ဘောလုံး2018 ပွဲစာရင်း

in #esteem7 years ago

၂၀၁၈ကမ္ဘာ့ဖလားအကြောင်းသိကောင်းစရာ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၅ ရက်အထိ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ တိုက်ကြီး ၅ တိုက်က အသင်းပေါင်း ၃၂ သင်းဝင်ရောက်ယှဉ်ပြိုင်ကြမှာလည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ရုရှားနိုင်ငံအတွင်းရှိ မြို့ပေါင်း ၁၁ မြို့မှာ ရှိတဲ့ အားကစားကွင်း ၁၂ ကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ အဲဒီအားကစားကွင်း ၁၂ ကွင်းကတော့ Luzhniki အားကစားကွင်း၊ Otkritie Arena အားကစားကွင်း၊ Krestovsky အားကစားကွင်း၊ Kaliningrad အားကစားကွင်း၊ Kazan Arena အားကစားကွင်း၊ Nizhny Novgorod အားကစားကွင်း၊ Cosmos Arena အားကစားကွင်း၊ Volgograd Arena အားကစားကွင်း၊ Central အားကစားကွင်း၊ Fisht Olympic အားကစားကွင်း၊ Rostov Arena အားကစားကွင်း၊ Mordovia Arena အားကစားကွင်းတို့ဖြစ်ပါတယ်။ အဲဒီထဲက အားကစားကွင်းအများစုကတော့ အသစ်တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။ Luzhniki နဲ့ Otkritie Arena အားကစားကွင်းတို့ကတော့ ရုရှားနိုင်ငံ မြို့တော် မော်စကိုမြို့မှာ တည်ရှိတာဖြစ်ပြီး ကျန်တဲ့အားကစားကွင်းတွေကတော့ Saint Petersburg၊ Kaliningrad၊ Nizhny Novgorod၊ Kazan၊ Samara၊ Volgograd၊ Yekaterinburg၊ Sochi၊ Rostov-on-Don၊ Saransk စတဲ့မြို့တွေမှာတည်ရှိတာဖြစ်ပါတယ်။ ဖွင့်ပွဲနဲ့ ဗိုလ်လုပွဲအခမ်းအနားကိုတော့ Luzhniki အားကစားကွင်းမှာ ကျင်းပမှာဖြစ်ပြီး ပွဲကြည့်ပရိသတ် ၈ သောင်းကျော်ဆံ့တဲ့အားကစားကွင်းဖြစ်တယ်လို့လည်း သိရပါတယ်။ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်ကတော့ အိမ်ရှင်ရုရှားအသင်းနဲ့ ဆော်ဒီအာရေဗီးယားအသင်းတို့ရဲ့ ပွဲစဉ်ဖြစ်ပါတယ်။ Luzhniki အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ပရိသတ်တွေ စိတ်အ၀င်စားဆုံးဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကမ္ဘာ့ဖလားရဲ့ အုပ်စုမဲခွဲထားမှုတွေကိုလည်း တင်ပြလိုက်ပါတယ်။
၁။ အုပ်စု (အေ) ရုရှား၊ ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ ဥရုဂွေး
၂။ အုပ်စု (ဘီ) ပေါ်တူဂီ၊ စပိန်၊ မော်ရိုကို၊ အီရန်
၃။ အုပ်စု (စီ) ပြင်သစ်၊ သြစတြေးလျ၊ ပီရူး၊ ဒိန်းမတ်
၎။ အုပ်စု (ဒီ) အာဂျင်တီးနား၊ အိုက်စလန်၊ ခရိုအေးရှား၊ နိုင်ဂျီးရီးယား
၅။ အုပ်စု (အီး) ဘရာဇီးလ်၊ ဆွစ်ဇာလန်၊ ကော်စတာရီကာ၊ ဆားဘီးယား
၆။ အုပ်စု (အက်ဖ်) ဂျာမနီ၊ မက္ကဆီကို၊ ဆွီဒင်၊ တောင်ကိုရီးယား
၇။ အုပ်စု (ဂျီ) ဘယ်လ်ဂျီယံ၊ ပနားမား၊ တူနီးရှား၊ အင်္ဂလန်
၈။ အုပ်စု (အိတ်ခ်ျ) ပိုလန်၊ ဆီနီဂေါ၊ ကိုလံဘီယာ၊ ဂျပန်

FB_IMG_1522251302851.jpg

Crd by @stevensoe

photo by google image

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Michael Soe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.