ထင်တယ်ဗျာ ။
@paingheinkyaw ( author )
သံယောဇဉ်ဆိုတာကလေ ကိုယ်က သတိမထားမိလိုက်ခင်မှာပဲ တွယ်ညိနေပါပီလေ။
ဟုတ်တာပေါ့ဗျာ
သံယောဇဉ်တွေ သံယောဇဉ်တွေ ဖြတ်ရခက်တယ် တွယ်ညိလွယ်တယ် ။ သံယောဇဉ်တွယ်မိမှတော့ 528 ကော 1500 ကော ပူပင်ရတတ်ပါတယ်လေ။
ဒါတွေသိလို့  လူပျိုကြီးလုပ်တာပေါ့ဗျာ ဟားး
၅၂၈ ခြင်းတူပေမယ့် ပေးဆပ်မှုတွေကတော့ကွာခြားပါတယ်ဗျာ။
ဟုတ်ပါတယ်ဆရာ
Congratulations @paingheinkyaw! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of posts published
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
You got a 1.60% upvote from @postpromoter courtesy of @koayezaw!
Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!