မီးလောင်မှုနှင့်ကျန်းမာရေးလိုအပ်ချက်
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံကြီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပါသည်။အမှိုက်ပုံကြီးမီးလောင်မှုကြောင့် ဆက်စပ်မြို့နယ်များနေပြည်သူများ စိုးရိမ်ပူပန်မှုများဖြစ်ခဲ့ကြရသည့်အပြင် အဆိုပါအမှိုက်ပုံမီးလောင်ကျွမ်းမှုမှ ထွက်ပေါ်လာသော မီးခိုးများကြောင့် ပြည်သူများကျန်းမာရေးထိခိုက်မှု မရှိစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
အမှိုက်ပုံမီးလောင်မှုမှာ ဖြစ်ရိုးဖြစ်စဉ်ဟုဆိုသော်လည်း ယခုလောင်ကျွမ်းသော ထိန်ပင်အမှိုက်ပုံမီးလောင်မှုမှာ ရက်ကြာရှည်နေသည့်အပြင် မီးလောင်ကျွမ်းနေသည့် အမှိုက်ဧရိယာမှာကြီးမားကျယ်ပြန့်လှသဖြင့် အမှိုက်မီးလောင်မှုကြောင့် အမှုန်အမွှားများ၊မီးခိုးအနံများ၊ဓာတ်ငွေ့များမှာ ပတ်ဝန်းကျင်ရှိလေထုထဲတွင် လွင့်ပါနေသည်။ယခုဆိုလျှင် အဆိုပါမီးခိုးအနံများကို ရှူ ရှိုက်မိသည့်ပြည်သူအချို့မှာ အသက်ရှူကျပ်သည့် ဝေဒနာများခံစားနေရသည်ဟု ကြားသိရသည်။
ထိန်ပင်အမှိုက်ပုံကွင်းပြင်ကြီးမှာ ဧက၁၂၀ခန့်ကျယ်ဝန်းသည့်အနက် ဧက၈၀ခန့်မှာ အမှိုက်များနှင့် ပြည့်နှက်နေပြီး ဧပြီ၂၁ရက် နံနက်ပိုင်းမှစတင်လောင်ကျွမ်းကြောင်း သိရပါသည်။
အမှိုက်ပုံ မီးငြိမ်းသတ်ရာတွင် လောင်ကျွမ်းမှုဧရိယာကျယ်ပြန့်သောကြောင့် လွှမ်းခြုံရေဖျန်းနိုင်မှုများ မပြုလုပ်နိုင်သဖြင့် မီးကြွင်းမီးကျန်များမှ မီးခိုးလုံးများအဆက်မပြတ် ပေါ်ထွက်လျက်ရှိပါသည်။မီးခိုးငွေ့များတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ကာဗွန်မိုနောက်ဆိုဒ်များပါဝင်သဖြင့် ထိုမီးခိုးငွေ့များရှူ ရှိုက်မိသော ပြည်သူများအနက် နှလုံး၊အသက်ရှူ လမ်းကြောင်းနှင့် အဆုတ်ရောဂါအခံရှိသူများ၊သက်ကြီးရွယ်အိုများ၊ကလေးသူငယ်များ၊ကိုယ်ဝန်ဆောင်မိခင်များမှာ အထူးသတိထားပြီး နှာခေါင်းစည်းများ တပ်ဆင်ထားရန် လိုအပ်ပါသည်။
မီးခိုးငွေ့ကြောင့်ဖြစ်ပေါ်နိုင်သော သာမန်ကျန်းမာရေးပြသနာများမှာ ချောင်းဆိုးခြင်း၊လည်ချောင်းယားခြင်း၊မျက်စိစပ်ခြင်းနှင့်မျက်ရည်ကျခြင်း၊နှာစည်းခြင်း၊ခေါင်းကိုက်ုခင်းတို့ဖြစ်တတ်ပါသည်။မီးခိုးငွေ့ကြောင့် အပြင်းအထန်ဖြစ်နိုင်သော ကျန်းမာရေးပြသနာများမှာ အသပ်ရှူ မြန်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊နှလုံး၊အသက်ရှူ လမ်းကြောင်းနှင့်ရင်ကြပ်ပန်းနာရောဂါများ ပိုမိုဆိုးရွားစေခြင်း၊အသက်ရှူ ကြပ်ခြင်း၊ချောင်းဆိုးခြင်းတို့ဖြစ်စေနိုင်ပါသည်။ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ကြောင့် ခေါင်းကိုက်ခြင်း၊ဇက်ကြောတက်ခြင်း၊အားနည်းခြင်း၊အန်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊စိတ်ရှုပ်ထွေးခြင်းတို့ကိုဖြစ်စေနိုင်ပါသည်။ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့မှာ ရေရှည်တွင် အဆုတ်ကင်ဆာရောဂါအထိဖြစ်နိုင်သောကြောင့် သတိပြုသင့်ပါသည်။
သို့ဖြစ်ရာ အမှိုက်ပုံဟူသည်မှာ ဓာတ်ပြုမှုများဖြစ်ပွားပြီး အလိုအလျောက်မီးလောင်စေတတ်သည့်အပြင် နွေရာသီကာလတွင် မီးလောင်တတ်သည့်သဘောရှိသောကြောင့် အမှိုက်ပုံမီးမှပေါ်ထွက်လာသော အနံဆိုးများ၊ဓာတ်ငွေ့များအားရှူ ရှိုက်မိခြင်းမရှိအောင် သတိပြုဆင်ခြင်ရမည်ဖြစ်သည်။ထို့အပြင်အမှိုက်ပုံကြီးသည်ဖြစ်စေ၊ငယ်သည်ဖြစ်စေ ကျနိးမာရေးအတွက်ဘေးအန္တာရယ်မဖြစ်စေရေးကို အလေးထားဆောင်ရွက်ကြပါလို့ ပြောကြားလိုက်ပါတယ်။
🐔🐔🐔🐔🐔🐔🐔🐔🐔🐔🐔🐔🐔🐔🐔🐔🐔🐔🐔🐔🐔🐔
https://steemit.com/@a-0-0