A person 'journey who visited to Panandin Village at High School of northern Myanmar (part-10)
တောတွေ အထပ်ထပ်ထူလာသလို တောင်တန်းကြီးတွေကလည်း ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက်မျက်စိထဲက မထွက်နိုင်တော့ပဲ ရှိလာတော့တယ်။နေရောင်ကလည်း မြင်ရဖို့နေနေသာသာ တရပ်စပ်မပျက်ပဲရွာနိုင်လွန်းတဲ့မိုးတွေ ကြောင့်တစ်နေကုန် ရေပဲထိနေရတဲ့ ဒီခန္ဓာကိုယ်ကြီးကလည်း ဘယ်နေရာပဲ ကိုင်လိုက်ကိုင်လိုက် ပွရောင်းရောင်းနဲ့ သွေးစုတ်နေသလို အသားရေနဲ့ မိုးရေထဲမှာ မောင်းနေရတော့တာပေါ့။ မိုးမှောင်ကျနေပီး မိုးလေလေးတွေက အမှတ်တမဲ့ ဝိုက်ပီးအတိုက်လိုက်မှာဆိုရင် ရင်ဘက်ထဲအေးခနဲဆိုဖြစ်ဖြစ်သွားခဲ့တဲ့ ခံစားမူကလည်း ကြာလာတော့ အနာကျက်လာတဲ့ လူတစ်ယောက်လိုပဲ သိသာသိနေသော်လည်း ဟန်ဆောင်ပန်ဆောင်တောင် မလုပ်ချင်လာအောင်လည်း ရိုးလာပီလို့တောင်ပြောရတော့မယ် အရမ်းအေးလာလွန်းလို့ပေါ့။ တစ်ခါတစ်လေဆို မိုင်းမိုင်းပြာဝေနေတဲ့ ဝန်းကျင်ကြီးကို ကြည့်ပီး စိတ်ထဲက အလွမ်းဓာတ်ခံသမားဆိုတော့ တစ်ချိန်က အမေ့အိမ်ငယ်လေးရဲ့ ပျူဌာမူတွေနွေးထွေးမူတွေကိုပဲ လိုချင်လာတဲ့ အားငယ်စိတ်ကဘယ်ကဖြစ်လာမှန်းမသိတက်လာဘူး။
ဒီလိုနဲ့ကျနော်တို့ဆိုင်ကယ်အဖွဲ့လေးလည်း မိုးလေးတဖွဲဖွဲထဲမှာ အမှားအနည်းဆုံးကင်းအောင် ဂရုတစ်စိုက်နဲ့မောင်းလာလိုက်တာ တောင်ကြောလေးရဲ့ အဆုံးတစ်ခုရောက်တော့ လယ်ကွင်းပြင်ကြီးကို ဘွားခနဲပဲ တွေ့လိုက်ရပါတယ်။ကျနော့စိတ်ထဲမှာလည်း အံသြပျော်ရွင်မူတွေဖြစ်လို့ ပီးတော့ လယ်ကွင်းဆီကသင်းရနံ့ကလေးတွေကလည်း ရွာကိုပြန်ပြီး သတိတရ လွမ်းဆွတ်သလိုတောင် ဖြစ်နေရပြန်ပါကောလား…အဲ့ဒါလေးတွေမြင်နေခဲ့ရတဲ့ အခိုက်တန့်လေးမှာကို စိတ်ခွန်အားတွေ ချက်ချင်းတိုးလာသလို ခံစားမိပါတယ်။ တစ်တောင်နဲ့ တစ်တောင်ကြားက မထိစပ်ခင် လပ်ဟာပြန့်ပြူးနေတဲ့ မြေနေရာ အချို့ကတော့ တောင်ပေါ်ဒေသခံလေးတွေရဲ့ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ လယ်ယာလေးတွေပေါ့။ အဲ့မှာလေ ကျွဲတွေနဲ့လုပ်ကိုင်ထွန်ယက်သူကယက် တောလျောက်တဲ့သူက လျောက်နေကြတာဆိုတော့ …သြ…ကျနော့စိတ်ထဲမှာ ဝင်လာတဲ့အတွေးတစ်ခုကတော့ …"သူတို့လေးတွေကလည်း ကို့အောက်ပိုင်းတောင်သူတွေလုပ်နေသလို …သူတို့စရိုက် ရိုးရာလေးတွေကလည်း အတော်က်ုချစ်စရာကောင်းမှာပဲနော်…"ဆိုပီးတော့ပေါ့ ။ သူတို့ တောင်ပေါ်သူတောင်ပေါ်သားတွေနဲ့ အတွင်းကျကျ အချိန်အများကြီးပေးပီး မခင်ခဲ့ရသေးပေမယ့်လို့ ခုကျနော်တို့အဖွဲ့ကို လိုက်ပို့နေကျတဲ့ အချိန်တွင်းမှာကို ဒီးဇီရယ် ဆီမွန်တို့ကိုကြည့် သူတို့လေး တစ်လမ်းလုံး ကျနော်တို့အဖွဲ့တွေပေါ်မှာ ထားတဲ့ရိုင်းပင်းကူညီကျတဲ့စေတနာ… တောင်ပေါ်သားလေးတွေရဲ့ ရိုးသားပွင့်လင်းမူတွေကိုကြည့်ရင်းနဲ့ …တကယ်ကို သူတို့ရဲ့ ရိုးရာဓလေ့ယဉ်ကျေးမူလေးတွေကို မှန်းဆပီးတောင် လေးစားမြတ်နိုးစရာလည်းဖြစ်မိတာပေါ့။
ဒီမြင်ကွင်းကျယ်ကျယ် လယ်ကွင်းလေးတွေကို ကျော်ဖြတ်လာလိုက်တော့… ကျနော်တို့တွေ့ခဲ့ကျတဲ့ ရွာဟောင်းလေးက ထွက်ပြေးတိမ်းရှောင်းရင်းနဲ့ အသစ်ပြန်လည် တည်ဆောက်ခဲ့ကျတဲ့ ဝရင်းဂါးရွာသစ်လေးကို ရောက်လာခဲ့ပါတော့တယ်။ ရွာလေးက အရမ်းကျဉ်းပါတယ် အိမ်ခြေ(၁၀)ကျော်ကျော်လောက်သာ ကျနော်ဖြင့်တွေ့ခဲ့ရပါတယ်။ ဆိုင်ကယ်နား ကြလို့လျောက်ပတ်ကြည့်မိလိုက်တာ… တကယ်ကို လူနည်းစုရွာလေးပါပဲ…။ဒါမယ့် သူတို့ခမျာ ရွာထဲကဖြတ်သွားကျတဲ့ ခရီးသည်လေးတွေကိုလည်း အဆင်ပြေအောင် မုန့်ဆိုင်လေးတွေတောင် ဖွင့်ပေးထားရှာပါတယ်။ဒါနဲ့ အဖွဲ့သားတွေသောက်ရအောင်တော့ဆိုပီး အချိုရည်ဘူးတွေဝယ်ပီးအားပေးယုံတင်မကဘူး တောင်ပေါ်ခေါက်ဆွဲကိုလည်း အားပေးဖြစ်လိုက်သေးဗျာ…။မှတ်မိနေတုန်းရယ်…လမ်းတောင်ဘက်က ဈေးဆိုင်တန်း(၃)ခုထဲက အရှေ့ဘက်စွန်ဆုံးဆိုင်လေးကို ဘာကြောင့်ပိုမှတ်မိသွားတာလည်းဆိုရင်…"အဲ့တုန်းက ဝရင်းဂါး ရွာသစ်လေးနားမှာ အတော်ကိုနာမည်ကြီးပီး တစ်ကယ်ဖြစ်ရပ်လေးတစ်ခုကြောင့် ပူတာအို ၊ဆွန်ပရာဘွန် တစ်ဝိုက်မှာ ဟိုးဟိုးကျော်နေတဲ့ သတင်းလေးတစ်ခုကတော့ …"နတ်ရေ" ပေါ်ထွက်လာတာပါပဲ…။အဲ့ဒါ ကျနော်တို့အဖွဲ့က သွားကြည့်ချင်လာပီး အပြန်ကျ နတ်ရေ ခတ်ယူလာဖို့ ပုံးခွံမရှိဘဲ အခက်ခဲဖြစ်နေတာကို အဲ့ဆိုင်က အဒေါ်ကြီးကသိတော့…ကူညီပေးရှာခဲ့လို့ သတိတရအနေနဲ့ ကျနော်လည်း မှတ်မိနေခဲ့တာပေါ့။အရမ်းလည်းကျေးဇူးတင်ခဲ့မိပါတယ်…ပီးတော့ နက်ရေအကြောင်းကို သွားမခက်ခင် အဲ့အဒေါ်ကြီးကို ဆက်မေးဖြစ်ကျတော့ အဒေါ်ကြီးက"ငါတို့ ခုနေတဲ့ ဝရင်းဂါရွာတောင်ခြေက လျိုမြောင် ချောင်းကြီးထဲမှာ သွားယူလို့ရတယ် ဆရာလေးတို့…" လို့ပြောပြတယ်။
ကျနော်တို့အဖွဲ့လည်း အရေးကြီးတဲ့ အိပ်လေးတွေလည်းပါတော့ အဲ့ ဆိုင်က အဒေါ်ကြီးကပြောတာပေါ့" ဆရာတို့အထုပ်တွေက မပူနဲ့ ထားခဲ့မှကောင်းမယ်နော် အပြန်လမ်းကအရမ်းပင်ပမ်းလိမ့်မ်နော…"ဆိုပီး …ကျနော်တို့ကို စေတနာနဲ့ ပြောရှာနေပါတယ်။ဒါနဲ့ ကျနော်တို့လည်း အထုပ်လေးတွေ အပ်ထားခဲ့လိုက်ပါတယ်။ ပီးတော့သူခမျာ မြန်မားစကားပြောဖို့ အတော်လေးကို စဉ်းစားနေရတယ် ပီးတော့ "ဒီနတ်ရေကိုတော့ အစက ငါတို့လည်းမသိပါဘူး…တစ်နေ့ရောက်တော့ တောင်ခြေ ယာရှင်းဖို့ဆင်းသွားတဲ့ အဖိုးကြီးတစ်ယောက်ကတွေ့ခဲ့တယ်။ သူက ယာရှင်းပီးလို့အနားယူ ထမင်းစားချိန်ရောက်တော့ ခုနက လျိုမြောင်ကြီးထဲ စီးကျလာတဲ့ ချောင်းငယ်လေး သွားပီး ချက်စားဖို့ပါလာတဲ့ ငါအသေကိုကြက်မှီးခိုးတင်ထားတဲ့ဟာလေးကို ရေဆေးရှာတယ်လေ…အဲ့ဒါအဖိုးကြီးက ငါးလေးကို ရေနဲ့ပွတ်ဆေးရင်းနဲ့ပဲ ဖလပ်ဖလပ်အသံထွက်လာပီး သူလက်ထဲကရုံး ရေဆန်တက်သွားတော့တယ်…ဒဲါ့ အဖိုးကြီးလည်း အိမ်ပ်ြရောက်လာတော့ ရေရဲ့အစွမ်းကိုပြောပြတော့မှ သိရတော့တာပေါ့အေ…"လ်ု့ အဒေါ်ခမျာ ပြောပြရှာပါတယ် ကျနော်တို့လည်းအတော်လေးကို အဓိပ္ပါယ်ပေါက်ပေးလိုက်ရပါတယ်။အဲ့ဒါနဲ့ အဒေါ်ကြီးက သွားလမ်းအစကိုလည်း သူကိုယ်တိုင်တောင် လိုက်ပီးပို့ပေးခဲ့ပါတယ်။
ကျနော်တို့ဒီးဇီလေးကလည်း ဒီနတ်ရေအကြောင်းကို အနည်းအကျဉ်းသိထားတယ်နေမှာ တောင်ခြေကို ဆင်းရင်းနဲ့ သူကပြောပြပြန်ပါရော…"ဆရာရေ ဒီနတ်ရေက တကယ်ကိုစွမ်းတာ အံ့သြစရာကြီး၊ ငါတို့ မချမ်းဘောအိမ်နဘေးက မိန်းခလေးတစ်ယောက် အရွယ်နဲ့ မျက်မှန်မလိုက်အောင်ကို ပါဝါတွေတပ်နေရတာ အဲ့ဒါဒီနတ်ရေနဲ့ မျက်စင်းခက်သလို လုပ်လိုက်တော့…တစ်ပတ်တောင်မလုပ်လိုက်ရဘူး ပျောက်သွားလို့ …ငါတောင် အရင်တစ်ခေါက်နောင်မွန်တက်တုန်းက ပြန်လာလို့ဒီနေရာ ရောက်လာရင် ပလပ်စတစ် ပုံးဝါကြီးနဲ့ ကိုယ်သုံးမလောက် ခတ်ခတ်ပီး ပူတာအိုကိုအပြန်သယ်လာခဲ့သေးတယ်။
ဟုတ်တယ်ဆရာ ဒီနတ်ရေကနော် ဒီရွာလးထဲမှာဖျားနေတဲ့သူတွေကို တိုက်လိုက်ရင်တောင် ခဏနေပျောက်ပေးသွားတယ်…အဲ့ကြောင့်မိုလည်း ဒေသခံတွေက" နတ်ရေ"လို့ ခေါ်လာကျတာလေ။ခုဆိုရင် အရမ်းလည်းဆေး အာနိသင်ထက်လို့တောင် ဆွန်ဘရာဘွန်တို့တို့ ပူတာအိုတို့ကနေ နွေတုန်းကတောင် ကားတွေနဲတက်လာပီး လာရေခက်ကျသေးတယ်။ နောက်ပီး… ဆရာလေး အရေးပြား ပြသနာရှိတဲ့သူတွေဆိုလည်း …ခုငါတို့ချာင်းရောက်ရင်တွေ့ရလိမ့်မယ်။ အဝေးကနေလာပီးတောင် အဲ့ချေင်းလေးထဲ တစ်နေကုန်ရေစိမ်ကျတဲ့သူတွေလည်းရှိတယ်။နောက်ပိုင်း မှာတော့ ဒီနတ်ရေရဲ့အစွမ်းကို ဓာတ်စမ်းသပ်တဲ့အဖွဲ့က စမ်းသပ်ဖို့ယူသွားကြတာ သူတို့ဆီလည်းရောက်ရော…ဒီရေကိုအနက်ရောက်ရင်စမ်းသပ်ဖို့အလုပ်မှာ ရေကိုသယ်လာတဲ့(၂)ယောက်ကတော့ ညကတည်းက စိတ်တွေဖောက်ပြန်သွားကြတာတဲ့ဆရာလေး…ဒါနဲ့သူတို့လည်းစမ်းသပ်ဖို့လုပ်ခဲ့တာမအောင်မြင်ခဲ့ဘူး။တစ်ချို့ ပူတာအိုဆိုင်ကယ်သမားတွေဆို ရင် ဒီနတ်ရေက အစွမ်းထက်လွန်းတာသိတော့ ပုံးဝါကြီးတွေနဲ့သယ်ပီး ပူတာအိုက အရေးတကြီးချင်တဲ့သူတွေဆီ သယ်ရောင်းမယ်လုပ်တဲ့ လူတွေဆိုလည်း ရေခက်ပီးပူတာအိုအပြန်လမ်းမှာ တစ်ခါမှာမဖြစ်ဖူသေးတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်ရတော့တာပဲ…။
တချို.ဆိုရင်တောကောင်လိုက်လို့ ချောက်ထဲခုန်ချတဲ့အထိတောင် ကြားရတယ်ဆရာလေး…"ဆိုပီးပြောပြလိုက်တော့ ကျနော်စဉ်းစားမိတာ ဒီရေတွေဟာ အကျိုးမဲ့ကို့လောဘအဖြစ် အသုံးချမယ့်လူမျိုးတွေ၊နောက် လိုအပ်တာထက်ပိုပီးတော့ ယူတဲ့သူတွေဆိုရင်တော့ …အကျိုးမပြုစေဘဲ ဘေးဒုက္ခတောင်လာတက်တော့ ကျနော်တို့လည်း ရေမခက်ခင် ကို့အတိုင်းတာလေးနဲ့ ခက်ဖို့ အဖွဲ့ကိုလည်းအသိပေးရင်း ဆင်းလာလိုက်တာ နောက်ဆုံး ဆင်းလာရတာလည်း ဇောက်ထိုးဆိုတော့ …ဒူးတွေကိုတုန်နေအောင်ပါပဲဗျာ…နာရီဝက်လောက်ကြာမှ လျိုမြောင်ခြေက ချောင်းကြီးတစ်ခုကိုသွားတွေ့ခဲ့ပါတယ်။အဲ့ဒါ ရေခက်တဲ့အခါမှာလည်း ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းကိုဖောင်နဲ့ကူပီးမှ ချောင်းပေါက်လေးထဲရောက်သွားမှ နတ်ရေကို ခက်ပီးယူလာလို့ရတယ်။ကျနော်တို့ကတော့ ဒီဖက်ကမ်းကနေ ဒီးဆီ သွားခက်ပေးတဲ့ ရေကိုပဲ စောင့်ယူပီးပြန်လာခဲ့ကျတော့တယ်…။
နောက်မှပြန်ဆက်ပါအုံးမယ်နော် ငယ်ချင်းတို့။
အားလုံးလည်းကိုယ်စိတ်နှစ်ပါဲးမြဲရွင်ံပြုံးနိုင်ကျပါစေနော်။
Card photo;from my Facebook
@sheinthu
I love your post, thanks for sharing! I gave you a vote. I hope you enjoy it.
Thanks you so much @completelyanon .Yeah I 'm very happy for your support
I will try the best
မြို့ပြမှာ အချိန်တော်ကြာအောင်
သောင်တင်နေတဲ့ သူတစ်ယောက်က
တောတောင် သဘာဝ ခရီးသွား
post တွေကို စောင့်စားဖတ်ရှုနေတာဟာ
မဆန်းပါဘူးဗျာ
Inn ဟုတ်ပါတယ်လေ တခါတလေ တော့လည်း တောကဓလေ့လေးတွေနဲ့ တိုက်ဆိုင်တာရှိလာပြန်တော့လည်း သတိရမိတာပျော်စရာအရမ်းလည်းကောင်းတယ်
ဗဟုသုတ တစ်ခု တိုးပြန်ပီ ။ နောက်အပိုင်းတွေ စောင့်မျော်လျှက်။
ဟုတ်ပအကိုရေ အစရှိရင်တော့ အဆုံးထိသွားရတော့မှာပဲလို့
ဖတ်ခဲ့ တယ်
ကျေးဇူးတင်လိုက်တာ မမရယ်😄