မှတ်သားဖွယ် လူမှုဖူလုံရေးအကြောင်း

in #myanmar7 years ago (edited)

မင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ steemit အဖွဲ့သားတွေထဲမှာ ကိုယ်ပိုင်အလုပ်လုပ်သူ ကုမ္ပဏီပိုင်ရှင် ကုမ္ပဏီဝန်ထမ်း ကျောင်းသားအစရှိသဖြင့်ပါဝင်ကြလိမ့်မယ်ထင်ပါတယ်ဗျ ကျွန်တော်ကတော့ HR ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့အတွက် အစိုးရဝန်ထမ်းတွေ ကုမ္ပဏီဝန်ထမ်းတွေအားလုံးမသိမဖြစ်တဲ့ လူမှုဖူလုံရေးအကြောင်းတင်ပြပါရစေ။
တော်တော်များများကတော့ လူမှုဖူလုံရေးဆိုတာကြားဖူးပြီးသား အဖွဲ့ဝင်ပြီးသားလည်းဖြစ်နေလောက်ပါပြီ။ လူမှုဖူလုံရေးအာမခံ ဥပဒေကို
၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက် နေ့မှာ ပြဌါန်း ခဲ့ပြီး အဲ့ဒီဥပဒေက နိုင်ငံတော်သမ္မတမှ အမိန့်ကြေညာစာအမှတ်ဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်သည့်နေ့မှ စ၍ အကျိုးသက်ရောက်ပါတယ်
SSB-Logonew1 (1).jpg

တကယ်တော့လူမူဖူလုံရေးဆိုတာက အလုပ်ရှင်ရောအလုပ်သမားရော ပူးပေါင်းပါဝင်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့်အရာဘဲဖြစ်ပါတယ် အလုပ်ရှင်များအနေနဲ့လည်း မိမိအလုပ်သမားတွေကို လူမှုဖူလုံရေးအာမခံထားပေးခြင်းအားဖြင့် မိမိအလုပ်သမားများရဲ့ ကျန်းမာရေးထောက်ပံ့မှုကို ကိုယ်တိုင်တာဝန်ယူစရာမလိုတော့တဲ့သဘောမျိုးဖြစ်သွားလို့ပါဘဲ လုပ်ငန်းခွင်ထိခိုက်တာမျိုးတွေ နာမကျန်းတာတွေနောက်ဆုံးအဆင့်လုပ်ငန်းခွင်ထဲမှာထိခိုက်လို့သေဆုံးတာဘဲဖြစ်ဖြစ်ပေါ့ လူမှုဖူလုံရေးဝင်ထားခြင်းအားဖြင့် အကျိုးခံစားခွင့်ကို လူမှုဖူလုံရေးကပြန်လည်ထောက်ပံ့ပေးခြင်းကြောင့်ဖြစ်ပါတယ်
အလုပ်သမားများအနေဖြင့်လည်း လူမှုဖူလုံရေးဝင်ထားခြင်းအားဖြင့် နာမကျန်းဖြစ်ခြင်း လုပ်ငန်းခွင်ထိခိုက်ခြင်း အာမခံအလုပ်သမားသေဆုံးခြင်း အစရှိတာတွေ အတွက်အကျိုးခံစားခွင့်ပြန်လည်ရရှိစေမှာဖြစ်တဲ့အတွက် လူမှုဖူလုံရေးဝင်ထားသင့်ပါတယ်
ယခုနောက်ပိုင်းမှာတော့ ကုမ္ပဏီတော်တော်များများဟာ လူမှုဖူလုံရေးဝင်ထားတာကိုတွေ့ရပါတယ် တကယ်လို့ လူမှုဖူလုံရေးဝင်ပါက အလုပ်သမားလစာရဲ့ ၂ ရာခိုင်နှုန်းနဲ့ အလုပ်ရှင်မှ ၃ ရာခိုင်နှုန်း စုစုပေါင်း ၅ ရာခိုင်နှုန်းကို လူမှုဖူလုံရေးရုံးကိုပေးသွင်းရမှာဖြစ်ပါတယ်
FB_IMG_1514119410536.jpg
ဒီပုံရဲ့ နံပါတ်၁ နဲ့ နံပါတ် ၆ ကိုဘဲလက်တွေ့အကောင်အထည်ဖော်လျှက်ရှိပါသေးတယ်။ကျန်တဲ့အချက်တွေကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆဲဖြစ်ပါတယ်။ တကယ်တော့လူမှုဖူလုံရေးဥပဒေမှာသေချာဖော်ပြထားပါတယ် ကျွန်တော်ကတော့ HR ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့အတွက် ကုမ္ပဏီပိုင်ရှင်တွေ စက်ရုံအလုပ်ရုံပိုင်ရှင်တွေ အလုပ်သမားဆယ်ဂဏန်းနဲ့အလုပ်လုပ်နေတဲ့သူတွေကိုရည်ရွယ်ပြီး လူမှုဖူလုံရေးကိုအကြမ်းဖျင်းတင်ပြ မိတ်ဆက်ပေးတဲ့သဘောဖြစ်ပါတယ်။ ကျွန်တော့ရုံးမှာ အာမခံဝန်ထမ်းနှစ်ယောက်သေဆုံးဘူးပါတယ် တစ်ဦးက အမျိုးသမီးဖြစ်ပါတယ် သူသေဆုံးတာကတော့ လုပ်ငန်းခွင်ထဲထိခိုက်သေဆုံးတာမဟုတ်ပါဘူး ၉၆ ပါးရောဂါနဲ့ဘဲသေဆုံးပါတယ် ကျန်တစ်ဦးကတော့ မန္တလေးကိုသွားရင်း ဆိုင်ကယ်အက်ဆီးဒန့်ကြောင့်သေဆုံးခြင်းဖြစ်ပါတယ် ဒါပေမယ့် လူမှုဖူလုံရေးဝင်ထားတဲ့အတွက် ထောက်ပံ့ကြေးပြန်လည်ရှိပါတယ်။

Screenshot_2-4-783x520.jpg
ဒီပုံလေးကတော့ ဆေးကုသမှုအတွက် လူမှုဖူလုံရေးအဖွဲ့မှ ကျပ်သိန်းနှစ်ဆယ်ကို အာမခံထားရှိထားတဲ့ဝန်ထမ်းအားပြန်လည်ထောက်ပံ့ပေးစဉ်ကဖြစ်ပါတယ်။ ယခုလိုပါဘဲ မမာမကျန်းဖြစ်တာတွေ အမျိုးသမီးမီးဖွားတာတွေ အာမခံထားတဲ့ဝန်ထမ်းရဲ့ဇနီးမွေးဖွားတာတွေ ယာယီမသန်စွမ်းတာတွေ အမြဲတမ်းမသန်စွမ်းတာတွေ အစရှိသဖြင့်ပေါ့လေ ဒါတွေအတွက်အကျိုးခံစားခွင့်ပြန်လည်ရရှိခံစားစေမှာဖြစ်ပြီး အလုပ်ရှင်များလည်း မိမိအလုပ်သမားများရဲ့အခွင့်အရေးကိုမိမိက မပေးနိုင်ရင်တောင်မှ အစိုးရကပေးတဲ့ အာမခံအကျိုးခံစားခွင့်များရရှိစေရန် လူမှုဖူလုံရေးဝင်ကြပါစို့လို့အကြံပြုပါရစေ။
လူမှုဖူလုံရေး website တွင်လဲလေ့လာနိုင်ပါတယ်
http://www.mol.gov.mm/mm/departments/social-security-board/main-job

Post Writer : Thet Naing Min(@thetnaingmin)
From Myanmar
Photo Credit google Image
MSC-129

Sort:  

မြို့နယ်တိုင်းမှာ လူမှုဖူလုံရေးရုံးတွေ ရှိလား

၇၀% လောက်ဘဲရှိပါသေးတယ်ခင်ဗျ

Good
Thank u for sharing

ခုလိုပြောပြတာကျေးဇူးတင်တယ်

ဟုတ်ကဲ့ပါခင်ဗျ

ခုလိုပြောပြတာကျေးဇူးတင်တယ်

ဟုတ်ကဲ့ပါခင်ဗျ

သိခွင့်​ရလို့​ကျေးဇူးပါ bro

ဟုတ်ကဲ့ပါခင်ဗျ

လူမှုဖူလုံ​ရေးကဒ်​ရှိတယ်​ဗျ.....​ကျေးဇူးပါ
ခု​တော့ပိုပြီး သိရတာ​ပေါ့ postအတွက်​​ကျေးဇူးပါ

လူမှုဖူလုံရေးကတ်ရှိပေမယ့်ဘထည့်ဝင်ကြေးမပြတ်ထည့်မှသာအသုံးပြုနိုင်မှာပါခင်ဗျ ပထမအလုပ်ကထွက်ပီး နောက်အလုပ်မှာလဲအဲဒီကတ်နံပါတ်ကိုဘဲပြန်သုံးရမှာဖြစ်ပါတယ်ခင်ဗျာ

ဟုတ်​ လစဉ်​​ကြေးလည်းသွင်းထားတယ်​ဗျ
နောက်​ဆိုခံစားခွင့်​​တွေနဲ့ပတ်​သက်​ပြီး မသိတာ​မေးပါရ​စေ

ပြည့်​ပြည့်​စုံစုံသိရတဲ့အတွက်​​ကျေးဇူးပါရှင်

နောက်တခါပြည့်ပြည့်စုံစုံဖော်ပြပေးပါ့မယ်ခင်ဗျာ

ကျေးဇူးပါပဲ

ဟုတ်ကဲ့ပါခင်ဗျာ

သိချင်တာတွေ မေးဦးမယ်

ဟုတိကဲ့ သိသလောက်အကုန်ပြောပြပါ့မယ်ခင်ဗျာ

ကျေးဇူးတင်ပါတယ်

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63607.88
ETH 2506.13
USDT 1.00
SBD 2.59