-မရောင်းသင့်သော ကုန်စည် ၅မျိုး-
၁။
မောင်ငယ်ဟာ ဇီးယိုလှည်းတွန်းရင်း အငြိမ်းစားအရာရှိကြီး တစ်ဦးရဲ ခြံရှေ့ရောက်လာလေရဲ့။
"ဟောသည်က ဇီးယိုရမယ်....ဇီးယို..."
"ဟေး မောင်ငယ် ဇီးယို နှစ်ရာဖိုးလောက်ကွာ၊ ရေနွေးကြမ်းနဲ့ မြည်းရအောင် အတော်ဘဲ"
"ရပြီဦးလေး.."
"အေး..မောင်ငယ် ထိုင်ပါဦး မောတယ်ကွ ခဏနားဦး"
"ဟုတ်ကဲ့...."
"မင်းဇီးယိုလေးက စားကောင်းသကွ..ဘယ်လိုလဲ ရောင်းကောင်းရဲ့လား..."
"ဟုတ်ကဲ့ မဆိုးပါဘူး ဦးလေး"
"အေးကွာ မင်းခုလိုကောင်းရောင်းကောင်းဝယ်လုပ်စားတာ အပြစ်ကင်းတယ်ကွ"
"ဒါပေမယ့် ဘုရားရှင်က ဟောကြားခဲ့တဲ့ မရောင်းကောင်းတဲ့ ပစ္စည်းတွေတော့ မရောင်းမိစေနဲ့.."
"ဗျာ....မရောင်းကောင်းတဲ့ ပစ္စည်းဟုတ်လား ဦးလေး.."
"အေးကွ ဘုရားရှင်က ဗုဒ္ဓဘာသာ တစ်ဦးအနေနဲ့ မရောင်းသင့် မရောင်းအပ်တဲ့ ပစ္စည်းငါးမျိုးကို ဟောကြားခဲ့တယ်.."
"အဲ့တာဘာတွေလဲဟင် ကျတော့ကို့ ပြောပြပါလား"
"ကောင်းပြီ...ပြောပြမယ်၊ ဘာလို့မရောင်းသင့်တာလဲဆိုတာပါ ပြောပြမယ်။"
ရှေးအခါက.....ရွာလေးတစ်ရွာမှာ ဒတ္တဆိုတဲ့ ပန်းဘဲသမားလေးတစ်ယောက်ရှိတယ်။ သူရဲ့ပန်းပဲဖိုမှာ သံစိမ်းတွေကို မီးဖုတ်ပြီး ဓားကောင်းတစ်လက် ထုလုပ်ရောင်းချရာမှာ ကျွမ်းကျင်လှသတဲ့။ သူ့ရဲ့ပန်းပဲဖိုကထွက်တဲ့ ဓားမှန်သမျှ လူကြိုက်များသတဲ့။ ဓားရွက်ပေါ်မှာ ဖော်ထားတဲ့ ပန်းကနတ်ြတွေကလည်း လက်ရာမြောက်လွန်းလို့ လူကြိုက်များပြန်ရော။ သည်တော့ ဒတ္တထုလုပ်ရောင်းချတဲ့ ဓားတွေက လူကြိုက်များပြီး ရောင်းကောင်းတာပေါ့။
တစ်နေ့မှာတော့ ဒတ္တဟာ ပင်လယ်ပိုင်းကရွာတစ်ရွာမှာနေတဲ့ အမျိုးအရင်းချာ တစ်ယောက်ဆုံးတဲ့ သတင်းကြားရပါလေရော။ သည်လိုနဲ့လှေတစ်စင်းနဲ့ သူ့အမျိုးဘကြီးဆုံးတဲ့ဆီကိုသွား
တော့တယ်။ ဘကြီးရွာရောက်တော့ အသုဘ ကိစ္စအစ စ၊အရာ ရာကိုတာဝန်ယူဆောင်ရွက်ပေးလိုက်တယ်။ ရက်လည်ပြီ နောက်ပိုင်းမှာတော့ ရွာလူကြီးဟာ သူ့ဘကြီးပိုင်တဲ့ အမွေတွေကိုလွှဲပေးသတဲ့။ သည်လိုနဲ့ ရက်အနည်းငယ်ကြာတော့ ဒတ္တဟာ လှေတစ်စင်းငှါးပြီး ရွာလူကြီး ထည့်ပေးလိုက်တဲ့ လူယုံတစ်ချို့နဲ့ပြန်လာလေတယ်။
Image Source
အမွေဆက်ခံပြီးပြန်လာတဲ့ ဒတ္တသီတင်းကြားတော့ ဓားပြအဖွဲ့ဟာလည်း လမ်းတွင် ကြို၍ စောင့်နေသတဲ့။ သည့်အခါ ရွာသားတွေနဲ့ ဓားပြအဖွဲ့ဟာ ဓားတွေ တစ်ချွင်ချွင်နဲ့ တိုက်ခိုက်ကြတယ်။ သို့သော် ဓားပြအဖွဲ့ဟာ လူအင်အားတောင်သည်ခါ ဒတ္တတို့အဖွဲ့ဟာ မရှူ့မလှ ခံရပေတော့တယ်။ နောက်ဆုံးတော့ ဒတ္တလည်း ဓားပြတွေ ဓားချက်နဲ့ ဝမ်းဗိုက်သို့ ထိုးမိလေတော့သည်။
ဒတ္တသည် ဝမ်းဗိုက်သို့ ထိုးဝင်နေသောဓားအား မြင်လေရာ...
"အို သည်ဓားဟာ ငါ့ပန်းပဲဖိုက ထုလုပ်တဲ့ဓားဘဲ သည်အတွက်ကြောင့် ရွာသားတွေ ဓားဟာ ကျိုးပျက်ကုန်တာဘဲ။မှားပြီ..ငါဓားကောင်းတွေ ထုလုပ်ရောင်းချမိတာ မှပြီ။..ခုတော့ ငါထုလုပ်ရောင်းချတဲ့ဓားကြောင့်ရွာသားတွေရော ငါပါုပန်အသတ်ခံရပြီ။" ဆိုကာ ဓားပြတွေဓားချက်ကြောင့် ဒတ္တဟာလည်း ရွာသားတွေနဲ့ အတူ သေပွဲဝင်သွားရရှာလေတော့သည်...။
၂။
"နောက်တစ်မျိုးကတော့ လူတွေရဲ့ အခိုင်းအစေခံ ကျွဲ၊နွား၊ မြင်း၊ လူ တို့ဘဲကွဲ့.."ဟုဆိုကာ ဇီးယိုလေးမြည်း ရေနွေးလေးသောက်ရင်း ပြောလေရဲ့.....
ဆက်ရန်.......
Writing by phyozawoo
@phyozawooburmes
MSC-071
ညီ့ဆောင်းပါးတွေ မျှော်နေတာကြာပြီ။ဝမ်းသာတယ်ညီ။Postကလည်းကောင်းပါ့ဗျာ။အားပေးနေပါတယ်ညီ။
ပျောက်နေတာကြာပြီ ပေါ်လာတော့လည်းပွဲဦးထွက်က ရှယ်ပဲ ဆက်အားပေးနေတယ် Bro
ဖတ်ရတာ အားရှိတယ်ဗျာ ☺
စိတ်ဝင်စားဖို့ကောင်းလို့ဆက်အားပေးပါ့မယ်...
ဆက်ဖတ်ပါ့မယ်ဗျ
ခေါင်းစဉ်လေးနဲ့ပင် တော်တော်လေးစိတ်ဝင်စားစရာကောင်းနေပါပြီ။ဖတ်ကြည့်တော့လည်း အဆုံးထိဖတ်ချင်မိပါသော်လည်း စာရေးသူမှ ဆက်ရန်ဟုရေးထားသောအခါ ဟိုမရောက်ဒီမရောက် လှည့်ပြန်ခဲ့ရပါတော့သည်။ကောင်းလိုက်တာဗျာ။စာဖတ်သူကို ဆွဲဆောင်ထားနိုင်ပါတယ်။နောက်အပိုင်းမျှော်နေပါ့မယ်။
ဟုတ်။ခုလိုအသိပညာလေးကိုမှတ်ထားပါမယ်