လောကီလူ့ဘ၀နေနည်း # 1

in #myanmar7 years ago

lust.jpg
(1)
ရိုးသားပါ


သင့်အနေနဲ့ လူ့လောကီဘောင်မှာ နေမယ်ဆို ရိုးသားပါ။ ရိုးသားပါဟုဆိုလျှင် တစ်ချို့သောသူများက ဒီကောင် ငအ(ငနွား)ပါကွာ ဆိုပြီး မြင်တတ်လေ့ရှိသည်။ ဒီကောင့်ကို ဂျင်းထဲ့လို့ရတယ်... ငါလုပ်ချင်သလို လုပ်လို့ရတယ်ဆိုပြီး ထင်တတ်လေ့ရှိတယ်... ထိုသို့သောလူစားမျိုးနှင့်တွေ့လျှင် မှတ်ချက်ပေးလိုက်ပါ။ (ဆန်ကုန်မြေလေးလို့)။ ထို့ကြောင့် ရိုးသားပါ ... မအပါနှင့်။ လူလောကကြီးက အတဲ့လူ ခံရစမြဲ ဖြစ်နေတတ်လို့ပါ။

(2)
သဘောကောင်းပါ


သဘောထားကောင်းသူဆိုလျှင် ပိုပြီးနင်းချင်ကြတာ လူ့သဘာဝလိုဖြစ်နေတာက အတော်စိတ်မကောင်းစရာပါပဲ။ သဘောကောင်းတာက ထိုသူအတွက် အားနည်းချက်တစ်ခုလိုပင် ဖြစ်နေလေ့ရှိပါတယ်။ မှတ်ထားရမှာက မိမိသည် အကြင်သူ တစ်ယောက်အပေါ် မည်မျှသဘောကောင်းခဲ့သည် ဖြစ်ပါစေ ထိုသူက မိမိကောင်းသလောက် ပြန်ကောင်းလိမ့်မည်ဟူ တထစ်ချ မတွက်ပါနှင့်။ မိမိကောင်းသလောက် ရောင်ပြန်မဟပ်တဲ့အခါ မိမိကောင်းခဲ့တဲ့ ကုသိုလ်စိတ်ကလေးပါ ပျောက်ကွယ်သွားပါလိမ့်မယ်။

(3)
Win-Win Situation ဖြစ်အောင်အမြဲနေထိုင်ပါ။


ကိုယ့်လူ ... သင့်အနေနဲ့ လူရည်လည် ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ သို့ပေမယ့် "လည်လွန်းတဲ့ဘီးချေးသင့်" ဆိုတဲ့စကားပုံကို ရှေးလူကြီးတွေက အလကားပြောခဲ့တာမဟုတ်ဘူးဆိုတာ အမြဲအမှတ်ရနေပါ။ မိမိသည် မည်သည့်နည်းဖြင့် ငွေရှာနေသည်ဖြစ်စေ တစ်ချက်တော့ သတိထားပါ။ "သူတစ်ပါး ငိုစား ရယ်စား" အလုပ်မျိုးကိုတော့ရှောင်ပါ။ လှည်းဘီးသည် ရှေ့ကသွားနှင့်သည့် နွားနောက်သို့ ထပ်ချပ် မကွာလိုက်သကဲ့သို့ "သူတစ်ပါး ငိုစား ရယ်စား" အလုပ်၏ အကုသိုလ်ကံသည်လည်း မိမိနောက်သို့ ထပ်ချပ်မကွာလိုက်လျက် ကုသိုလ်ကံ အဟုန်ကုန်ဆုံးသည်နှင့် ထိုအကုသိုလ်ကံက လှလှကြီး ၀ဋ်ကြွေးဆပ်စေလိမ့်မည်ဖြစ်သည်။ မိမိ၏ ကုသိုလ်ကံအရှိန်မကုန်သေးလို့ မိမိလုပ်တိုင်း ဖြစ်နေစဉ်မှာတော့ "ငါလုပ်ရင် ဖြစ်တယ်ကွ" ဆိုတဲ့ မာန်မာနလေးတွေက တလူလူလွင့်နေပေလိမ့်မည်။
ထို့ကြောင့် မိမိလည်းအကျိုးရှိ သူတစ်ပါးလည်း အကျိုးဖြစ်ထွန်းစေမယ့် အလုပ်ကိုသာ ဦးတည်ပါ။

ဆက်ပါဦးမည်။

Sort:  

Good bro,next post

tag က life, lifestyle စသဖြင့်ထည့်တာပိုကောင်းမယ်ဗျ

thanks for your advice, I'll do your advice

Done bro follow and vote me