*မုန်းလို့ရရင်မုန်းချင်တယ်*
ရုပ်ရှင်ရုံတွင်ကြည့်ဖြစ်ခဲ့သောမြန်မာဇတ်ကားလေးကိုအနည်းငယ်ခံစားတင်ပြချင်ပါသည် ။ဇတ်ကားလေး နာမည်ကတော့ မုန်းလို့ရရင်မုန်းချင်တယ်ဆိုတဲ့ဇတ်ကားလေးပါ။ ဇတ်ကောင်တွေကတော့ ပရိတ်သက်တို့အကြိုက် နေတိုး၊မင်းဦး၊သင်ဇာဝင့်ကျော်၊ရတနာမိုင် တို့ပါဝင်တဲ့ဇတ်ကားကောင်းလေးပါ။အိမ်ထောင်ရေးဇတ်ကားလေးဆိုလည်းမမှားပါဘူး။မုန်းလို့မရတဲ့သူတို့နှစ်ဦးရဲ့ အချစ်ဇတ်လမ်းလေးကိုသရုပ်ဆောင်သွားပုံကတော့အရမ်းကိုကောင်းတယ်လို့ ပြောလို့ရပါတယ်။
မုန်းလို့မရတဲ့သူနှစ်ဦးရဲ့ သံယောဇဉ်တရားကိုခြေခံပြီးရိုက်ထားတဲ့ဇတ်ကားကောင်းလေးလည်းဖြစ်ပါတယ်။ဒီဇတ်ကားလေးကို၂၇.၄.၂၀၁၈ ရက်နေ့မှာတစ်ပြည်လုံးကို ပြပြီဖြစ် လို့ အတော်များများကြည့်ပြီးကြပြီးလို့လည်းထင်မိပါသည်။ ဇတ်ကားလေးရဲ့အစမှာတော့ နေတိုးက သာမန်ဆင်းရဲသားလေးပေါ့ ။ မိမိဝါသနာပါရာ သီးချင်းရေးတဲ့အလုပ်ကိုလုပ်ရင်း ဘဝကိုပေါ့ပေါ့ပါးပါးပဲဖြတ်သန်းနေသူတစ်ယောက်ပေါ့။ တစ်နေ့ သူတို့မြို့မှာချမ်းသာတဲ့ ကောင်မလေးတစ်ယောက်ကိုချစ်ကြိက်မိခဲ့ကြပါသည်။သူကသီချင်းရေးဆရာဆိုတော့ ကောင်မလေး အတွက်အကောင်းဆုံးသီချင်းလေးတစ်ပုဒ်ကိုရေးစပ်ခဲ့ပြီးကောင်မလေးကို ဂစ်တာလေးနဲ့ညစဉ်သီးဆိုပြခဲ့တာပေါ့။ဒီလိုနဲ့ကောင်မလေးနဲ့ချစ်သူသက်တမ်းကြာလာခဲ့ပါသည်။အချိန်တွေကြာလာသည်နှအမျှ မိဘတွေသိလာခဲ့ပါသည် ။တကယ်တမ်းကြတော့သူတို့နှစ်ဦးရဲ့ဘဝကမိုးနဲ့မြေလိုကွာဝေးတော့ပေါင်းစည်းဖို့က ထင်သလောက်မလွယ်ကူခဲ့ပါ။
တကယ်ချစ်ကြတဲ့ချစ်သူတွေရဲ့လမ်းဟာမဖြောင့်ဖြူးဘူးဆိုတဲ့အတိုင်းပေါ့အခက်ခဲတွေမျိုးစုံကြုံခဲ့ရတာပေါ့ ။တစ်နေ့ကောင်မလေးနဲ့ မြို့အပြင်ဘက်မှာချိန်းတွေ့တဲ့အချိန်မှာ ကောင်မလေးနဲ့အလွမ်းတွေချွေရင်းအချိန်တွေ ကုန်မှန်းမသိကုန်ခဲ့တာပေါ့။အလွမ်းဆိပ်သင့်တဲ့ကောင်မလေးတစ်ယောက် အိမ်ပြန်ချိန်ကိုမေ့နေခဲ့ပါသည်။ဒီလို့နဲ့ပဲအကြောင်းပါလာတော့ကောင်မလေးကအိမ်ကိုမပြန်ရဲတော့ဘဲ ခိုးပြေးကြဖို့ အခြေနေဖြစ်လာပါတော့သည်။
ကောင်လေးကလည်း ဘဝတစ်ခုကိုထူထောင်ဖို့အတွက် သူငယ်ချင်းတစ်ဦးအလုပ်လုပ်ရာ ရန်ကုန်မြို့သို့ ကောင်မလေးကိုခိုးပြေးခဲ့ပါသည်။ခိုရာလိုက်ပြေးပီးမကြာမှီကောင်မလေးအိမ်မှသိရှိသွားပြီးကောင်မလေးကိုအမွေပြတ် စွန့်လွတ်လိုက်သည်ဟု သတင်းစာထဲတွင် ထည့် ၍ ကြေညာခဲ့ပါသည်။ကောင်လေးကသူမကိုနှစ်သိပ်အားပေးခဲ့ပါသည်။ကောင်မလေးကလည်အရမ်းချစ်တော့ဘယ်အရာကိုမှမမှုဘဲ ကောင်လေးနဲ့အတူ ဘဝကိုရဲရဲရင့်ရင့်ရင်ဆိုင်ဖြတ်သန်းခဲ့ပါသည်။တစ်နေ့ကောင်မလေးက company တစ်ခုမှာအလုပ်ရခဲ့ပါသည်။သူတို့ဘဝလေးအရင်ကထက်ပိုပြီးစိုပြေခဲ့ပါသည်။
အစစအရာရာအဆင်မပြေပေမဲ့ အပူပင်တွေတော့အနည်းငယ်လျော့သွားတာပေါ့။သူတို့နှစ်ယောက်ရဲ့ဘဝလေးဟာထင်သလောက်တော့ပျော်ရွင်စရာမကောင်းခဲ့ပါ။ကောင်မလေးအလုပ်ချိန်ကနေ့ဘက်ဖြစ်ပြီးကောင်လေးအလုပ်ကညဘက်ဖြစ်နေတော့ နေစဉ်သူတို့နှစ်ဦးတွေဆုံချိန်လေးတွေအလုပ်ဆိုတဲ့အရာက ကန့်သက်ထားခဲ့ပါသည်။ ဒါပေမဲ့သူတို့နှစ်ဦး အချစ်တွေမလျော့ခဲ့ကြပါ။အရမ်းချစ်ကြတဲ့ချစ်သူတွေဖြစ်ကြလို့ တွဲလက်တွေခိုင်မြဲခဲ့ကြပါသည်။ကောင်မလေးကအလုပ်မှာလည်းကြိုးစားရုပ်ကလေးကလည်းချောဆိုတော့company ပိုင်ရှင်သူဌေးလေးက တစ်နေ့ထက်တစ်နေ့ပိုပြီးအရေးပေးခဲ့ပါသည်။အဲ့ဒီအရေးပေးမှုတွေက တစ်နေ့တော့သူတို့ဘဝလေးထဲကို ကံကြမ္မာဆိုးလေးတစ်ခုရောက်ရှိခဲ့ပါသည်။ကောာင်မလေးကို သူ့သဌေးလေးက အိမ်ထောင်ရှိမှန်းမသိပဲချစ်ရေးဆိုခဲ့ပါသည်။ကောင်မလေးကလည်းအလုပ်မှာအောင်မြင်နေတာကတစ်ကြောင်း ၊သူမလိမ်ညာထားသည်ကိုသိရှိသွားမည်ကိုစိုးရမ်သည်ကတစ်ကြောင်း သူဌေးလေးကိုအမှန်တိုင်မဖွင့်ပြောဘဲသူဌေးလေးရဲ့ တောင်ဆိုမှုကို အကြောင်းအမျိုးမျိုးပြကာ အချိန်ဆွဲခဲ့ပါသည်။သူဌေးလေးကလည်းသူမကိုပို၍အလေးပေးခဲ့ပါသည်။အဲ့သည်နောက်ပိုင်း သူမရဲ့သတင်းတွေကိုကောင်လေးကကြားပြီး သူမနဲ့ပြသနာတွေနေ့တိုင်းလိုလိုတတ်ခဲ့ပါသည်။တစ်နေ့သူမကိုအလုပ်ကထွက်ဖို့ ကောင်လေးကတောင်းဆိုခဲ့ပါသည်။သူမကလည်းသူ့အလုပ်ဟာအတိုင်းတာတစ်ခုထိအောင်မြင်နေပြီဖြစ်ကြောင်း၊ဆက်လုပ်ချင်ကြောင်း ကောင်လေးဆီခွင့်တောင်းပြီးအလုပ်ဆက်လုပ်ခဲ့ပါသည်။ကောင်လေးကလည်းပတ်ဝန်းကျင်ကပြောဖန်များလာတော့ စိတ်တွေညစ်ပြီးနေ့တိုင်းနီးပါးအရက်တွေသောက်ဖြစ်ခဲ့ပါသည်။သူတို့နှစ်ဦးရဲ့အိမ်ထောင်ရေးဟာတစ်စထက်တစ်စ ပိုပြီးယိုယွင်းလာခဲ့ပါသည်။တစ်နေ့ကောင်လေးကအရက်တွေသောက်ပြီး ကောင်မလေးအလုပ်ရှိရာအနီးတွင်ကောင်မလေးကိုစောင့်ကြည့်ခဲ့ပါသည်။ company. အတွင်းမှကောင်မလေးနဲ့သူဌေးထွက်လာတာတွေ့တော့ သွားရောက်ပြသနာရှာမည်ပြုရာကောင်မလေးကတွေ့သွားပြီး ကောင်လေးသည်သူမအကိုဖြစ်ကြောင်းညာ ပြောပြီးကောင်လေးကို အိမ်ပြန်ခေါ်ခဲ့ပါသည်။ အိမ်ပြန်အရောက်တွင်ကောင်လေးက ကောင်မလေးကို သူဌေးလေးအရှေ့တွင် အကိုဟုပြောခဲ့သည့်အပေါ်ပို၍သံသယဝင်ခဲ့ပါသည်။ကောင်မလေးနဲ့ပြသနာဖြစ်ပြီးကောင်မလေးအာအလုပ်ထွက်ရန်ဒုအကြိမ်ပြောခဲ့ရာကောင်မလေးကရှင်ပိုက်ဆံဘယ်နှစ်ပြားရှာနိုင်လဲ မထွက်နိုင်ဘူးဟု ပြောခဲ့ပါသည်။
သူတို့၏အိမ်ထောင်ရေးဆိုးသည်ထက်ပို၍ဆိုးလာခဲ့ပါသည်။ကောင်လေးကလည်းအရက်တွေတစ်နေ့ထက်တစ်နေ့ပိုသောက်လာခဲ့ပါသည်။တစ်နေ့သူမနှ့င့်သူဌေးလေးတို့အလုပ်ကိစ္စဖြင့် Hotel တစ်ခုသို့သွားခဲ့ရပါသည်။ ကောင်လေးကနောက်ယောင်ခံလိုက်ခဲ့ရာ hotel. တစ် ခုတွင်တွေ့လိုက်ရသောအခါ သွေးဆူသွားပြီး အကြိုးအကြောင်းမ မေးမြန်းတော့ဘဲ သူဌေးလေးကိုပြသနာရှာပါတော့သည်။အဲ့ဒီနောက်ပိုင်းကောင်မလေးလည်းအိမ်ပြန်မလာတော့ပဲ တစ်နေ့တွင် သူတို့နှစ်ဦးတွေ့ဆုံပြီး သူမတို့နှစ်ဦးသည်တရားဝင်လက်ထပ်ထားခြင်းမရှိကြောင်း၊မိမိဘဝအတွက်အထောက်ပံ့မပေးနိုင်သူ၊ နေစဉ်သောက်စားနေသူနှင့် မပေါင်းသင်းလိုတော့ကြောင်းပြေပြီး သူဌေးလေးနှင့်အတူပြန်ထွက်သွားခဲ့ပါသည်။အဲဒီနောက်ပိုင်းကောင်မလေးလည်းနိုင်ငံခြားကိုထွက်သွားခဲ့ပါသည်။ကောင်မလေးမရှိတော့သည့်နောက်ပိုင်း ကောင်လေးလည်းနာကြီးချက်နှင့်ဘဝကိုရုန်းကန်ခဲ့ရာ နှစ်အနည်းငယ်အတွင်းအောင်မြင်သောသီချင်းရးဆရာတစ်ယာက်ဖြစ်လာခဲ့ပါသည်။အဲ့ဒီနောက်ပိုင်း ယုယခင်ဆိုသောကောင်မလေးတစ်ယောက် သူ့ဘဝထဲကိုဝင်လာခဲ့ပါသည်။သူဘဝအကြောင်းကိုပြောပြလိုက်တော့ ယုယခင်ဆိုသောကောင်မလေးကပိုပြီးတော့အကြင်နာပိုခဲ့ပါသည်။အဲ့ဒီနောက်ပိုင်ကောင်မလေးလည်း နိုင်ငံခြားတွင်ပညာသင်ပြီး ပြန်အလာ ကားပေါ်တွင် သီချင်းနားထောင်ရင်း သီးချင်းရေးဆရာကိုမေးကြည့်ရာ ကောင်လေးဖြစ်နေကြောင်း၊ကောင်လေးဘေးတွင်လည်း ယုယခင်ဆိုသောကောင်မလေးရှိနေကြောင်းသူမပြောပြခဲ့ပါသည်။ တစ်နေ့တွင်အမှတ်မထင်စားသောက်ဆိုင်အဝင်အထွက်တွင် ကောင်လေးနှင့်ယုယခင်ဆိုသောကောင်မလေး ကိုအတူတွေ့ခဲ့ပါသည်။ကောင်လေးကိုတွေ့လိုက်ရတဲ့အခြေနေတစ်ခုကြောင့် ကောင်မလေးပိုပြီးတော့စိတ်မကောင်းဖြစ်ခဲ့ရပါသည်။တကယ်တမ်းတော့ကောင်လေးကလည်း ယုယခင်ကိုအကိုတစ်ယောက်လိုချစ်ခဲ့ခြင်ဖြစ်ပါသည်။
ကောင်လေးရဲ့နှလုံးသားထဲတွင်ကောင်မလေးသာအစဉ်စိုးမိုးနေခဲ့သည်မှာကောင်မလေးကတော့မသိနိုင်ခဲ့ပါ။နောက်ပိုင်းတွင်နေရာအတော်များများတွင်ကောင်လေးကို ယုယခင်နှင်အတူတွေ့လိုက်ရတော့သူမ ရဲ့မျော်လင့်ချက်တွေပျက်စီးသွားပြီဟုယူဆလိုက်ပြီးနယ်မြို့လေးကမိဘတွေအိမ်ပြန်ရန်စိစဉ်ခဲ့ပါသည်။တစ်နေ့တွင်ကောင်လေးသူငယ်ချင်းက သူဌေးလေးကို ကောင်မလေးနဲ့မဟုတ်ဘဲတခြားကောင်မလေးနဲ့တွေ့လိုက်တော့ အကြိုးအကြောင်းကိုမေးမြန်းရာ အကြောင်းစုံကိုသိရှိခဲ့ပြီးကောင်လေးသူငယ်ချင်းကလည်းအကြောင်းစုံကိုပြန်ရှင်းပြခဲ့ပါသည်။ဖြစ်ကြောင်းကိုသိတော့မှ သူဌေးလေးလည် ကောင်မလေးဆီဖုန်းဆက်ရာ ဖုန်ဆက်၍မရတော့ဘဲသူမတို့နယ်မြို့လေးကိုပြန်သွားကြောင်းပြောခဲ့ပါသည်။ တိုက်တိုက်ဆိုင်ဆိုင် ကောင်လေးကို city fm. သီချင်ရေးခြင်းနှင့်ပတ်သက်ပြီး inter view ခဲ့ပြီးကောင်လေးရဲ့အကောင်းဆုံးသီချင် လေးတွေကိုဖွင့်ပြခဲ့ပါသည်။ ကောင်လေးကလည်းဒီသီချင်လေးဟာသူမနဲ့ချစ်သူဘဝကဆိုပြခဲ့သောသီချင်ဖြစ်ကြောင်း၊တစ်ယောက်သောသူအတွက်ရေးစပ်ထားခြင်းဖြစ်ကြောင်း city fm အားဖြေကြားခဲ့သည်ကိုကောင်မလေးက. radio. ကတဆင့်သိရှိခဲ့ပြီး သူမတို့နေခဲ့သော အိမ်ကိုခနကြည့်ပြီး နယ်မြို့လေးသိုပြန်သွားခဲ့ပါသည်။
သူမတို့နှစ်ဦးခိုးပြေးဖြစ်ခဲ့သောနေရာဟောင်းလေးကိုလာရောက်စဉ်ကောင်လေးရောက်ရှိလာပြီး အကြောင်းစုံကိုရှင်းပြကာအတင်းဖတ်ထားလိုက်ပါတော့သည်ဖြစ်ကြောင်းခံစားတင်ပြလိုက်ရပါတော့သည်။ ဒီဇတ်ကားလေးသည် အချစ် အလွမ်း အမုန်း ရသစုံလင်ပြီး တကယ်ချစ်တဲ့ သူတို့၏ရင်ထဲတွင် အဆိုးဆုံးအခြေနေနှင့်ရင်ဆိုင် ခဲ့ရင်တောင် မမေ့နိုင်ဘူဆိုတဲ့ဇတ်ကားကောင်းလေးပဲဖြစ်ပါသည်။ အားလုံကိုကျေးဇူးတင်ပါသည်-
creadit .facebook images
Writing by @sanaung53
ရုပ်ရှင်သွားကြည့်စရာမလိုတော့ဘူး hee.
Thanks.
ရုပ်ရှင်ကြည့်ရင်ကြိုခန့်မှန်းလို့ရအောင်လေ ဟီဟီး
စီကာပတ်ကုံး ဇာတ်လမ်းကို ရုပ်လုံးကြွအောင် ပြောပြနိုင်တယ်နော်
ဟုတယ် ဇတ်ကားလေးကကောင်းလို့ မြန်မာကားသိပ်ကြည့်တွဲျ့န်တ်ာတောင်ြုက်တယ်
This post has received a 4.26% upvote from thanks to: @sanaung53.
For more information, click here!!!!
Try the new Minnowhelper Bots for more information here
Help support @minnowhelper and the bot tracker by voting for @yabapmatt for Steem witness! To vote, click the button below or go to https://steemit.com/~witnesses and find @yabapmatt in the list and click the upvote icon. Thank you.
Voting for @yabapmatt
You got a 50% upvote from @aungzawhtwe courtesy of @sanaung53 ! its cool fee free .
ကျေးဇူးပါအကို