Lies
ဒီတစ်ပတ် promotion လေးကိုတော့ ကျွန်တော်ရဲ့အတွေးအတိုင်း lies ဆိုတဲ့ လိမ်ညာမှုတွေအကြောင်းရေးသားချင်ပါတယ်။
✌ ယနေ့ခေတ်တွင်မူလိမ်ညာခြင်းတွေ social media တွေအထိခေတ်စားလာခဲ့တယ်။
😊ကမ္ဘာဦးအစတွင်မူ လိုတသစ်ပင်တွေရှိကြတယ် ဆိုတာလူတိုင်းသိကြပါတယ်။
😛လူတွေဟာငါးပါးသီလကိုမထိန်းသိမ်းမှုကြောင့် အဲ့လိုသစ်ပင်တွေက သူ့အလိုလိုပျောက်ကွယ်သွားတယ်။
😊ငါးပါးသီလထဲ လူတိုင်းကအပစ်နည်းတယ်ထင်သော လိမ်လည်ခြင်းဆိုတဲ့ မုသ ကိုအစဉ်ပြေသလိုပြောတတ်ကြတယ်။
😔ရှေးလူကြီးတွေကလဲ စကားပုံတစ်ခုကို စပ်ဆိုခဲ့တယ်။
😌အဲ့တာက မုသမပါလင်္ကာမချောတဲ့။
😚လိမ်လည်ခြင်းတွင်မူ black and white လို အလွန်ကွဲပြားခြားနားတဲ့ ကာလာတွေနည်းတူ ကောင်းသောလိမ်လည်ခြင်းနဲ့ အကျိုးယုတ်အောင်လိမ်လည်ခြင်းနစ်မျိုးရှိပါတယ်။
😁လူတိုင်းဟာလိမ်ညာခြင်းကို ဘာသာစကားတစ်ခုအဖြစ်အသုံးပြုလာရတယ်။
👼အဖြူရောင် သို့ ကောင်းသောလိမ်လည်ခြင်း👼
💦လူတိုင်းဟာ ကောင်းသောလိမ်လည်ခြင်းကို အနည်းငယ်အတွက်သာအသုံးပြုကြတယ်။ မိမိမိတ်ဆွေသူငယ်ချင်းက အကြောင်းအရာတစ်ခုကြောင့် စိတ်ညစ်နေတယ်ဆို သူအားတတ်စေမဲ့အရာတစ်ကို လိမ်ညာပြီးပြောတတ်ကြတယ်။ဥပမာ- မိမိသူငယ်ချင်းထဲတွင် တစ်ယောက်သောသူက သူ့၏ချစ်သူနဲ့ပြတ်သွားပြီဆိုပါစို့။ သူအားငယ်စိတ်ဓာတ်ကျနေတဲ့အချိန် တစ်ချိန်ကသူကြိုက်နေတဲ့တစ်ယောက်က သူ့ကိုကြွေနေပြီလို့ လိမ်ညာပြီးပြောဆိုလိုက်ပါတယ်။သူ၏ခံစားချက်အနည်းငယ် သက်သာသွားပြီး မဟုတ်မှန်သိလိုက်ရတဲ့ အခါ သူကိုလိမ်ညာပြီးပြောတာသိပင်မဲ့ မိမိသူငယ်ချင်း အနည်းငယ်ပျော်သွားလိမ့်မယ်။ လူတွေဟာအဖြူရောင်လိမ်လည်မှုကိုတစ်ခါတစ်လေသုံးပင်မဲ့ အဖြူရောင်လိမ်လည်မှုတွေကလဲတစ်ခါတစ်လေကြရင် ဆုတ်ယုတ်မှုတွေဖြစ်တတ်ခဲ့တယ်။💦
💀အနက်ရောင် သို့ မကောင်းသောလိမ်လည်ခြင်း👽
👂လူတိုင်းဟာ အနက်ရောင်လိမ်လည်ခြင်းကို အသုံးပြုများလာကြတယ်။ အနက်ရောင်မှုကို မိမိကိုယ်ကျိုးအတွက်လိမ်လည်မှုတွေပိုများပါတယ်။ အနက်ရောင်လိမ်လည်မှုကို တခြားသူ၏ဖြစ်စဉ်ကိုမကြည့်ပဲလိမ်လည်ကြတယ်။ မိမိအကျိုးရှိပင် တခြားသူဆင်းရဲဒုက္ခတွေရောက်အောင်လိမ်လည်ကြတယ်။ဥပမာ- ပွဲစားတစ်ယောက်သည် အိမ်တစ်လုံးသူဆီအပ်ပြီဆိုပါစို့။ အိမ်ရောင်းမည့်သူအား ထိုအိမ်က လမ်းနဲ့ဝေးတယ် ဈေးနဲ့ဝေးတယိတဲ့ပြော ဟိုပြောဒီပြောနဲ့ ဈေးလျော့အောင်ပြောကြတယ်။ အိမ်ဝယ်မည့်သူကိုလဲ ထိုအိမ်က မည်သို့မည်ဖုံကောင်းကြောင်းပြောပြီး နစ်ပေါက်တစ်ပေါက်ရိုက်ပြီး ကြားထဲက အကျိုးအမြတ်အများအပြားယူသွားကြတယ်။👀
💕 နေရာအနှံ့အပြားတွေတွေလိမ်လည်မှုတွေရှိကြပါတယ်။ တစ်ချို့ကြတော့လဲ အမှန်တရားလား လိမ်တာလားပင်မသိအောင် လိမ်တတ်ကြတယ်။ထိုသို့လိမ်လည်ခြင်းတွေက ယနေ့ခေတ်တွင် social media တွေမှာ အများအပြားခေတ်စားလာခဲ့တယ်။လိမ်လည်ခြင်းတွေက တရားရုံးတွေ ရဲဌာနတွေအထိပါရောက်လာခဲ့တယ်။ တရားရုံးတွင်လဲ ရှေ့နေတွေကလဲ မိမိ၏အမှုသည်နိုင်ဖို့အတွက် လိမ်လည်မှုတွေလဲ ထွက်လာကြတယ်။💕
ဒီနေ့တော့ ဒီလောက်နဲ့ နားလိုက်မယ်နော် အားပေးကြပါဦး။
အတွေးသစ်တွေနဲ့ smilekinglay
@smileking
Msc 255
မုသားမပါ လင်္ကာမချောတဲ့ ကိုယ့်ရဲ့မုသားဟာ တစ်ပါးသူရဲ့ အခက်အခဲကိုဖြေဖျောက်ပေးနိုင်တယ်ဆို ပြောသင့်ပါတယ်
ဟုကဲ့ ဘုန်းဘုန်း
လိမ်ညာပေါတဲ့ခေတ်
အချစ်စစ်တော့ ရှိမှာပ
ဟဲဟဲ
ချိုမြိန်တဲ့ မုသားဆိုရင်တော့လည်း
ဟဲဟဲ
ခုခောတ်က အလိမ်အညာတွေ ပေါလွန်းတဲ့ခောတ်ပါပဲ့
ဒါပေါ့ဗျာ