အ​ဖြေက ရှင်းပါတယ်

in #myanmar6 years ago

မြန်မာစစ်ခေါင်းဆောင်တွေအကောင့်ကိုမှ ဇက်ကာဘတ်က ဘာ့ကြောင့်ရွေးပြီး ပိတ်ချင်ရသလဲ? ဒီမေးခွန်းအဖြေက တကယ်တော့ ရှင်းပါတယ်။

ဖေ့စဘုတ်က privacy တွေကို ချိုးဖောက်တယ်ဆိုတဲ့ကိစ္စနဲ့စပ်လျဉ်းပြီး အမေရိကန်လွှတ်တော်က ဇက်ကာဘတ်ကို ခေါ်ရစ်လိုက်တော့ ဖေ့စဘုတ် ရှယ်ယာတွေ ထိုးကျတယ်။ ဖေ့စဘုတ် top shareholder တွေက ဇက်ကာဘတ်ကို CEO အဖြစ်က ဖြုတ်ချင်တယ်တွေ ဖြစ်လာတယ်။

ဇက်ကာဘတ်အဖို့ကလည်း အကျပ်အတည်းပဲ။ ဒီအခြေအနေ ကျော်လွှားချင်ရင် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ ဖေ့စဘုတ်အပေါ် စိတ်တိမ်းညွှတ်လာအောင် ပြန်လုပ်ဖို့ပဲ ရှိတယ်။

အမေရိကန်နဲ့ ထိပ်တိုက်တွေ့နေတဲ့ နိုင်ငံတွေကြည့်လိုက်။ ၁) ရုရှ ၂) အီရန် ၃) တရုတ် ၄) မြန်မာ(စစ်ခေါင်းဆောင်တွေ) ဆိုတာ တွေ့လိမ့်မယ်။

ဇက်ကာဘတ်က ရုရှနဲ့ အီရန် စစ်ဖက်ဆိုင်ရာအကောင့်တွေ၊ နှီးနွယ်တာတွေ ဖြုတ်ချလိုက်ပြီ။

ဒါပေမယ့် တရုတ်ကို မထိရဲဘူး။ ထိလည်း တရုတ်က ဘာမှမဖြစ်ဘူး။ တရုတ် လူဦးရေ သန်း ၁၀၀၀ မှာက ဝေပို အများစု သုံးတာ။ တန်ပြန်အနေနဲ့ ဖေ့စဘုတ်ပိတ်တာကို အကြောင်းပြုပြီး တရုတ်က အမေရိကန်ရင်းနှီးမြှုပ်နှံမှုတွေမှာ အင်တာနက်တွေ စွပ်ပိတ်ပစ်ရင် အမေရိကန်အထိနာပြီး ဖေ့စဘုတ်အပေါ် ပြန်မဲလာမှာ။

ဒီနေရာမှာ အလျဉ်းသင့်လို့ပြောရရင် မြန်မာပြည်မှာ စစ်တပ်တရားဝင်အကောင့်တွေကိုပိတ်တာက ကုလားနဲ့မဆိုင်ဘူး။ ဖေ့စဘုတ်မှာ မူဆလင်တွေ ဝန်ထမ်းပါပါလိမ့်မယ်။ ဒါပေမယ့် သူတို့တွေပိတ်ရဲရင် သမညောင်ည အကောင့်လောက်ပါပဲ။ အလွန်ဆုံး ကိုရဲမိုးတို့၊ ဦးလှဆွေတို့ အကောင့်လောက်ပေါ့။ ကာချုပ်ရုံးအကောင့်ကို ပိတ်ဖို့ရာကျတော့ သူတို့လုပ်ပိုင်ခွင့်ထဲ မပါဘူး။

CEO ကမှ ညွှန်ကြားချက်မရှိရင် လုပ်လို့မရဘူး။ တစ်ခါ ဖေ့စဘုတ်ကို ကုလားတွေဝယ်ထားတာပါကွာ... ဘာညာကလည်း မဟုတ်ပါဘူး။ ဖေ့စဘုတ် ထိပ်တန်းရှယ်ယာရှင်များထဲမှာ မူဆလင်တစ်ယောက်မှ မပါဘူး။ အများပိုင်ဆိုတော့ ရှယ်ယာရှင်မပါဘူးလို့တော့ မပြောနိုင်ဘူးပေါ့။ ဒါပေမယ့် ဒီရှယ်ယာရှင်တွေက ဘာမှ ပြောပိုင်ခွင့် ဝင်စွက်ပိုင်ခွင့် မရှိပါဘူး။ တကယ်တမ်းမှာ top shareholders တွေတောင်မှ CEO ကို ညွှန်ကြားလို့ မရဘူး။

အာရပ်ရေနံသူဌေးတွေက ဇက်ကာဘတ်နဲ့ ပေါင်းပြီး လုပ်နေတာလို့ conspiracy theory တစ်ချို့လဲကြားတယ်။ မထင်ပါနဲ့။ အာရပ်နိုင်ငံတွေလည်း စီးပွားရေးအခြေအနေမကောင်းဘူး။ သူတို့တွေ ဘင်္ဂါလီ(ရိုဟင်ဂျာ)ကိစ္စမှာ မူဆလင်ချင်းမို့နာပေမယ့် ကိုယ့်ဝမ်းနာကိုယ်တာသိဆိုသလို ဘာမှ လက်တွေ့မပါကြပါဘူး။

လက်ရှိ ကမ္ဘာပေါ်မှာ မူဆလင်တွေကို အဖိနှိပ်ဆုံးဆိုတဲ့ တရုတ်ကို ကြည့်ရအောင်။ ဇက်ကာဘတ်လည်း မထိရဲသလို မူဆလင်နိုင်ငံတွေလည်း မပြောရဲဘူး။ တရုတ် BRI မှာ အလယ်အာရှနဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံ ၇၈ ခု ပါတယ်။ တစ်ချို့နိုင်ငံတွေကို တရုတ်က ငွေလုံးငွေရင်းတွေ ချေးထားတာ။ နျူပိုင် ပါကစ္စတန်ဆို ပြန်မဆပ်နိုင်တော့ဘူး။ ဝီဂါတွေကို တရုတ်ဖိနှိပ်တာ သိနေတာပဲ။ ဘာသံမှ မထွက်ရဲဘူး။ ဆော်ဒီဆို တရုတ်ကို ရေနံအကြီးအကျယ်ရောင်းနေတော့ ဘာသံမှ မထွက်ဘူး။ တကယ်က မြန်မာကိစ္စတုန်းကလည်း တရုတ်နဲ့အတိုက်အခံမလုပ်ချင်တော့ မထွက်ဘူး။ နောက် မူဆလင်နိုင်ငံတွေဝိုင်းပြောမှ ငွေလှူတယ်။ နောက်တစ်နိုင်ငံ - အီရန်။ အမေရိကန်နဲ့ အဆင်မပြေတော့ နိုင်ငံခြားငွေတောင်မှ ယူအက်စ်ဒေါ်လာအစား တရုတ်-ယွမ်ကို ပြောင်းသုံးနေပြီ။ တူရကီကတော့ သိကြတဲ့အတိုင်း။ လီရာက အမေရိကန်တွန်းချလိုက်တာ အဝီစိရောက်ရုံပဲ ကျန်တော့တယ်။ တကယ်တော့ အခု တရုတ်ပြည် ရှင်ကျန်က ဝီဂါဆိုတာ တာ့ခ်မျိုးနွယ်တွေ။ ရှင်ကျန်ကို သူတို့အခေါ်က အရှေ့တာကစ္စတန် (အရှေ့တူရကီ)။ တူရကီနဲ့ လူမျိုးတစ်ခုတည်း ဆိုပါတော့။ ဒါတောင်မှ အခု တရုတ်တွေ မူဆလင်တွေကို နှိပ်စက်နေတာ ဘာသံမှ မထွက်ဘူး။ အီဂျစ်ဆို တရုတ်နဲ့တောင် ပူးပေါင်းလိုက်သေး။ အီဂျစ်မှာကျောင်းတက်နေတဲ့ ဝီဂါတွေကို ဖမ်းပြီး တရုတ်လက်အပ် ဖားရတယ်။ ပြောချင်တာက အာရပ်သူဌေးတွေ ဖေ့စဘုတ်ကို အပိုင်ချုပ်ပြီး မြန်မာကို တိုက်ခိုက်တယ်ဆိုတာ မဖြစ်နိုင်တဲ့ conspiracy theory တစ်ခုသာဖြစ်တယ်လို့ ဆိုလိုရင်းပါ။

ပြန်ကောက်ရရင် အခု စစ်တပ်နဲ့ဆက်စပ် တရားဝင်အကောင့်တွေကို ပိတ်ပစ်တာက ဇက်ကာဘတ် ဆုံးဖြတ်ချက်ပဲ။ ရည်ရွယ်ချက်က အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို ဖားပြီး ဖေစ့ဘုတ် ပရိုမိုးရှင်းလုပ်တာပါ။ နဂိုကတည်းက ရုရှ၊ အီရန်စစ်ဖက်ဆိုင်ရာတွေပြီးရင် မြန်မာစစ်ခေါင်းဆောင်တွေလို့ ကြံရွယ်ထားပုံရတယ်။ ဒီအချိန် UN က မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူပါဆော်သြတော့ ရောင်တော်ပြန်နဲ့ ရောလွှတ်လိုက်တဲ့သဘောပဲ။

တကယ်တော့ ဇက်ကာဘတ်ရဲ့ အမေရိကန်အကြိုက်လိုက် ဖေ့စဘုတ်ပရိုမိုးရှင်းမှာ မြန်မာစစ်တပ်နဲ့ဆက်စပ်အကောင့်တွေက "သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ တစ်ယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်း" အနန္တသူရိယအမတ်ကြီး သံဝေဂကဗျာလိုပဲ scapegoat ဖြစ်သွားရတာပါ။