အမေရိကန် နဲ့ ဗြိတိန်များဟာ လမ်းမရဲ့ အခြားဘက်မှ ဘာ့ကြောင့် မောင်းပါသလဲ

in #myanmar7 years ago

01-Why-Do-Americans-and-Brits-Drive-on-Different-Sides-of-the-Road-shutterstock-1024x683.jpg

လမ်းမရဲ့ ဘယ်ဘက်အခြမ်းမှ မောင်းနှင်လေ့ရှိတဲ့ ဗြိတိန်များရဲ့ ထုံးတမ်းစဉ်လာ ဟာ အကြောင်းမဲ့ ကွဲပြားနေရတဲ့ သင်္ကေတ တစ်ခုမဟုတ်ပါ။ ၎င်းဟာ ကောင်းမွန်စွာ စဉ်းစားသုံးသပ်သင့် တယ်ဆိုတဲ့ အကြောင်းအရာတစ်ခုတော့ ဖြစ်နေပါတယ်။

ကျွန်တော်တို့ ဘာ့ကြောင့် လမ်းမကြီးရဲ့ အခြားတစ်ဖက်မှာ မောင်းနှင်ရသလဲဆိုတာ ကို သင်အမြဲ အံ့ သြနေမိပါသလား။ UK မှ ကားမောင်းသူ များ ဘယ်ဘက်မှာ ရှိနေခြင်းဟာ ကိုးယိုး ကားယား ဖြစ်ပုံပေါ်နိုင်ပေမဲ့လည်း သူတို့တွေချည်းလည်း မဟုတ်ပြန်ပါ။ အိုက်ယာလန် | ဂျပန် နဲ့ အချို့ ကာရေဘီယံ ကျွန်းများ အတွင်းမှ လူများ အပါအဝင် ကမ္ဘာ့ လူဦးရေ 30 % ခန့်ဟာလည်း ထို့ နည်းတူစွာပဲ ဖြစ်ပါတယ်။

images (30).jpg

BBC America ရဲ့အဆိုအရ မူလအစတွင် လူတိုင်းနီးပါးဟာလမ်းမရဲ့ဘယ်ဘက်ခြမ်း မှ သာ ခရီးသွားလေ့ ရှိ ကြောင်း ဖော်ပြထားပါတယ်။သို့သော်လည်း ၎င်း သယ်ယူပို့ဆောင် သွားလာမှု ပုံစံဟာ ယနေ့ ခေတ် အနေအထားနဲ့ များစွားကွဲပြားနေပြီ ဖြစ်ပါတယ်။ဘီးလေးဘီး အစား ခြေ ထောက်လေးဖက်ကို စိတ်ကူးပုံဖော်ကြည့်ပါ။

အေဒီ 1100 နှင့် 1400 ကြား အလယ်ခေတ်မှ ဓားရှည် ကိုင်မြင်းစီး သူရဲများဟာ ၎င်းတို့ ပြိုင်ဘက်များကို ညာလက်ဖြင့် နီးကပ်စွာ ယှဉ်ပြိုင် တိုက်ခိုက်နိုင်ရန် အတွက် လမ်းဘယ်ဘက်ကို အသုံးပြုဖို့ရန် သိမှတ်ထားကြပါတယ်။မြင်းရဲ့ ဘယ်ဘက်ခြမ်းမှ နေ၍ အ တက် အဆင်း ပြုရသည်မှာ အလွန် လွယ်ကူမှုရှိပြီး လမ်းမရဲ့ ဘေးဘက်ခြမ်းကလည်း အလယ်ထက် ပို၍ လုံ ခြုံမှု ရှိစေမှာ ဖြစ်ပါတယ်။

images (34).jpg

ဒါဆိုရင် မေးစရာ မေးခွန်းတွေ ရှိလာနိုင်ပါတယ်။ဘာ့ကြောင့် လူတွေ ဘယ်ဘက်ခြမ်း မှ သွား လာ ခြင်း ကို ရပ်တန့်ခဲ့ပါသလဲ။

1700 ခုနှစ်နောက်ပိုင်း ပြင်သစ်နှင့် အမေရိကတွင် လယ်ယာသုံးထုတ်ကုန်များသယ်ယူ ပို့ဆောင်ရေးအတွက် ကုန်တွဲများကို မြင်းများဖြင့် အတွဲလိုက် ဆွဲယူခြင်းကို အသုံးပြုခဲ့ရာမှ ထိုအရာ များ ပြောင်းလဲသွားခဲ့ပါတယ်။ကုန်တွဲများတွင် မောင်းသူအတွက် ထိုင်ခုံမပါရှိပဲ ဘယ်ဘက်ခြမ်း မြင်းရဲ့ အနောက်ဖက်တွင် မောင်းသူဟာ ထိုင်ခဲ့ရပါတယ်။သူရဲ့ ညာဖက်လက်ကတော့ ကြာပွတ်ကို အသုံး ပြု ပြီး မြင်းများကို ထိန်းကျောင်းမောင်းနှင်တာဖြစ်ပါတယ်။ထိုမောင်းသူများဟာ ဘယ်ဘက်မှာ ထိုင်ခဲ့ ရတာဖြစ်တာကြောင့် အခြားကုန်တွဲများရဲ့ ဘယ်ဖက်မှသာကျော်တက်ခဲ့ရပြီး လမ်းညာဖက်ခြမ်းကို အသုံးပြု မောင်းနှင်ဖို့ အကြောင်း ဖြစ်လာခဲ့ပါတယ်။

download (7).jpg

ဗြိတိန် အစိုးရဟာသူတို့ရဲ့ လမ်းဘယ်မောင်းစနစ်ကို လက်လျှော့ဖို ငြင်းပယ်ခဲ့ပြီး 1773 တွင် လမ်းဘယ်မောင်းစနစ်ကို အားပေးထားတဲ့ General Highways Act ကို စတင် မိတ်ဆက် ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ The Highway Act of 1835 အဖြစ် ဥပဒေ ပြဌာန်းဖို့ စဉ်းစားခဲ့ပါတယ်။ ပြင်သစ်မှာတော့ပြင်သစ်တော်လှန်ရေးကာလအတောအတွင်းနပိုလီယံက၎င်းပြဌာန်းခဲ့တဲ့ဘယ်မောင်းစနစ်ကို ညာမောင်းစနစ်အဖြစ်ပြောင်းလဲ စတင်ဖို့ တရားဝင် ခွင့်ပြုပေးခဲ့ပါတယ်။

၎င်းမရေရာသော မောင်းနှင်မှု စနစ်များအ ဖြစ်ပေါ်နေဆဲ ကာလတွင် ပြင်သစ် နှင့် ဗြိတိန်ဟာ သူတို့ရဲ့ ကမ္ဘာတစ်ဝန်း လျင်မြန်သော ကိုလိုနီ ပြုအားပြိုင်မှုများအတွင်း၎င်းတို့လက်ခံကျင့်သုံးနေတဲ့မောင်းနှင်မှုစနစ်များကိုကျင့်သုံးရန်လက်အောက် ခံနိုင်ငံများအပေါ် တွန်းအားပေးခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ကတော့ သြစတြေးလျ | နယူးဇီလန် နဲ့ အိန္ဒိယ ကဲ့ သို့ ဗြိတိသျှ ကိုလိုနီနိုင်ငံများမှာ ဘယ်မောင်းစနစ်ကို အသုံးပြုခဲ့ကြပြီး အယ်ဂျီးနီးယား | အိုင်ဗရီကို့စ် နဲ့ ဆီနီဂေါ ကဲ့သို့ ပြင်သစ်ကိုလိုနီနိုင်ငံများမှာတော့ ညာမောင်းစနစ်ကို အသုံးပြုခဲ့ကြပါတယ်။

download (6).jpg

1908 မှာ Henry Ford ကသူ့ရဲ့ မော်ဒယ် T ကို ထုတ်ဖော်ပြခဲ့တဲ့ အချိန်မှာ ၎င်း မော် ဒယ်တွင် မောင်းသူထိုင်ခုံမှာ ဘယ်ဖက်တွင်ရှိနေခဲ့ပြီး ကားများဟာ လမ်းမရဲ့ ညာဖက်မှ မောင်းနှင့် သင့်တယ်ဆိုတဲ့ သဘောထားကို သက်ရောက်စေခဲ့ပါတယ်။၎င်းဟာ မြေမျက်နှာသွင်ပြင် အနေအ ထားအရ နိုင်ငံပေါင်းများစွာမှာ အပြောင်းအလဲ တစ်ခုကို ဦးတည်ဖြစ်ပေါ်စေခဲ့ပြီး ကနေဒါ | အီတလီ | စပိန် စတဲ့ နိုင်ငံများဟာ 1920 ခုနှစ်အတွင်းမှာ လမ်းညာမှ မောင်းနှင်တဲ့ စနစ်ကို ပြောင်းလဲ သတ် မှတ်ခဲ့ကြပါတယ်။

ဥရောပ အရှေ့ပိုင်း နိုင်ငံ အများစုကတော့ 1930 ခုနှစ်မှာ လိုက်လံ ပြောင်းလဲ သတ်မှတ်ခဲကြပါတယ်။1967 ခုနှစ် အစောပိုင်းမှာတော့ ဆွီဒင် မောင်းသူများဟာ လမ်းညာဖက်မှ မောင်းနှင်ခြင်းကို စတင်ခဲ့ပြီး အစိုးရဘက်ဂျက်မှ ဒေါ်လာ သန်းပေါင်း 120 ခန့်ကို ကုန်ကျစေခဲ့ပါ တယ်။သို့သော်လည်း ဗြိတိန် မောင်းသူများကတော့ လမ်းဘယ်ဘက်စနစ် မှာ ကျန်ရစ်ခဲ့ကြပြီး ၎င်းဟာ ပြောင်းလဲဖို့ အလွန့်အလွန် မနှစ်မမြို့ ဖြစ်နေတဲ့ အနေအထား တစ်ခု ပဲဖြစ်ပါတယ်။

images (31).jpg

မူရင်းဆောင်းပါးကို ဒီ link မှာ ရှုနိုင်ပါတယ် >>

http://www.rd.com/culture/why-drive-on-different-sides-of-the-road/

photo >> google
Translator >> @shweyaungmyanmar

Sort:  

thanks for the knowledge.

ဟုတ်ကဲ့ ပါ အစ်ကို

ကျေးဇူးပါဗျ

ကျေးဇူးပါ brother

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62795.57
ETH 2581.60
USDT 1.00
SBD 2.74