ရွှေနားတော်သွင်းမည့် ....သံချောင်းသံ အပိုင်း(၁၄)...
အပိုင်း(၁၄)
ကံကြမ္မာ ရဲ့အလှည့်အပြောင်းက မြန်ဆန်လှသည်။ ချမ်းသာ တို့အိမ်တွင် လူများစည်ကားနေလေသည်။ ချမ်းသာသည်ပင် အလုပ်ဖွင့်ရက်ဖြစ်သေည်လည်း အလုပ်မသွားပါပေ။အိမ်ရှိ အလုပ်သမား များနဲ့အတူ အလုပ် သမားအားလုံး ချမ်းသာတို့အိမ်တွင် အဝင်အထွက် များနေသည်။ စကားသံများလည်း ဆူဆူညံညံ တယောက်တခွန်း ထပ်နေကြသည်။ ချမ်းသာ ထိုင်ခုံပေါ်တွင် ကြောင်ကြောင်ကြီး ငိုင်နေသည်။ မျက်ဝန်းမှ မျက်ရည်များပင် တလိမ့်လိမ့် ကျနေသည်။ ဒေါ် နီ ၏ ပင့်သက်ရှိုက် ငိုသံလည်းကြားနေရသည်။ "ကဲ...ကဲ..ပြင်ကြ လုပ်ကြ " စသည့်အသံများ ပင် ထပ်နေသည်။ အကြောင်းမှာ သူဌေး ဦးထိန်လင်း ဆုံးရှာ လေပြီ။ အသက်ကြီးသည်ဖြစ်၍ ရောဂါရဲ့ဒဏ်ကို ကြာကြာမခံနိုင် ပေ။အို၊နာ၊သေရေး ဤသုံးပါးလုံး အလွဲမရှောင်သာ တွေ့ကြရမည်မှာ လူသားတိုင်းပင်ဖြစ်သည်။ဘယ်အရာမှ တားဆီးနိုင်စွမ်းမရှိပါ။ သဘောထားကောင်းပြီး စေတနာပြည့် ဝတဲ့ ဦးထိန်လင်း လိုလူမျိုးကို မည်သူ သေစေချင်ပ့မည်နည်း။
ညနေ၂နှာရီထိုးနေပြီ သုသာန် ပို့ရန် အားလုံးလည်း ပြင်ဆင်ပြီးနေပြီ ဖြစ်၍ အလောင်းစင်အား အိမ်မှ စတင် ထမ်းထုတ်သွားတော့သည်။ ဒေါ်နီမှာ အတော်ပင်ပူဆွေးသောကရောက်နေသည်။ချမ်းသာအား ဖက်၍ ပြောလိုက်၊ငိုလိုက် လုပ်နေသည်။ သားအရင်းချာလို့ ဖြစ်နေသော ချမ်းသာသည်ပင် အပူလုံးပိုက်ထားရသလို သောကများ နေရှာသည်။
လုပ်ငန်းခွင်တွင် ချမ်းသာမှာအလုပ်ရှင်ပင်ဖြစ်နေတော့သည်။ ချမ်းသာ၏ စိတ်သန္တေသည် သူ့အမေ မခင်မေအား လုံးလုံးတူသည်။သို့ဖြစ်၍ စိတ်နှလုံးအရင်းခံမှာ ကောင်းသော်လည်း ဘဝကပေးသော ပုစ္ဆာ များကို ဖြေရှင်းရင်း သဘောဆိုးနေတော့သည်။ တခုခုဆို မခွင့်လွတ်တော့ပါ၊ သည်းခံ စိတ် များအရင်လို မရှိတော့ပါ။ ဤသို့ ဖြစ်ရခြင်းမှာ ချမ်းသာ၏ စိတ်ထဲတွင် နာကြည်း ချက်များမပျောက်သေးဘဲ ရှင်သန်ကြီးထွားနေသည်ကို တွေးကြည့်ယုံနဲ့ သိနိုင်ပါသည်။
ချမ်းသာမှာ အတော်ပင် အထာကျ၍ သူဌေးအမွေဆက်ခံသော သူဌေးပေါက်စလေးပင်ဖြစ်နေတော့သည်။ အရင်က မောင်ချမ်းသာ၊ချမ်းသာ၊ ဆရာချမ်း ဟုခေါ်ကြသည်။မခုဆိုလျှင် သူဌေးလေး ချမ်းသာ ပင်ရာထူးတိုးနေလေပြီ။ ဆောင်းအကုန်နွေးအကူးလေရူးထသော နွေဦး၏ အလှတရားများကို သဘာဝတရားကြီး စတင် ပြသနေပြီ။ ချမ်းသာ ခရီးတခုသွားရန် လွန်ခဲ့သော နှစ်ကပင် "နောက်နှစ်ဆိုရင် ခရီးတခုထွက်မယ်" ဟု စိတ်ကူးထားခဲ့သည်မှာ အခုခါ အကောင်အထည်ဖော်တော့မည်။ ချမ်းသာ နွားနို့ခွက် ကို သောက်လိုက် ပြန်ချထားလိုက် နဲ့ အတွေးထဲမျောနေသည်။ မနက်ဖြန်သွားမည့်ခရီးအား တွေး၍ ရယ်လိုက် ၊မဲ့ပြုံးပြုံးလိုက်၊မျက်နှာခပ်တင်းတင်းပြန်ဖြစ်သွားလိုက်နဲ့ အမျိုးမျိုး သရုပ်ဆောင်နေတော့သည်။ ချမ်းသာ မနက်ဖြန်ကိုပင် ချက်ချင်းရောက်ချင်နေပြီ ခရီးသွားဖို့ အထုတ်အပိုးတွေလည်း အားလုံးအဆင်သင့် ပြင်ထားခိုင်းသည်။ ဤခရီးတွင် Driverတယောက်၊တပည့်၂ယောက် ရယ် ချမ်းသာရယ် ၄ဦး သွားမည်။ ချမ်းသာ ဈေးကဝယ်ထားတဲ့ ပစ္စည်း တွေထုပ်ကြည့်ရင်း ကျေနပ်နေပြန်သည်။သူ့ကိုယ်သူ မှန်ရှေ့တွင် သူဌေးစတိုင်အမျိုးမျိုး showထုတ်၍ တဟားဟားရယ်ပြန်သည်။ချမ်းသာ သွားမည့်ခရီးဆိုသည်မှာ အခြားမဟုတ် သူ့၏ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော ထန်းပင်လေး ရွာသို့အလည်သွားရန်ဖြစ်သည်။ ညပင် အတော်နက်နေပြီ ချမ်းသာ မအိပ်သေး ၊အိပ်လို့လည်းရတော့မည်မဟုတ် ခရီးအတွက် တွေး၍ ကျေနပ်နေသည်။ သူရိန်နေမင်းဖခင်ကြီးပင် ရောင်ဝါ ထွန်းရန် ပြင်နေလေပြီ ချမ်းသာတို့လည်း အထုပ်ပိုးတွေ အစီစဉ်တကျ နေရာချနေပြီ။ ရွှေဝါရောင် အလင်းရောင်ပင် ကွန့်မြူးစပြုနေပြီ ချမ်းသာတို့ ဆရာတပည့်လေးယောက် ခြံဝန်းမှ ထွက်ခြေပြီ.....
အပိုင်း(၁၅)ဆက်မည်
Ctd:facebook
@thithisann
Fb acc:thithisan
Msc လျှောက်ထားဆဲ
အရမ်းကောင်းပါတယ်
ဟုတ်ကျေးဇူးပါရှင့်
ရေးကောင်းတုန်းပဲထင်တယ်
ဟုတ်တယ် ကောင်းတုန်းပဲ