အမေတို့ရွာ …… ၂
ရွာကို အလာမှာ တလမ်းလုံးရီစရာတွေတွေ့လာရတယ် ။ ရွာရောက်တော့ မုန့် သည်ပျက်နေတဲ့သုံးဘီးဆိုင်ကယ်ကို သွားကူဘို့ လူကြုံပါးတာဝင်ပြောပြီး ခနနားကြ အမေ့ခြံမှာနေတဲ့အမျိုးတွေက ချက်ထားတဲ့ထမင်းဟင်းစားပြီး ရွာထဲလျှောက်လည် ဖြစ်ကြတယ် ။
ကျမက ပူတော့ ကပ်ရက်ခြံတွေကိုလှမ်းနှုတ်ဆက်ပြီး အမျိုးတွေဖွင့်ထားတဲ့အိမ်ဆိုင်မှာ နေခဲ့ပြီး ဈေးကူရောင်းရင်း စကားပြောဖြစ်ကြတယ် ။ ကျမလာလည်တော့ အမျိုးတွေက စားစရာဧည့်ခံဘို့ နောက်ထဲသွားပြင်ဆင်တော့ ဈေးဆိုင်မှာ ကျမတယောက်ထဲကျန်ခဲ့ပါရော ။
တအောင့်ကြာတော့ ခလေးတယောက်ရောက်လာပြီးဈေးလာဝယ်တာ သူပြောတာကျမကနားမလည်တော့ စိတ်တိုနေတယ် ။ ခလေးကလည်းမွေးရာ စကားမပီတော့ နှဲခွန်ချက် နှဲခွန်ချက် နဲ့တတွတ်တွက်ပြောနေတော့ ကျမ အနီးစပ်ဆုံးဘာပေးရမှန်းမသိတာ ။ နောက်တခေါက် ကျမလဲ ထပ်မေးတာပေါ့ ဘာလာဝယ်တုန်း ဘာရောင်းပေးရမှာလဲ နင်ပြောတဲ့ နှဲခွန်ချက်ငါမသိဘူး ဘယ်လိုဟာလဲထပ်မေးတော့ ခလေးအတော်စိတ်တိုပြီး ကျမကို လက်ဟန်ပြပြီး ပါးစပ်ကလဲအော်ပြောလိုက်တာ ။ သူပြောလိုက်ပုံက လက်တဖက်က ဝလုံးလေးဝိုင်းပြပြီး ကျန်တဖက်ကလက်ညှိုးက အဲ့ဒီ ဝလုံးကို ထိုးပြပြီး ပါးစပ်ကလဲ နှီလိုလေးလုပ်တဲ့ဟာ နှီလိုလေးလုပ်တဲ့ဟာတဲ့ ။
ကျမဒေါသထွက်ပြီး ခလေးက ကျမကိုဆဲတယ်ထင်ပြီး ခေါင်းထခေါက်ပစ်တာပေါ့ ။ ခလေးကငိုတော့တာပေါ့ ။ အိမ်နောက်ဖေးက အမျိုးတွေကထွက်လာပြီး မငိုနဲ့ချော့ပီး ဘာလာဝယ်တာလဲမေးတော့ ကျမကိုပြောတဲ့အတိုင်း ထပ်ပြောတော့ အမျိုးတွေက ခဲချွန်စက်လေးထုတ်ပေးလိုက်ပြီး မုန့်ပါအဆစ်ပေးလွှတ်ရတယ် ။ ပြန်စဉ်းစားမိတော့လည်း ခလေးပြတာဟုတ်သား ။
ခလေးပြန်သွားတော့မှ ပြောရီကြတာပေါ့ ။ ခလေးပြောတဲ့နှဲခွန်ချက်က ခဲချွန်စက်လေ ။ ခဲချွန်စက်အပေါက်ထဲကို ခဲတံထည့်ချွန်တဲ့ပုံကို လက်နဲ့ ဟန်လုပ်ပြောတဲ့
နှီလိုလေးလုပ်ရတဲ့ဟာဆိုတာက လက်စသတ်တော့ ခဲချွန်စက်ဖြစ်နေတာကိုး ။ အမျိုးတွေနဲ့သူနဲ့က နားလည်ကြတော့ အဆင်ကိုပြေလို့ပေါ့ ။
အမေနဲ့မောင်လေးတို့ကလည်း ခြံထဲက ခူးလာတဲ့အသီးအနှံတွေရော ရွာကအမျိုးတွေပေးတဲ့ အသီးအနှံတွေရော တပွေ့ကြီးပြန်လာကြတယ် ။ ကျမက ခုနအဖြစ်ကလေးကို ပြန်ပြောပြရင်း တခါထပ်ရီမိကြပြန်ပါတယ် ။ ကျမမောင်လေးကဆို အဲ့ဒီတနေ့လုံးက သူ့ပါးစပ်မှာ နှဲခွန်ချက် နှဲခွန်ချက်နဲ့ ပြောနေတော့တာ ။
ကျေးဇူးပြု၍ ဇာတ်သိမ်း ဆက်ဖတ်ပေးပါရှင်
MSC 021



ဟားဟား ကူရီပေးတာပါအမရယ်😁😁
ဟုတ်ကဲ့အဖိုး ရီ ရီ
ဟုတ်သားနော် ...
အောက်ဖက် ဆက်မဖတ်သေးပဲ စဉ်းစားကြည့်သေးတယ် .. စဉ်းစားမရဘူး ဟီး ...
ဟားး
ခလေးကို အနိုင်ကျင့်တာပေါ့။စိတ်ရှည်မယ့်ပုံစံဘဲ။
သူက လက်ဟန်ပြတာလဲကြည့်အူးလေ ကို့ ဆဲတာထင်တော့ ခေါက်ချလိုက်မိရောလေ
ဒါ ကလေးသူငယ် ညှင်းပန်း နှိပ်စက်မှုပဲ။
ဘယ်နှယ့် ဗျာ ....
😂
ဟားး နှဲခွန်ချက်
ဝှီလို နှီလိုလေးလုပ်ရတဲ့ဟာဆိုတာ
လက် စသတ်တော့ ခဲချွဲစက်ကိုး
ငှဲငှဲ
စာဖတ်သူတောင် ခဲချွန်စက်မထင်ဟူး😂😁
တကယ်တော့ ကလေးလေးကအဖြူထည်လေးပါ😊
နှီလိုလေးလုပ်ရတာ နှီလိုလေးလုပ်ရတာ