## မစီမံတတ်ရင် သတ်သလို ##
ပုံပြင်တစ်ပုဒ်တော့ မဟုတ်ခဲ့ပါ ။
သူ့ နာမည် မောင်ထွေး ။
အသက် က (19)
ဇာတိက တောသား ။
အသားလေးက ဖြူဖြူ
လူပုံကချော
စကားပြောယဉ်ကျေး ပြီး
ရိုးသားတဲ့ ဒီကလေး မောင်ထွေးတဲ့လေ ။
ကျနော်က Manager ပေါက်စ ။
သူ နဲ့ ကျနော် လုပ်ငန်းခွင်တစ်ခုမှာ ဆုံကြသည် ။
ရုံးတက်ချိန် က (8:00) နာရီ ။
ရုံးတက်ချိန် (10) မိနစ်အလိုတိုင်း ကျနော်ရောက်တတ်သည် ။
အပင်တွေများတဲ့ ရုံးရှေ့မှာ နေ့စဉ် ပြောင်တလင်း
မောင်ထွေး ရဲ့ လက်ချက် တွေပေါ့ ။
ကျနော် ရုံးရှေ့ ကို ဆိုင်ကယ် အထိုး
အိတ်လေးကို လာယူပေးတာ
ကလေးလေး မောင်ထွေးပေါ့ ။
စာရင်းခန်းက ACCOUNT တွေဟင်းအပိုယူလာ
ဘယ်သူ့အတွက်ပါလဲ မောင်ထွေးပဲ ။
သူ့ သူငယ်ချင်းတွေ နယ်ကိုပြန်လည်း
လက်ဆောင်ယူလာ ဘယ်သူ့အတွက်လည်း
မောင်ထွေးအတွက် ။
အသံစာစာလေးနဲ့ အလုပ်ကိုလည်း အမြဲဦးဆောင်သူ ။
မောင်ထွေးဟာ အားလုံးရဲ့ အချစ်တော် ။
တောသံလေးဝဲဝဲ နဲ့ အားလုံးရဲ့ အသည်းထဲမှာ ရှိနေရဲ့ ။
သူ့ ဌာနမှာ သူဟာ
အချစ်တော်
လူတော်
ပညာရည်(10) တန်း
အသက်က (19)
သူဟာ လူ တော်
တစ်နေ့
သူတို့ ဌာနက ခေါင်းဆောင် Supervisor
အလုပ်ထွက်သွားသည် ။
ကျနော်စဉ်းစားမိသည် ။
မောင်ထွေး နှင့် သင့်တော်လေမလား ။
ဆရာ နဲ့ တိုင်ပင်သည် ။
အဆင်ပြေသည်ဟုပြောသည် ။
ကျနော် ဆုံးဖြတ်လိုက်သည် ။
အားလုံးနီးပါး ပြည့်စုံသည် ။
(မောင်ထွေးခေါင်းဆောင်ဖြစ်ပါပြီ ။)
ကျနော် ခေါ်တွေ့သည် ။
မင်းကိုခေါင်းဆောင်တင်မယ် မောင်ထွေး
မင်းကြိုးစားပါ ။
(ဟုတ်ကဲ့ ဆရာ )
သူသည် ပျော်ရွင်လျှက်
ရုံးစာတွေ အထွေထွေ နဲ့ ခေါင်းဆောင်ပြုလိုက်သည် ။
ပြီးနောက် ကျနော်သည် ကိုယ့်အလုပ်ကို ကိုယ်ဆက်လုပ်မိသည် ။
(1) လ
(2) လ
(3) လ
သတိထားမိချိန်မှာ
ရုံးရှေ့က သစ်ရွက်တွေ နဲ့ ညစ်ပေလျှက်
ကျနော့်ဆိုင်ကယ်အထိုး အိတ်လေးဟာ
အကြိုမရှိတော့ ။
စာရင်းကိုင်တွေရဲ့ ဟင်းအပိုဟာ မပါတော့ပြီ ။
မောင်ထွေး နယ်ကရောက်လာတဲ့ အပေါင်းအသင်းတွေနဲ့ အပြင်အမြဲသွားနေသည်ဟု ကြားသည် ။
(ထပ်ပြီး သတိထားမိတော့)
မောင်ထွေးလေးဟာ ရုံးရှေ့မှာ တောင်လျှောက်
မြောက်လျှောက်
အချိန်တွေကြာလာတော့ မောင်ထွေးလေးဟာ
ရုံးရှေ့ကွမ်းယာဆိုင်မှာ ----------
နောက်ထပ်
နောက်ထပ်
မောင်ထွေးကို ခေါင်းဆောင်မခန့်ဖို့ သူ့ဌာနက
ကလေးတွေ လာပြောသည် ။
မောင်ထွေး ကို AC တွေက မျက်စောင်းထိုးသည် ။
လုပ်ငန်းခွင်နဲ့ အဆင်မပြေတော့ ပေ ။
( အများဆန္ဒအရ )
ကျနော်သူ့ကို အလုပ်ထုတ်လိုက်ရသည် ။
သူ ထွက်သွားသည် ။
ကျနော်စိတ်မကောင်းပါ ။
ကျနော့် ဆရာ စိတ်မကောင်းပါ ။
=====================
အချိန်လေးတွေကြာသွားခဲ့သည် ။
တစ်နေ့
ဆိုင်ကယ်ဝပ်ရှော့ မှာ ဆိုင်ကယ်ပြင်နေတုန်း ----
(ကျနော့်ကို မှတ်မိလား ဆရာ)
ကျနော်သူ့ကို ကြည့်လိုက်မိသည် ။
ဆံပင်စုတ်ဖွားဖွား
မျက်လုံးတွေက နီရဲ
စကားက ဗလုံးဗထွေး
ပါးကဖောင်းဖောင်း
အသားကခပ်နီနီ
အရက်နံက တထောင်းထောင်း
အေး
မမှတ်မိဘူးကွ ။
ကျနော်မောင်ထွေးပါ ဆရာ
(ဟင်) မောင်ထွေး
ဟုတ်တယ်ဆရာ ကျနော်ထိုင်မယ်နော်
အေးထိုင်
ဘေးနားမှာ လာထိုင်သည် ။
ကျနော်မိန်းမရလိုက်တယ် ဆရာ
အခုတော့ ကွဲသွားပြီ ။
(မင်းကြည့်ရတာ အဆင်မပြေဘူးကွာ
ဘာဖြစ်တာလည်း ပြောဦး ။)
အလုပ်ကထွက်ပြီး အခြားအလုပ်ပြောင်းတယ်ဆရာ
အပေါင်းအသင်းတွေ ပိုများလာတယ်
အရက်တွေ စသောက်ရင်း နဲ့ ကျနော် ကြိုက်သွားခဲ့တယ် ။
မိန်းမ ရသွားတယ် ဆရာ ။
ကျနော့်ကိုထားပြီးသူ ပြန်သွားတယ် ။
သမီးလေးကိုလည်း ခေါ်သွားတယ် ။
မောင်ထွေးရယ်
မင်း ဘာဖြစ်တာလဲ ?
ဘယ်လိုဖြစ်သွားတာလဲ ?
ဆရာ့ကြောင့်ပဲ ဆရာ
ဘာကွ
(ကျနော်ပြန်မေးတော့ )
ဟုတ်တယ် ဆရာ
ဆရာ မှားတယ်
ခေါင်းဆောင်မှု နေရာပေးပြီး
ခေါင်းဆောင်မှုပညာကိုသင်မပေးခဲ့ဘူး ။
ခေါင်းဆောင်ဟာ အလုပ်ပိုလုပ်ရမယ် ဆိုတာ မသိခဲ့ဘူး ဆရာ ။
ဘယ်လိုစိတ်ထားရမလဲ
ဘယ်လိုတွေးရမလဲ ဆိုတာ မသိခဲ့ဘူးဆရာ ။
သိရမဲ့ တာဝန်ပေးပြီး မသိတော့ ကျနော် ခံစားရတယ် ဆရာ ။
အတွေးတွေ မှားလာတယ် ဆရာ ။
အလုပ်တွေမှားလာတယ် ။
ကျနော် အခု အလုပ်မရှိဘူး ဆရာ ။
ထားပါတော့ ဗျာ---------
(ကျနော် သွားတော့မယ် ဆရာ )
ထမင်းမစားရသေးဘူး
မနေ့ကတည်းက
ထမင်းဖိုးလေး ပေးပါလား ဆရာ
5000 ထုတ်ပေးမိသည် ။
ကျေးဇူးပါ ဆရာ
တုန်တုန်ယင်ယင် နဲ့
သူထွက်သွားသည် ။
သူပြောတဲ့ စကား ကို
ကျနော် စဉ်းစားနေမိသည် ။
( ဆရာမှားတယ် ဆရာ ခေါင်းဆောင် မှု နေရာ ပေးပြီး
ခေါင်းဆောင် ပညာ သင်မပေးဘူး )
( ဆရာ မှားတယ် ဆရာ ခေါင်းဆောင်မှု နေရာ ပေးပြီး
ခေါင်းဆောင်ပညာ သင်မပေးဘူး )
ဆရာ မှားတယ် ဆရာ
နေရာ ပေးပြီး ပညာ သင်မပေးခဲ့ ဘူး ။
ဆရာ မှားတယ်ဆရာ
နေရာ ပေးပြီး ပညာသင်မပေးခဲ့ဘူး ။
Credit..... AZH