အားလပ်ရက် ခရီးထွက်ခြင်း
ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာပေါ်တွင် လူမျိုးများစွာဘာသာပေါင်းများစွာရှိသည့် အနက် ကျွန်တော်သည် ဗုဒ္ဓဘာသာမြန်မာနိုင်ငံတွင် မွေးဖွားရခြင်းမှာ အလွန်ပင်ကံကောင်းလှသည်ဟုထင်မိပါသည်။မြန်မာနိုင်ငံသည် တောတောင် သဘာဝ သယံဇာတ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဆိုလည်း မမှားနိုင်ပါ။ထို့အပြင် ချစ်စရာ ဓလေ့ထုံးစံလည်း အများအပြားရှိနေပါသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဘုရားတရားကိုင်းရှိုင်းသော နိုင်ငံဖြစ်သည်။ကချင် ကယား ကရင် ချင်း မွန် ရခိုင် ဗမာ ရှမ်းစသော တိုင်းရင်းသားများနေထိုင်ရာ နိုင်ငံလည်းဖြစ်သည်နှင့် အညီ တိုင်းရင်းသားတို့၏ယဉ်ကျေးမှု့များစွာလည်း လေ့လာလို့ မဆုံးနိုင်ပါ။
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံ ဖြစ်သည့်အလျောက် ဘုရား စေတီ ပုထိုးများစွာ ယဉ်ကျေးမှုအမွေအနှစ်များစွာတို့ကို အံမခန်းဖွယ် လေ့လာသိရှိနိုင်သည်။ရှေးယခင်ခေတ်ကသုံးစွဲခဲ့သောလူအသုံးအဆောင် လက်နက်များကိုလည်းသမိုင်းဝင်ပြတိုက်ထဲတွင်တစ်စုတစ်စည်းတည်းလေ့လာနိုင်သည်။မိမိသည် ရှေးဟောင်းအမွေအနှစ် ဘုရားပုထိုးများကို လေ့လာချင်ပါက မြန်မာနိုင်ငံ အမွေအနှစ်တစ်ခုဖြစ်သော ပုဂံမြေသို့ ဖူးမြော်လေ့လာရန် အကြံပြုလိုပါသည်။ပုဂံတွင် ရှေးဘုရင်မင်းဆက်များစွာ တည်ထားကိုးကွယ်သော ဘုရားစေတီများ ကျောင်းကန်များ ကျောက်စာများ ရှေးခေတ် အသုံးအဆောင်များစွာ တွေ့ရပါလိမ့်မည်။
ပုဂံတွင် ရှေးဘုရင်များ၏ သြဇာအာဏာကြွယ်ဝပုံ အမြော်အမြင်ကြီးပုံ ဗိသုကာလက်ရာ ပြောင်မြောက်ပုံတို့ကို ရှေးဟောင်းပုဂံနယ်မြေသို့ရောက်ရှ်ိလျှင်အထင်းသားတွေ့မြင်နိုင်မည်။ထို့ကြောင့် မြန်မာမှန်လျှင် ပုဂံသို့ ရောက်ဖူးရမည်ဟု ပြောစမှတ် ပြုလာခြင်းဖြစ်လိမ့်မည်။အမှန်တကယ်လည်း လေ့လာသင့်သော ရှေးဟောင်းနယ်မြေတစ်ခုဖြစ်ပါတယ်။
နောက်ပြီး တောတောင်သဘာဝအလှတရားကိုလေ့လာချင်တယ် ဆိုရင် ရှမ်း ဓနု ပအိုဝ်များစုပေါင်းနေထိုင် ဖြစ်သော ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ကို သွားရောက်လည်ပတ်စေလိုပါတယ်။ တောင်ကြီးမြို့ဟာ မြူများအုံ့ဆိုင်းပြီးတောတောင်ရှုခင်း များဖြင့်သာယာလှပသော မြို့လည်းဖြစ်ပါသည်။ရှမ်းတိုင်းရင်းသားတို့၏ရိုးရာ ဓလေ့များ မိရိုးဖလာလုပ်ငန်းများမှာ လွန်စွာစိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။တောင်ကြီး တန်ဆောင်တိုင်ဟာဆိုရင် နှစ်စဉ်နှစ်တိုင်း နိုင်ငံခြားဧည့်သည်များကိုဆွဲဆောင်နိုင်သော ပွဲလေးလည်းဖြစ်ပါသည်။ တောင်ကြီးမြို့ရဲ့သဘာဝအလှကို ချယ်ရီပန်းများ ရိုးရာဓလေ့များ ရိုးသားဖော်ရွေမှုများဖြင့် တန်ဆာဆင်ထားသည်ဟု ထင်မိသည်။အကယ်၍ စာဖတ်သူအနေဖြင့် စိတ်ထဲမွန်းကျပ်နေပါက တောင်ကြီးမြို့ဟာ စိတ်အပန်းဖြေနေရာအကောင်းဆုံးနှင့်လေ့လာစရာအကောင်းဆုံးနေရာတစ်ခု ဖြစ်သည်ဟုထင်မိပါသည်။မှတ်ချက်._တောင်ကြီးမြို့၏အထင်ကရနေရာများသို့လည်ပတ်ရန်အတွက်အချိန်(၂)ခန့်ကြာပါလိ့်မ်မည်။
ကျွန်တော်တို့မြန်မာနိုင်ငံသည် ရိုးရာယဉ်ကျေးမှုနှင့် လေ့လာလို့မဆုံးနိုင်သော တောတောင်သဘာဝအလှ တရားများစွာ တည်ရှိနေသော နိုင်ငံလေးဖြစ်ပါသည်။မွန်ပြည်နယ် သမိုင်းဝင် ကျိုက်ထီးရိုးဘုရား ဟာဆိုရင် မြန်မာနိုင်ငံတွင်တန်ခိုးကြီးသောဘုရားတစ်ဆူ ဖြစ်ပါသည်။မြင့်မားသော တောင်ထိပ် ပေါ်တွင် ကြက်မတစ်ဝပ်စာခန့်မျှသာ လွတ်နေသောကျောက်တုံးပေါ်မှ တည်ထားကိုးကွယ်ထားခြင်းဖြစ်သည်။ အင်မတန်မှ အံ့သြဖွယ်ကောင်းသော ဘုရားတစ်ဆူလည်းဖြစ်ပါတယ်။ထို့အပြင် ကျိုက်ထီးရိုးဘုရား၏ သမိုင်းများစွာ ၎င်းဘုရားအနီးရှိ တောင်ပေါ်မှသမိုင်းများမှာလည်း ထူးဆန်းဖွယ် လေ့လာဖို့ကောင်းလောက်ပါသည်။ဘုရားရင်ပြင်သို့ ရောက်ရှိသွားပြီဆိုပါက ဘုရား၏မေတ္တာရိပ်ဟာ အေးချမ်းလှသလို ကိုယ်စိတ်နှစ်ပါးလည်း လွတ်လပ်သလို ခံစားရမှာ ပါ။ဘုရားရင်ပြင်ပေါ်တွင် လတ်ဆတ်သောလေတို့ကို ရှူရိုက်ရင်း ဘုရားအားဖူးမြော်ကန်တော့ခွင့်ရသော နေရာကောင်းလေးလည်း ဖြစ်ပါသည်။မြန်မာနိုင်ငံတွင် ခရီးလည်ပတ်လေ့လာစရာကောင်းသော နေရာများလည်းပေါများပါလိမ့်မည်။သို့ပေမယ့် ကျိုက်ထီးရိုးဘုရား ဟာဖြင့် မြန်မာနိုင်ငံသူ/သားများနှစ်စဉ်နှစ်တိုင်း သွားရောက်ဖူးမြော်သင့်သော ဘုရားတစ်ဆူ အဖြစ် အကြံပေးလိုက်ရပါသည်။
ယခုကျွန်တော်ရေးသားဖော်ပြသော နေရာများကို စာဖတ်သူအနေဖြင့် ကြိုက်နှစ်သက်မှနှစ်သက်ပေလိမ့်မည်။ဒါပေမဲ့ဘုရားဖူးခရီးထွက်ခြင်းဆိုသည်မှာကုသိုလ်လည်းရ ဗဟုသုတလည်းတိုးသောခရီးထွက်ခြင်းဆိုလည်းမမှားပါ။ရှေးဟောင်းသမိုင်းများကို လေ့လာမိပါက ကြည်နူးလွမ်းဆွတ်သော ရသကိုခံစားမိမှာအမှန်ပါ။ထို့ကြောင့် အားလပ်ရက် ခရီးထွက်မည်ဆိုပါက ဘုရားဖူးခရီးထွက်ဖို့ တိုက်တွန်းရင်း ကျွန်တော့်ရဲ့ အားလပ်ရက် ခရီးသွားခြင်းအကြောင်းကို နိဂုံးချူ
ပ်လိုက်ရပါတော့သည်။
သီဟဇော်
MSC-076
ဓာတ်ပုံ _စာရေးသူနှင့်
credit .._MKTH
Great post thank you for the insight. I'm looking forward to this event great!!!
peace man, gl
Thank..for your cmt
Good post bro
Thank you
Loads of information. Many thanks. Love it. @thihazaw12 Followed
Ok..thank
Congratulations @thihazaw12! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOPGood Travel , Thanks for knowledge!
MSC no ထည့်ပေးပါ
ဟုတ်ကဲ့ပါ အရင်နေ့တွေက မရှိသေးလို့ပါ ထည့်လိုက်ပါပြီ
post အောက်မှာ MSC No ထည့်ပေးပါ bro
ထည့်လိုက်ပါပြီ ကျေးဇူးပါ
Nice Travel
Thank for your post
Thank you