Jade miner That Zaw final part (Original story by That Ko Zaw)
ဤခရီးနီးသလား...
ခရီးအနီးအဝေးသည် သင်သာလျှင် ဖြစ်သည်။
ဤခရီးဝေးသလား......
ခရီးအနီးအဝေးသည် သင်သာလျှင်ဖြစ်သည်။
သို့ဆိုသော် အဘယ်အရာဘယ်သို့ နည်း...
ဘယ်သို့ဆိုသော် သင်သာလျှင်ဖြစ်သည်။
TKZ
မိုင်ဘယ်လောက်ဝေးမလဲ
လျောက်စမ်းသက်ဇော်
လျောက်စမ်း....
တစ်လှမ်းလျောက်လိုက်တိုင်း ဆယ်မိုင်ထဲက တလှမ်းစာလျော့သွားတယ် သက်ဇော်
ဘယ်နှစ်နာရီလျောက်ရလဲမင်းမတွေးနဲ့
ရပ်မနေရင် ရောက်မှာပဲလို့ပဲ မင်းတွေးထား။
ရပ်သွားမယ်ဆိုရင်တော့ မင်းမရောက်တော့ဘူး။
မင်းရဲ ရန်သူက ရပ်သွားမှာဆိုတာပဲတွေးထား။
အဲ့ဒီရန်သူကို သာလျှင် မင်းကြောက်ဖို့လိုတယ်သက်ဇော်......
ဝေခွဲမရတဲ့ ခံစားမှု၊ နားမလည်နိုင်ခြင်းတွေ၊ ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေ တပွေတပိုက်နဲ့ သက်ဇော် လမ်းလျောက်လာခဲ့ချေပြီ။
"သက်ဇော် ကျောက် ဖြတ်ပြီးသွားပြီ။ သိန်း100 နဲ့တဲ့ ငါမင်းကိုလာခေါ်တာ။"
အံသြခြင်းများစွာ နှင့် သက်ဇော် ဘာမှပြန်မပြောနိုင်။
ဘယ်လိုဖြစ်တာတုန်း။ မနေ့ကမှ ကျောက်ဖြတ်မယ်ပြောတော့ ဖြတ်မရဟုပြောသည်။ ကျန်သူများကလဲ မဖြတ်ဟုပြောသည်။ ယခုတော့ ဖြတ်ပြီးသွားပြီ။ မယံနိုင်သေး။ 100 နည်းလွန်းသည်။ မယုံနိုင်လိုက်သွားမှဖြစ်မည် ပြန်မသွားချင်တော့လည်း လိုက်သွားမှဖြစ်မည်။
"ဘယ်လိုဖြစ်တာလဲ အစ်ကိုတို့ ကျနော် မနေ့က ဖြတ်မယ်ဆိုတုန်းက အစ်ကိုတို့မဖြတ်ကြဘူးပြောတယ်။ အခုဖြတ်ပြီးသွားပြီဆိုတော့။"
ကိုယ်စားလှယ် က လက်မှတ်လေးတစ်ခုသာ ထုတ်ပြသည်။ တံဆိပ်လေးတစ်ခုနဲ့ သိန်းတစ်ရာ ပါသော လက်မှတ်လေးတစ်ခု။
ဘာပြန်ပြောရမလဲ ဘာမှပြန်မပြောနိုင်တော့။
ကျောက်ကော ထိုရုံးတွင်ထားခဲ့သည်ဟုဆိုသည်။
ကျနော်တို့ကျင်းသားတွေ မရောင်းဘူးဟုပြောရင် အမှန်ထားခဲ့လို့မရ ပြန်ယူလာလို့ရသည်ဟု စည်းကမ်းတော့ကြားဖူးသည်။
သို့သော်ကိုယ်တွေ့တော့မကြုံဖူးသေး။ ယခုမှုကားကိုယ်စားလှယ်သည် ကြိုမပြော။ ကျောက်ဖြတ်မည် လိုက်ခဲ့ဟုခေါ်ကာထွက်သွားသည်ဟုဆိုသည်။
ကျင်းခေါင်းကိုအောင်နှင့် စက်ပြင် သည်။ ရေအကြားကြီးချိုးကာနေသည်ဟုဆိုသည်။ အဖွဲ့အားလုံးစုကာလိုက်သွားတော့ ဥတုချောင်းထိပ်တွင် အပြန်သာမှီကြသည်ဟုဆိုသည်။ လက်မှက်လေးသာ မြင်ရကာ ကျောက်တော့ မတွေရတော့ပေ။ စည်းမျဉ်းနဲ့ မညီညွတ် ဖြတ်ချင်သောဈေးကို သူ့တို စိတ်တိုင်းကျဖြတ်လာကြသည်။
တနည်းတဖုံပြောရရင် ဘာလုပ်မလဲမေးခြင်းမိုက်ကြေးခွဲခြင်းတမျိုးပေ။
သက်ဇော် မလည်ပေမယ့် မအပေ။
တစ်ဦးခြင်းလိုက်မေးသော်လည်း ထိုသို့သာဖြေသည်။ ကိုယ်စားလှယ်တော့မတွေ့ရ ပြန်မလာဟုသာဆိုသည်။
သက်ဇော်ထပ်မမိုက်ရဲတော့ပေ။ ဘာမှလဲမပြောချင်။
သက်ဇော်သာ တစ်ယောက်ပဲဖြစ်ချေမည်။ မည်သူ့အတွက်မှ တွေးစရာမလိုတော့ပေ။ တဲမီးရှို့ပြန်မလား။ ငွေယူမလားပဲရှိတော့သည်။
သက်ဇော်တို့ တခုခုလုပ်ပြီးပြန်သော် လမ်းကြောင်းသည် ဥတုချောင်းကို ဖြတ်ကိုဖြတ်ရမည်။ ထိုအချိန်အခါတွင် ဥတုချောင်းသည် တောင်ကျရေဖြင့် ရေတတ်နေပေသည်။ ထိုနယ်မြေလွတ်အောင် ပြေးနိုင်ဖို့ကသက်ဇော် မရဲ။ ဒီနေရာမှာ တကယ်တမ်းတော့ သက်ဇော်တို့က ဧည့်သည်။ သက်ဇော် လုပ်ချင်နေသောသူက မွေးဇာတိလိုဖြစ်နေသည်။
ထိုသူတို့ လက်တံဘယ်လောက်ရှည်လဲဆိုတာ သက်ဇော်မသိ။
မချစ်သော်လဲအောင့်ကာနမ်း ပေးသမျှယူရန်ဆုံးဖြတ်လိုက်တော့သည်။
ယခင်က အရာရာ ကြောက်ပြီး ကိုအောင် ခေါင်းငြိမ့်တိုင်းလိုက်ငြိမ့်ခဲ့ကြသော ကျင်းသားလေးဦး သက်ဇော်နှင့်အတူပြန်လိုက်လာကြသည်။ ဘာမှနားမလည်ကြ။
သက်ဇော်ကဲ့သို့ မှော် 6လ တနှစ်လေးများသာ ဖြစ်သည်။ ကိုအောင်နှင့်စက်ပြင်ဆရာသာကျန်ပေသည်။ အားလုံးက ခံစားချက်တူ အိမ်ပြန်ချင်ကြသည်။ ကျင်းခေါင်းကိုအောင် မဖြတ်သေးနဲ့ဟု ပြောလို့ မဖြတ်သေးပါဟုလိုက်ပြောရသည်ဟုဆိုသည်။
လုံးခင်းရောက်မှ ကိုယ်စားလှယ် လာတွေ့သည်။ တိုင်ပင်ညှိနှိုင်းပြီးဟုပြောကာ တစ်ယောက် 5သိန်းဖြစ်သည်ဟု ပြောသည်။ လက်ပြန်ကြိုးတုတ်ပြီး ကျေနပ်လား မေးသလိုသာ။
အိမ်ပြန်ရရင်သာ ကျေနပ်ပါပြီဟုပြောရုံပဲရှိသည်။ လူတစ်ရာကျော်ရှိသောသူဌေး၏ ကုမ္ပဏီတွင် သွားယူရသည်။ လုံခြုံးရေးအတွက် အင်မတန်ကြည့်တတ်သော ကိုယ်စားလှယ်ပါပေ။
တနေ့နေ့တွင် မန်းလေး တို့ ဘာတို့ရောက်သော် အမှတ်မထင်တွေ့သော် နှုတ်ဆက်ပါနော် အစ်ကို ဟုပြောသော် ရယ်လေသည်။
သက်ဇော်လည်းရယ်လေသည်။
ကမ္ဘာကြီး တကယ်ကျဉ်းသေးရင်ပေါ့။
ဝေးဝေးရှောင်ပါ ကိုယ်စားလှယ်။
ဒီမှာ ငါတူ အသံကြောင့်ဖားသေတတ်တယ်။
တကယ် လုပ်ချင်လုပ် ဘယ်တော့မှမပြောနဲ့။
ပြီးတော့ ဒီနယ်မှာ ဘယ်သူမှ မယုံနဲ့။ ငွေနဲ့ ပတ်သက်ရင် လူဆိုတာ စိတ်ပြောင်းသွားတတ်ကြတယ်။
မက်မောစရာကိုး။ အဲ့တော့ မင်းကိုရှင်းရှင်းပြောမယ်။ ငါ့တောင်မယုံနဲ့ကွာ။
သက်ဇော်တို့ ငါးယောက်စကားပြောနေတဲ့ကြားဝင်ပြောသည်။
ဦးလေးဖြစ်သူ ရဲ့ နည်းပါးလှစွာသော ဆုံးမစကားထဲမှ တစ်ခု။
သက်ဇော်သည် ယခင်က သဌေးနှင့် ကိုယ်စားလှယ်၏ လူယုံ ဖြစ်သည်။ နေ့စဉ် ကိုယ်စားလှယ်နှင့် ကော်ဖီသောက်ကာ ည နာရီပြန် တချက်ထိုးထိ ထိုင်ကာ ရောက်တတ်ရာရာပြောတတ်သည်။ တိုဘာ ကိုယ်စီ ခပေါင်းကိုယ်စီပေါ့။
ရွှေသိမ်းသော် သက်ဇော်စစ်သိမ်းသည်။ အလေးချိန်နှင့် စာရေးပြီးသေတ္တာထဲတွင်ဘသက်ဇော်ထားသည်။ သော့သည် သက်ဇော်တွင် ရှိသည်။ ထို့သို့သော အခြေနေများက ကျင်းသားများအတွက် သက်ဇော်သည် စပိုင်ကဲ့သို့ ထင်ကြသည်ကို သက်ဇော်မသိ။ သက်ဇော်သိသည်က ဇတ်တူသားဘယ်တါ့မှမစားဟူသော စိတ်ထားကို အခြားသူများကမသိ။
ထိုကြောင့် သက်ဇော် ရွှေ ကျင်သော် သက်ဇော်ကြည့်သည်။ ရွှေသိမ်းသော် သက်ဇော်သိမ်းသည်။ သို့သော် ထို ရွှေကို မျက်စိအောက်မှပြောက်ကာ ခြောက်ယောက်ခွဲဝေစားခဲ့တိုင်း သက်ဇော် တစ်ယောက်ပဲ မရခဲ့ပေ။ နောက်မှသိခဲ့ရပေသည်။
ခံပြင်းလေစွ။
သက်ဇော် မင်းလုံးဝမမြင်ဘူးပေါ့။ ငါတို့တောင်မြင်တယ် ရှင်းနေတာပဲ။ နှစ်ပတ်တခါ မြို့သွားလည်တယ်ပြောပြီး ရွှေသွားရောင်းကြတာကွ။
ရှက်စရာ ကောင်းလွန်းပါသည်။ မမြင်ပါ။ ထို့အတွက် ဝမ်းနည်းခဲ့ရသော်လည်း သေချာ စမ်းစစ်ကြည့်သော် လူတစ်ယောက်မမြင်အောင်လုပ်ဖို့ လွယ်သည်။ ထိုသို့ လူတစ်ယောက်မမြင်အောင်လုပ်သော် အခြားသူများမြင်ပေးသည် ဖြစ်သည်ကိုနားလည်လာသည်။
သက်ဇော်ကို သစ္စာဖောက်ထင်ခဲ့ကြသည်ကိုး။ တကယ်တန်း သစ္စာဖောက်ဆိုသူများက သူတို့ပေပဲ။
သက်ဇော် သာ သဌေးဘက်နေခဲ့မယ်ဆို နေရာကောင်း အများအပြားရမည်ကိုသိသော်လည်း ဇတ်တူသားခြင်းသာ ချစ်ခဲ့သော သက်ဇော် အတွက် အတွေ့အကြုံပါပဲ။
နောက်ဆုံးတော့ သက်ဇော် နှင့်အတူပြန်လာသည်။ ယုံကြည်သွားသည်ကိုကသက်ဇော်ကျေးဇူးတင်သည်။
ငွေသည်ပြန်ရှာလို့ရသည်။ မိတ်ဆွေတစ်ယောက် မုန်းသွားသော် ပြန်ရဖို့မလွယ်။ သို့သော် သက်ဇော် အမုန်းခံသင့်ရင် ခံပါသည်။
မိုးကောင်းသို့ ရောက်သော်ကိုယ်စီကိုယ်စီ ခွဲသွားကြသည် ကံအကြောင်းတရားဆုံလို့သာ တွေ့ရသည်။ လပေါင်းများစွာ အတူနေထိုင်ကြသည်။ ရက်စက်ခဲ့ကြသည်(သက်ဇော်အပေါ်)။ သို့သော် သံယောဇဉ် သည်ထိန်းမရသော မျက်ရည်များဖြစ်သွားသည်။ သက်ဇော်ပြောချင်တာတော့ သူတို့အားလုံး လူကောင်းတွေပါဗျာ။
အမေ သားပြန်လာပြီ အော်ပြောချင်ပေမယ့် အမေ အံသြသွားအောင် အသာလေးဝင်သွားသည် အိမ်ထဲ။ အမေ အိပ်နေသည်။
ကျန်သော ပိုက်ဆံ လေးသိန်း အမေ့ဘေးတွင်ချပြီး အမေဟု တိုးတိုးလေးခေါ် အံ့သြသွားအောင်လုပ်မည်။
အမေ....
အင်းဟုဆိုကာ အိပ်ချင်မှုးတူး ဟိုဘက်ဒီဘက်လှည့် ကာ လှည့်လာသည်။ မျက်လုံးဖွင့်ကြည့်ကာ ပြန်မိတ်သွားသည်။ နောက်ဆက်ခနဲ ပြန်ဖွင့်လာသည်။ ပြီး ထပြီး ဘယ်သူလဲ၊ ဘာကိစ္စရှိသလဲ ဟုမေးသည်။
အမေ သားလေ သား။
အမေ မျက်လုံးကိုသေချာပြန်ပွတ်ပြီး သေချာကြည့်သည်။
သြော် သားငယ်နင်ကိုး။ မဲတုန်းသွားတော့ ငါဘယ်မှတ်မိမလဲ။
အမေသားတောင်မမှတ်မိတော့ဘူးလားဗျာ ဟုဆိုကာ ဖတ်လိုက်သည်။
နင်ကလဲ မဲသွားလိုက်တာ။
ပါတာလေးအမေ့ဆီ ပေးပြီး ကျနော် လွမ်းဆွတ်ခဲ့ရသော မန်းလေး ညချမ်းကို လမ်းလျောက်ခဲ့သည်။
ဟော့သည် ကျုံး မုန်းဖို့တော့မလွယ်
သူတကယ် လွမ်းစရာတော့ အကောင်းသား
သစ်ပင် လေးတွေ ကြား ငါတို့ ခိုးကြောင်ခိုးဝှက်တွေ့ခဲ့ကြတယ်။
တခါတလေ ဆိုင်ကယ်မီးရောင် ထိုးမိရင်
မင်းကို ငါ့ရင်ဘက်ထဲထည့်ပြီးဖွက်မယ်။
ရယ်စရာပြောကြေးဆို ဆူးတန်းတေ ကာထားတဲ့ကြား ခိုးဝင်ပြီး ရေစပ်နားထိုင်တော့
့နင် တခါ ငါ့ကို စိတ်ကောက် ပြီးတွန်းချဘူးတယ်လေ
ညနေက ငါ နင့်သူငယ်ချင်းကိုကြည့်မိလို့တဲ့
တဏှာမပါပါဘူးကွယ်ပြောတော့ နာဘူး ဆိုပြီးတွန်းချတာ
မှတ်မိသေးတယ်
တကိုယ်လုံးကိုစိုရော
တကယ်တော့ နင်မသိလို့သာ ငါက တဏှာ ကုန်ပြီ သိလား။
အားလုံးနင့်ဆီမှာပဲထားလို့ ကျန်တဲ့နေရာအားလုံး မှာကုန်ပြီ။
ဂီတာ ....
ဂီတာ ....
သက်ဇော် ဂီတာ တစ်လက်ဝယ်ပြီး ထွက်လာခဲ့တယ်။ မှတ်မှတ်ရရ 35000
ရိုကြိုးစွာတောင်းပန်မယ်။ အခြေနေတွေ သူမသိခဲ့ပေမယ့်။ သူစောင့်နေခဲ့ရတာ သိတယ်။
ပြောက်သွားတဲ့သူတစ်ယောက် ဆိုပြီး သက်မှတ်ကြမှာသိတယ်။
ကျနော်သိနောက်ထပ် သိတာက ဂီတာ ပြောရရင် ကျနော်လုံးဝ မတီးတတ်ဘူး။ သီးချင်းလဲ မကြိုက်တတ်ဘူးပြောရမယ် ကျနော် က ခေတ်ဟောင်းသီချင်းတွေပဲ ကြိုက်တာကိုး။
သူရှိတဲ့နေရာ ကို သက်ဇ်ာရောက်လာသည်။
ဂီတာကြီး တကားကားနဲ့ဆိုတော့ ရှက်တော့ရှက်သည်။ ကိုယ်မှမတီးတတ်တော့ စိတ်မလုံ။ သို့သော်
ူသူ အံ့သြမယ် ကျနော် ပြန်လာတာ။ သူကျနော့ကို တော်တော်ချစ်တယ်။ ကျနော်သိတယ်။ သူစောင့်နေမှာပါ။ ကျနော် အဆင်မပြေခဲ့သော်လဲ အတူတူ ကြိုးစားကြမယ်။
လာလည်တာလား သက်ဇော်။
ဟုတ်အမ။ သူလေသူ ရှိလား။ ဘယ်သွားနေတာတုန်း။
သူမရှိတော့ဘူး သက်ဇော်။ သူ့အမေဆုံးပြီးနောက် သူတိုမိသားစု အားလုံး တောင်ကြီးပြောင်းသွားတယ် ဘယ်သူမှသူတို့ လိပ်စာမသိဘူး။
တောင်ကြီး သက်ဇော်လိုက်သွားဖို့ကြိုးစားမိတယ် သို့သော် အားလုံးသည် အစအနပြောက် ဘာမှမသိရတော့။ facebook ကိုကောင်းကောင်းသုံးတတ်တော့ သက်ဇော် ထိုနာမည်ကိုရှာဖွေမိနေဆဲ
သို့သော် .....
သို့သော်......
ဂီတာတလက်သည် အသံမဲ့စွာနေဆဲ
သက်ဇော် သည်လဲ
.................
ဖြစ်နိုင်ရင် မတွေ့ချင်တော့ပါ
တကယ့်အဖြစ်မို့ ဇတ်သိမ်းကို ဝတ္တုဆန်စွာ သိမ်းထားပါသည်
တကယ့် အဖြစ်သိချင်သော် .....
That Ko Zaw
ရင်ထဲကို ထိတယ်ဗျာ တကယ်ကို ကောင်းလွန်းတယ်ဗျာ vote ပေးတာ0.01 ပဲတက်တာ အားမရဘူးဗျာ sbdလက်ဆောင်ပေးမယ် အမြဲတမ်းအားပေးနေပါတယ်။
ကျေးဇူးညေးရေ
This is my brother, kogyi.
😜😜😜😜😜😜😜
ဆရာ အဲ့တုန်းက ဆရာ အရမ်းထိခိုက်မှာဘဲနော် ခုတော့ အရန်းရင့်ကျက်ပြီး ခံစားချက်မဲ့တဲ့သူတစ်ယောက်လိုများဖြစ်နေမလား အရန်းဆိုးတာတွေကြုံရပြီးရင် အဲ့လို ဖြစ်သွားတတ်ကြလို့ ပြောကြည့်တာ မှားသွားရင် sorry နော်အကို
ဟုတ်ပါဘူးဂျာ
😝😝😝😝😝😝😝
နီကလည်းမဲသွားလိုက်တာ ဟီး ဂွတ် ဂွတ် ဂွတ်
တကယ်တကယ် အဲ့ကတည်းက မဲသွားတာ အခုထိ ဘယ်လိုလျော်လျော် မဖြူတော့ဘူး
စကတည်းက နာပြီးသားပါဗျာ။ အသိမ်းလေးတော့ လှပါရစေ။ mandaly လာခဲ့ ဆို လာခဲ့မယ်။ ပြောပြပါ။
လှမှမလှတာ ဆာရယ်
ဇတ်သိမ်းက အခုထိပဲ
အပြင်က ဇာတ်လမ်းတွေက ဝတ္ထုတွေထဲကထက် ပိုပြီးဆန်းကြယ်တတ်ပါတယ်။ တကယ့်အဖြစ်ကိုလည်း သိချင်ပါတယ်။
ပုဂ္ဂုလ်ရေးဆိုင်ရာမို့ပါ သူတို့မိသားစုရှိတယ်လေ
တစ်ကယ့်အဖြစ်ပျက် သိချင်သော်...
တောင်ကြီးကို လိုက်မယ်ဗျာ
ဒီမှာ ဇာတ်ရှိန်ရနေပီ
.
ဇာတ်သိမ်းခန်းလေးပေါင်းစေချင်တာ...
ရင်ထဲမကောင်းအောင်လုပ်သွားတယ်...
အင်းး....ဇာတ်သိမ်းခန်း...
.
ကိုသက်ဇော်ဘဝအကြောင်းဖက်ရတာ
ဗဟုသုတလည်းအများကြီးရပါတယ်
ကျွန်တော် ကျွန်တော့အိမ်ရဲ့အပြင်ဘက်
ဘယ်နေရာမှမရောက်ဖူးသေးဘူး
ကျေးဇူးကိုသက်..
တောင်ကြီး လိပ်စာမှမသိတာ ဂျ
ရောက်သွားသေးတယ်
ဆျာပျောက်နေတာ ခုမှပေါ်လာတယ် ရေငုပ်နိုင်တယ်နော်
ငုတ်ပါဘူးဗျာ
မရေးဖြစ်တာပါ
so feel
Thank you
If you want to know
Ask me cb
You are mysister
wow ထိပီလေ