ထွေရာလေးပါး

in #myanmar8 years ago (edited)

cell phone tower radiation pattern.jpg
photo credit to
http://healthyhabitsupdate.blogspot.com/2017/01/are-cell-phone-towers-harming-you.html?m=1
သင်္ကြန်ပိတ်ရက်ကလည်းနီးလာပြီ။ ရာသီဥတုကလည်း ပူလာပြီး လွမ်းဆွေးစရာ ခံစားချက်လေးတွေကလည်း အငွေ့အသက်ကိုရလာပြီ။ အချိန်ရဲ့ ပြောင်းလဲမှု့က မနေ့တနေ့ကလိုပါပဲ။ အခုချိန်ထိ ငယ်ငယ်က ညီအစ်ကိုတွေတူတူ အိမ်ရှေ့မှာ ရေပက်ကျတာကို ခုချိန်ထိ သတိရနေတုန်းပါ။ ပြန်စဉ်းစားရင် အပူအပင်ကင်းတဲ့ ကလေးဘ၀ကို တစ်ခါပြန်ပြီးလိုချင်တပ်မက်နေတုန်းပါ။ လျပ်စစ်မီးမရှိ၊ ဖုန်းမရှိ။ တီဗီ မရှိပေမဲ့။ ဆော့စရာတွေအပြည့်နဲ့ ပတ်ဝန်းကျင် ကြီးကို ပြန်လည်တမ်းတနေတုန်းပါပဲ။
အခုခေတ်ကတော့ ကလေးတိုင်းဖုန်းကိုယ်စီနဲ့ အပြင်မှာထွက်ဆော့တယ်ဆိုတော့ တော်တော်ရှားလာပါပြီ။ ဖုန်းဆော့တာ IT ပိုင်းဆိုင်ရာနဲ့ ရင်းနှီးပေမဲ့ ၊ ကိုယ်ခန္ဓာ ကြံခိုင်ရေးကျတော့ ရွာမှာနေတဲ့ကလေးတွေနဲ့ ယှဉ်ရင် အရမ်းကိုကွာသွားပါတယ်။ ခေတ်မှီလာတဲ့ နောက်ကွယ်မှာ ရရှိလာတာနဲ့ စွန့်လွတ်ရတာတွေရှိပါတယ်။ ခေတ်မှီလာတော့ ကမ္ဘာအနှံ့ကဖြစ်ပျက်တာတွေကို အချိန်တိုအတွင်းသိ လာရတယ်။ လိုချင်တဲ့အတတ်ပညာကိုလည်း အွန်လိုင်းပေါ်ကနေ အလွယ်တကူလေ့လာသင်ယူလာနိုင်တယ်။ အဲ့ဒီလို အလွယ်တကူ သင်ယူလာနိုင်ပေမဲ့ မကောင်းတာတွေလည်း အတတ်မြန်လာကျတယ်။ လိုင်းပေါ်မှာ သုံးနည်း ပြုလုပ်နည်း အစုံပလုံရှိတော့ IT ကို အလွဲ သုံးစားသုံးမိသွားတဲ့အခါမှာလည်း မိမိဘ၀ပျက်တဲ့အထိဖြစ်နိုင်ပါတယ်။ တစ်နေရာရာမှာ ဖြစ်ပျက်နေတဲ့ အရာတွေဆိုရင်လည်း နေရာမရွေ့ပဲ မိမိဖုန်းထဲကနေကြည့်ရှုလာနိုင်၊ သိရှိလာနိုင်ပါတယ်။
ရွာမှာရှိတဲ့ကလေးအများစုကတော့ အဖေအမေနဲ့ လယ်ယာမှာ ရွာမှာရှိတဲ့အရာအများဆုနဲ့ အနဲအများဆော့ဖြစ်သေးတော့ သန်စွမ်းကျပါတယ်။ ဒါပေမဲ့ ဦးနှောက်ပိုင်းမှာတော့ တစ်ချို့ သွားလာရခက်ခဲတဲ့ ရွာတွေဆိုရင် vitamin အပြည့်မရကျတဲ့အတွက် မှတ်ညဏ်တော့ ထင်ထားသလောက်မကောင်းတာတွေလည်းတွေ့ဖူးပါတယ်။ IT ခေတ်မှာ အစစ အရာရာ အလွယ်တကူရှာဖွေမှာယူနိုင် ပြီး စမ်းသပ်ချက်တွေအတွက်လိုအပ်တာတွေကို စမ်းသပ်နိုင်တာကြောင့်လည်း ကလေးတွေအတွက် အခွင့်အလမ်းတွေ တီထွင်နိုင်စွမ်းတွေ ပိုပြီးဖြစ်လာမယ်လို့ကျန်တော်မြင်ပါတယ်။
ကျန်တော်လည်း ဘာရေးရမယ်မသိတာနဲ့ သင်္ကြန်ရော IT ကော အကုန်ရောကုန်ပြီ။ ဘာပဲပြောပြော ခေတ်မှီလာတာက ကောင်းသလို ခေတ်မမှီတာရဲ့ ကောင်းကျိုးလည်းရှိပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ အရင်ခေတ်တွေမှာ chemical ပိုးသတ်ဆေးတွေ မသုံးတဲ့အတွက် ကျန်းမာရေး အရမ်းကောင်းကျပါတယ်။ အခုခေတ်မှာတော့ နေ့စဉ်အစားအသောက်တွေမှာ chemical တွေက အနဲနဲ့ အများ ပါနေတော့။ ကြာလာတဲ့အခါ မိမိတို့ခန္ဓာကိုယ်ကို ပြန်ပြီးဒုက္ခပေးပါတယ်။ နောက်ထပ်တစ်ခုကတော့ ကျန်တော်တို့ ပတ်ဝန်းကျင်က ဖုန်းတာဝါတိုင်တွေပါ။ ဖုန်းတာဝါတိုင်တွေကလွင့်ထုတ်တဲ့ ရေဒီယိုလိုင်းတွေက ကျန်တော်တို့ဦးနှောက်ကို ဖြေး၂ခြင်းဆီ ထိခိုက်စေပါတယ်။ မိမိက တာဝါတိုင် အနီးနေတာဆိုရင်တော့ ယနေ့ကနေ နောက်ငါးနှစ်ဆိုရင် မိမိမှတ်ညဏ်ဟာ သိသိသာသာ ချို့ယွင်း လာမယ်လို့ ပညာရှင်သုတေသီတွေက ပြောကျပါတယ်။ ကျန်တော်တို့ တာဝါတိုင်ကိုအသာထား။ မိမိတို့ကိုင်နေတဲ့ လက်ကိုင် ဖုန်းကလည်း မိမိကိုထိခိုက်စေနိုင်တဲ့ အကျိုးတွေအများကြီးပေးပါတယ်။ ဖုန်းကိုမိမိအိပ်တဲ့အခါ ခေါင်းအုံးနားထားအိပ်တာကလည်း မိမိဦးနှောက်ကိုထိခိုက်စေနိုင်ပါတယ်။ ဖုန်းက ထုတ်လွင့်တဲ့ ရေဒီယို wave ကလည်း တော်တော်လေးကိုစိုးရွားပါတယ်။ ဒါပေမဲ့ ကျန်တော် ကိုယ်တိုင် အခုထိ ဖုန်းကိုဘေးနားထားနေတုန်းပါပဲ။ အရေးပေါ်ကိစ္စပေါ်လာရင် ဆက်သွယ်ရလွယ်ကူအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုန်းသုံးပြီးအိပ်ပျော်တဲ့ရက်ပေါင်းလည်းမနဲပါဖူး။
Apple-iPhone-5s-0.jpg
photo credit
https://www.phonearena.com/phones/Apple-iPhone-5s_id7710/photos
ခုခေတ်မှာ မီး ၂၄ နာရီရရှိလာပါပြီ။ ဒီလိုရရှိလာလို့လည်း အလုပ်ပေါင်းများစွာ ပိုမိုပြီးမြောက်လာကျပါတယ်။ ဒါပေမဲ့ ညအိပ်နက်လာကျတဲ့ အတွက်လည်း ကျန်တော်တို့အတွက် ရောဂါတွေပိုတိုးပြီးဖြစ်လာပါတယ်။ ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲနေတဲ့နေရာကြီးမှာ ဆိုးကျိုးထက် ကောင်းကျိုးတွေပိုမိုဖြစ်ပါစေလို့ ဆုတောင်းရင်း ကျန်တော့် ဒီစာလေးကို နိဂုံးချုပ်ပါရစေဗျာ။

Author by @saipanpha
Msc-186

Sort:  

အခုခေတ်ကလည်း ဖုန်းဆိုတာ မရှိမကောင်း ရှိမကောင်း

ဖုန်းကလဲကျန်းမာရေးထိခိုက်စေတယ်နော်

ဟုတ်တယ် ဘဒိုရေ

ဖုန်းကို​ခေါင်းရင်းနားထားအိပ်​တာ​လေး​ရှောင်​မှပါလား😁

ခုနောက်ပိုင်းညအိပ်ရင်လူနဲ့အဝေးကြီးထားအိပ်တယ်

ဖုန်းပိတ်အိပ်တာ အကောင်းဆုံးပါ

ဖုန်းကို ဝေးဝေးထားအိပ်တော့မယ်ဗျာ

မြန်မြန်သာ လုပ်လိုက်တော့ ဘဒိုရေ

သိပေမယ့်လဲ မသုံးရင်မနေနိုင်တော့လဲ ခက်သားလား

ညဘက်အိပ်ရင် air plane mode ထားပြီး အိပ်တယ် ... ကလေးလည်း ရှိနေတော့ စိုးရိမ်တတ်နေပြီ

က​လေး​ရော လူကြီးပါ ​ရှောင်​ကြဉ်​ရမှာပါ

ဖုန်းကို​ဝေး​ဝေးထားအိပ်​တာအ​ကောင်းဆုံးပါရှင်​။