မျှော်​လင့်​ ​ရောင်​ခြည်

in #busy7 years ago

အရောင်အသွေးစုံတဲ့

မနက်ခင်းလေးတွေရောက်ရင်

နေခြည်ကို မျှော်နေမိတယ်……

သတိရခြင်းတွေပေါ်လာတိုင်း

လမ်းဟောင်းလေးကို ငေးကြည့်မိတော့

အလွမ်းတွေ စာမဖွဲ့နိုင်…

နှလုံးသားတံခါး မမျှော်လင့်ဘဲ

ခေါက်ခဲ့သူရယ်…အခုတော့

တိမ်စိုင်တွေကို အပြစ်ပုံချလိုက်လေသလား…

မြူမှုန်တွေကျဲသွားမှ မင်းကိုမြင်ရမယ်ဆို

ရက်စက်လွန်းရာများ ကျနေမလား နေခြည်ရယ်…