လူတစ်ဦး၏တန်ဖိုး(၃)
အဲဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက အခုဆုံတွေ့နေတဲ့ သူငယ်ချင်းတွေလို ကျတော့်ဘဝမှာ ဘာတစ်ခုမှ ပိုင်ဆိုင်မှု လက်ဆုပ်လက်ကိုင်မပြနိုင်ခဲ့သလို ဘဝမှာရှိတဲ့ အောင်မြင်မှုတစ်ခုကိုလည် ထုတ်ဖော်ဝင့်ကြွားစရာ ဆိုလို့ ဘာတစ်မှ မရှိတာအမှန်ပါပဲ။သူငယ်ချင်းတွေပြောနေတဲ့ စကားဝိုင်းထဲမှာ ကျတော်မှာ ပြောစရာစကားမရှိခဲ့ရပါဘူး။ထိုင်ပြီး နှုတ်ဆိတ်ရင်းနဲ့သာ။အဲဒီညက ၉နာရီကျော်လောက်မှ မွေးနေ့ညစာစားပွဲ ပြီးဆုံးသွားခဲ့တာပါ။
လွန်ခဲ့တဲ့ တနေ့ဆီလောက်က နေ့လယ်ခင်ပိုင်းအချိန် မွန်းလည် ၁နာရီလောက်မှာ ကျောက်လုပ်ငန်းကိုအတူတူလုပ်ခဲ့ကြတဲ့ အသိမိတ်ဆွေတချို့နဲ့အတူ ၇၄လမ်းနှင့်၃၃လမ်းထောင့်ရှိ လှိုင်းလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ဖြစ်ခဲ့ကြတယ်။အဲဒီမှာ ကျတော့်မိတ်ဆွေတွေက သူတို့စီးနေတဲ့ဆိုင်ကယ်အကြောင်းတွေကို ပြောတယ်။တစ်ဦးက ယိုးဒယားနိုင်ငံထုတ် တစ်ဦးကအိန္ဒိယနိုင်ငံထုတ် တစ်ဦးကဂျပန်နိုင်ငံထုတ်တဲ့။အဲဒီနောက် ဆိုင်ကယ်ရဲ့မော်ဒယ်လ်နဲ့တန်ကြေးတွေကို ပြောနကြပြန်တယ်။ဆိုင်ကယ်တန်ကြေးရှိတာ စီးနိုင်မှလူရာဝင်ဆံ့မယ်လို့ မိတ်ဆွေတစ်ဦးရဲ့ပါးစပ်က ထွက်ကျလာတဲ့စကားတစ်ခွန်းကြောင့် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်တစ်စီးသာပိုင်တဲ့ ကျတော့်ဘဝမှာ အလွန်ကိုအားငယ်သွားရပြန်ပါတယ်။အဲဒီအချိန်မှာ ကျတော်တွေးမိတာ သြော် လူတစ်ယောက်ဟာ တန်ဖိုးရှိတဲ့အရာတွေကို သုံးစွဲနိုင်မှ တိုက်ကြီးတွေ ဇိမ်ခံကားကောင်းတွေ နာမည်ကြီးအဝတ်အစားတံဆိပ်တွေဝတ်စားနိုင်မှ လူတစ်ယောက်ရဲ့အဆင့်အတန်းနဲ့ဘဝရဲ့ တန်ဖိုးတွေကို မြင့်နိုင် သိနိုင်တာပါလို့ကျတော် တွေးမိခဲ့တယ်။
အဲဒီနေ့ကျတော်အိမ်ပြန်ရောက်တော့ လက်ရှိစီးနေတဲ့တရုတ်ဆိုင်ကယ်ကိုရောင်းပြီး စုထားတဲ့ငွေလေနဲ့ ပြန်စိုက်ထည့်ကာ ဂျပန်ဆိုင်ကယ်တစ်စီး ဝယ်မယ်လို့အမေနဲ့တိုင်ပင်တယ်။
HFS-1
နောက်အပိုင်းတွေစောင့်မျှော်နေကြောင်းပါ