ကျွန်တော်၏ သူငယ်ချင်းများအကြောင်း(Tin Myo Aung)
[image()
အသက်22ကျော်လာတော့ လောကဓမ္မ ၊ လောကသဘာဝ ကို အထိုက်အလျောက် သည်းခံနိုင်စွမ်းရှိလာတယ် ။ လူလူချင်း စီးပိုးတာ ၊ ခေတ်စကားအရဆိုရင်တော့ ညွန့်တာပေါ့ ၊ ဒါလေးတွေလည်း အရင်ကထက်စာရင် နည်းနည်း သည်းခံနိုင်လာတယ် ။
အကျိုးလိုမှ ညောင်ရေလောင်းတတ်ကြတဲ့ လူတွေကိုလည်း ကိုယ်တတ်နိုင်ရင် ဖြည့်ဆည်းပေးနိုင်လာတယ် ။
လိုမှ သုံးကြတဲ့ " လိုသုံး " တွေ ၊ အနားရောက်မှ ပြာပြာသလဲ လုပ်ပြတတ်ကြတဲ့ " အနားပြာ " တွေကိုလည်း ဖြည့်တွေးပေးတတ်လာတယ် ။
တစ်ခါတလေ ကိုယ့်သူငယ်ချင်းဟောင်း ၊ အပေါင်းအသင်းမိတ်ဆွေဟောင်းတွေ ရှိတဲ့ မြို့တွေ ရွာတွေကို လမ်းကြုံလို့ ရောက်ဖြစ်တယ် ။ တစ်ချို့လည်း ဖုန်းဆက်လိုက်တာနဲ့ ပြာပြာသလဲ ရှိတဲ့အလုပ်တွေကို ပစ်ချပြီးတော့ လာတွေ့ကြတယ် ။ တစ်ချို့ကျတော့လည်း လာမတွေ့နိုင်လို့ ၊ အဆင်မပြေလို့ ၊ အလုပ်ရှုပ်နေလို့ ၊ စသဖြင့် မတွေ့ဖြစ်ခဲ့ ၊ မဆုံဖြစ်ခဲ့ကြဘူး ။
တစ်ချို့သူငယ်ချင်းဟောင်းတွေကို ကိုယ့်အနေနဲ့ သူတို့အိမ်အထိ သွားလည်ဖြစ်တယ် ။ ကိုယ်ကတော့ လမ်းကြုံလို့ ခဏတဖြုတ် ၀င်တွေ့ပေမယ့် သူတို့ခမျာမယ် အလုပ်ကတစ်ဖက် ၊ ကလေးတွေကတစ်ဖက် ၊ ကိုယ့်ကိုလည်း ဧည့်ဝတ်မကျေမှာစိုးတာ တစ်ဖက် နဲ့ သူတို့ကိုကြည့်ပြီး အားနာတတ်လာတယ် ။
ဒါ့ကြောင့် အပေါင်းအသင်း ၊ မိတ်ဆွေဟောင်း ရှိတဲ့ နေရာတွေဆို သူတို့မအားကြတာကို ကိုယ်က သိနေတော့ မ၀င်ဖြစ်တော့တာ များတယ် ။ ဖုန်းလည်း ဆက်မနေတော့ဘူး ။ သူတို့ရှိတဲ့ နေရာကို ကျော်သွားမှ ဘဲ ဖုန်းဆက်လိုက်တော့တယ် ။ တစ်ချို့ကျတော့လည်း သူ့ဆီမ၀င်ရကောင်းမလားရယ်လို့ စိတ်ဆိုးကြတယ် ။
ဒါကတော့ ငယ်ငယ်ကတည်းက ပြောမနာ ဆိုမနာ ၊ အပေါင်းအသင်းမက်တဲ့ ငယ်သူငယ်ချင်း အရင်းကြီးတွေလောက်ဘဲ စိတ်ဆိုးကြတာပါ ။
ကိုယ်ကိုယ်တိုင်ကလည်း တစ်ကယ်အလုပ်ပိလာရင် ဘယ်မှထွက်လို့မရတဲ့အချိန်တွေလည်း ရှိတတ်တော့ သူတို့ကိုလည်း နားလည် စာနာပေးတဲ့သဘောပေါ့ ။
တစ်ချို့ကျတော့ ကိုယ်က ရှေးဟောင်းနှောင်းဖြစ်ကလေးများ အေးအေးလူလူ စမြုံ့ပြန်ရမလားလို့ ချိန်းချက်ပြီး တွေ့ဖြစ်ပါတယ် ၊ သူတို့ဘ၀ ဇာတ်ကြောင်းကို ငိုချင်းချပြီး နောက်ပိုင်းဇာတ်တော်ကြီး ကပြ နေလို့ အားပေး နှစ်သိမ့်ပေးခဲ့ရတဲ့ အဖြစ်မျိုးလည်း ရှိပါတယ် ။
တစ်ချို့ကျတော့လည်း ကိုယ့်တွေ့တာနဲ့ သောက်မယ် ဆိုတဲ့ သူငယ်ချင်းတွေလည်း ရှိတယ် ။ သူတို့မှာတော့ နှစ်ချို့ အရက်သမားကြီးကို ဖြစ်လို့ ။ တစ်ကယ်တမ်း ကျွန်တော်မသောက်တတ်ဘူးဆိုတာလည်း သူတို့သိရဲ့သားနဲ့ ချစ်လို့ သက်သက်ညှဉ်းဆဲချင်လို့ အရက်တိုက်ခိုင်းတာ
ပါ။
တစ်ချို့သူငယ်ချင်းတွေကျတော့ ဘယ်နေ့ ၊ ဘယ်အချိန် ဘယ်နေရာ စသဖြင့် တွေ့မယ် ချိန်းလိုက်တယ် ။ ချိန်းထားတုန်းကတော့ Everything is OK ဘဲ ။ အဲ့ဒီအချိန်ရောက်မှ ဘာဖြစ်လို့ ၊ ညာဖြစ်လို့ ဆိုပြီး မလာတော့ဘဲ ကပ်ဖြုတ်တတ်တဲ့ သူငယ်ချင်းတွေ ရှိတယ် ။ ဘယ်တတ်နိုင်မလဲပေါ့ ။ သည်းခံရတာပါဘဲ ။
တစ်ချို့ကျတော့ အချိန်အတိအကျရောက်လာတယ် ။ ပြီးရင် သူပြောချင်နေတာတွေ စွတ်ပြော ၊ အလုပ်ကဘယ်လို ၊ မိသားစုက ဘယ်လို ၊ စီးပွားရေးက ဘယ်လို စသဖြင့် ပြောဆိုပြီး သွားစရာရှိလို့ ပြန်ဦးမယ် ဆိုပြီး လစ်ထွက်တတ်တဲ့ သူငယ်ချင်းတွေလည်း ရှိတာဘဲ ။
တစ်ချို့ကတော့ ငယ်ငယ်ကတည်းက သူတင် ကိုယ်တင် ၊ မသိမသာလေး ပြိုင်လိုက်လာတဲ့ကောင်တွေ ။ သူတို့နဲ့တွေ့လို့ကတော့ ကိုယ်က စကား မစရသေးဘူး ။ အေးကွာ … လစာက တစ်လ ရှစ်သိန်းလောက်ဘဲ ရတာ ။ ကိုယ်ပိုင်အိမ်နဲ့ ကားနဲ့ လူတန်းစေ့ရုံလောက်ပါဘဲ ကွာ ။ အခုဆို အမျိုးသမီးကလည်း ဈေးမှာ အထည်ဆိုင်လေး ဖွင့်ထားလို့ အဆင်ပြေနေတာ ။ အ
ကြီးကောင်ကို ဘယ်မြို့က နံမည်ကြီး ကျောင်းမှာ ထားရတာ ။ ရှာရ ဖွေရတာ မလွယ်ပါဘူး ။ မင်းတို့လို ဘောစိ မဟုတ်တော့ ရုန်းကန်ရတယ်…. ဘာညာ ဆိုပြီး တွေ့တာနဲ့ လွှတ်ထည့်တတ်တဲ့ သူငယ်ချင်းတွေလည်း ရှိတယ် ။ အဲ့သလို သူငယ်ချင်းတွေနဲ့တွေ့ရင်တော့ ကိုယ့်အဆင့်က ဖွတ် ဘဲ ။ ဖွတ်တောင်မှ ဖွတ်ကျား အဆင့်လောက်ဘဲ ရှိတော့တယ် ။ သည်းခံရတာပါဘဲ ။
တစ်ချို့ သူငယ်ချင်းတွေကျတော့လည်း သိမ်ငယ်စိတ်ကလေးတွေနဲ့ ဗျ ။ သူတို့မှာ အလုပ်ကလည်း မယ်မယ်ရရ မရှိ ။ ရှိပြန်တော့လည်း ကိုယ့်ထက် ပင်ပမ်းတဲ့ အလုပ် ။ ဒီလို သူငယ်ချင်းမျိုးကျတော့လည်း တွေ့ပြီဆိုကတည်းက ကိုယ့်ကို မြှောက်ပြီး သူ့ကိုယ်သူ ရိုက်ချ နေတော့တာ ။ မင်းတို့က လစာ ကောင်းပါတယ် ကွာ ။ ငါ့မှာသာ တစ်လ တစ်ပဲခြောက်ပြား ရတာပါ ဘာညာ နဲ့ ထည့်တော့တာ ။ ကြံကြံဖန်ဖန်ဗျာ ဒီခေတ်ကြီးထဲ တစ်ပဲခြောက်ပြား ဆိုတာ ရုပ်ပုံထဲတောင် မ
မြင်ဘူးတော့တဲ့ဟာ ။ သူပြောသမျှ အင်း - အဲ လိုက်ပြီး သည်းခံရတာပါဘဲ ။
တစ်ချို့ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ သူငယ်ချင်းတွေ ရှိသေးတယ် ။ သူတို့မြန်မာပြည် ပြန်လာလို့ ကြုံလို့ ဆုံလို့ တွေ့ဖြစ်ကြရင် ကိုယ့်တွေ့တာနဲ့ ဘောစိ လို့ တန်းခေါ်ကြတာ ။ သြော် … သူတို့က ဟိုမှာ လစာ သိန်းဆယ်ချီ ရနေတဲ့လူတွေ ။ ကိုယ်က မြန်မာပြည်မှာ ဖွတ်ကျောပိုးထားရတဲ့ လူ ။ ဒီလို သူငယ်ချင်းမျိုးတွေလည်း ရှိတာပါဘဲ ။
ဘာရယ်မဟုတ်ပါဘူး ။ ကျွန်တော့်မှာ ဒီလို သူငယ်ချင်းတွေ ရှိတယ် ဆိုတဲ့အကြောင်း ခင်ဗျားတို့ကို ဖောက်သည်ချတာပါ။
Myanmar Steemit Community
Author@TinMyoAung
အစ်ကို့ အနေနဲ့ ညီလေးကို Steemit ပေါ်ကို တင်ပေးလိုက်တာ လောက် ဝမ်းသာရတာ မရှိဘူး။ ကြိုးစားပါ ညီလေး ... MSC မှာ ညီလေးက senior အကျဆုံးပါ။
ဟုတ်ကဲ့အကို ကြိုးစားနေပါတယ်အကို
ကောင်းပါတယ်
ကျေးဇူးပါပဲ
ဘဝတွေအမျိုးမျိုးပါလား
ဟုတ်တယ် အကို
သြော် ဂလိုလား
ဟုတ်တယ် အကို
ဘာရယ်မဟုတ်ပေမဲ့က ဖတ်လို့တော့ကောင်းသား
ဟုတ်ကဲ့ ကျေးဇူးပါပဲ အားပေးပါအုံး နောက်ထပ် ဆောင်းပါးများ ကိုလည်း
good bro
ကျေးဇူးပါပဲ အားပေးပါအုံး နောက်ထပ် ဆောင်းပါးတွေကို
ဘော်ဒါတွေစုံလာပြီဆို...
🎤🎤🎤🎸🎸🎸🎸🎻🎺🎷🎷🎻🎺
🎤🎤🎤🎤ဘော်ဒါတွေ စုံချင်ပြီ
ဘော်ဒါတွေစုံလာပြီဆို...မိုက်ခဲမယ်
credit
Amazing!!
Thank for your support
ဖတ်လို့ကောင်းပါတယ် ရှင့်
ကျေးဇူးပါပဲ အားပေးပါအုံး နောက်ထပ် စာပေတွေလည်း
ကောင်းတယ်ဗျာ ဆတင် အတုခိုးပြီး သူငယ်ချင်းတွေလိုက်ကြည့်အုံးမယ်
ဟုတ်ကဲ့
ခုကတည်းကဘော်ဒါတွေလဲဆုံးမထားတယ်မိန်းမစောစော
မကြဖို့
ဘယ်လိုဆုံးမထားတာလဲ