Facts You Should Follow To Have Rich Life💰
ချမ်းသာအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်ဖို့ လိုက်နာသင့်တဲ့အချက်များ
ကိုယ့်အားကိုယ်ကိုးပြီးချမ်းသာလာဖို့ဆိုတာတကယ်မလွယ်တဲ့ကိစ္စပါ။လူကြီးမင်းတို့ ကျွန်တော်တို့ အခုတင်ပြမယ့်အချက်တွေကိုအရင်က ကျင့်သုံးခဲ့မယ်ဆိုရင်တော့ လူကြီးမင်းတို့ ဘယ်လိုစီးပွားရေးနယ်ပယ်ထဲမှာဘဲရောက်နေစေကာမူ နေရာတစ်နေရာ ရမှာအသေအချာပါဘဲ။သင်ချမ်းသာချင်ပြီလား? အောင်မြင်ချင်ပြီလား? ဒီအချက်တွေကိုသေချာအာရုံစိုက်ပါ
💰 မိမိလုပ်ရမယ့်အလုပ်ကိုစိန်ခေါ်ပြီးလုပ်ပါ
သင် မိမိဘာသာကြိုးစားအောင်မြင်လာတဲ့မီလီယျံနာတယောက်ကို ဘာ့ကြောင့်လုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့တာလဲလို့ မေးရင် သူတို့ ငွေတွေသန်းနဲ့ ချီပြီးရှာဖို့ အခွင့်အရေးတွေလိုချင်လို့ လို့ ဖြေကြမှာမဟုတ်ပါဘူး။အောင်မြင်တဲ့သူတွေဟာ သူတို့ ရဲ့အိမ်မက်တွေ အနာဂတ်တွေရဲ့စိန်ခေါ်မှုတွေကိုလိုလိုလားလားလက်ခံပြီးရင်ဆိုင်ချင်ကြတယ်။သူတို့ အခက်အခဲတွေကိုကျော်ဖြတ်ပြီး အောင်မြင်အောင်ကြိုးစားချင်ကြတယ်
💰ဘယ်တော့မှသက်တောင့်သက်သာဖြစ်တယ်ဆိုတာမရှိဘူး
သင့်ဘဝမှာ , " ငါအားလုံးကိုပြီးသွားပြီ, ငါအလုပ်ကြိုးစားနေတာတွေရပ်တော့မယ်" ဆိုတဲ့အတွေးတွေလုံးဝမရှိသင့်ပါဘူး။ထိပ်ဆုံးကိုရောက်ဖို့ အမြဲကြိုးစားနေကြရမယ်။ဥပမာ သင့်ရည်မှန်းချက်က အမေရိကန်ဒေါ်လာ၁သန်းဆိုကြပါစို့ ။သင်ရည်မှန်းချက်ပြည့်မြောက်သွားရင် အခြားရည်မှန်းချက်တစ်ခုကိုချမှတ်ပြီးဆက်လက်ကြိုးစားရမှာပါဘဲ။သင်ဘယ်တော့မှ သက်တောင့်သက်သာမဖြစ်သင့်ပါဘူး။အမြဲ အကောင်းဆုံးကြိုးစားနေရပါမယ်
💰အခြားသူတွေ ပြိုင်ဘက်တွေထက် အလုပ်ကိုပိုကြိုးစားပါ
သင်ဘယ်လောက်ဘဲမွေးရာပါဗီဇက တော်နေပါစေ အလုပ်ကြိုးစားချင်စိတ်မရှိဘူးဆိုရင်တော့ သင့်ရည်မှန်းချက်ဆီဘယ်တော့မှရောက်မှာမဟုတ်ပါဘူး။အောင်မြင်ချင်ရင် အခြားသူတွေထက်အလုပ်ပိုကြိုးစားကြရမယ်။ဒီထက်ကောင်းတဲ့နည်းလမ်းဆိုတာမရှိပါဘူး။
💰အတိတ်ကအမှားတွေ , ရှုံးနိမ့်မှုတွေဆီကနေ သင်ခန်းစာယူကြရမယ်
ကျွန်တော်တို့ စီးပွားရေးတစ်ခုစတင်ပြီဆိုတာနဲ့ အမှားတွေ ကြုံရမယ်။ရှုံးနိမ့်မှုတွေကြုံရမယ်ဆိုတာအသေအချာပါဘဲ။သင်အဲ့အရာတွေကြုံလာရင်ဘယ်လိုကိုင်တွယ်မလဲ? ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့အချက်တွေက သင့်ရဲ့အောင်မြင်မှုကိုဆုံးဖြတ်ပေးသွားတာပါ။သင်ကျရှုံးရင် ဘယ်တော့မှစိတ်ဓာတ်မကျပါနဲ့ ။ဒါပေမယ့် ဘာ့ကြောင့်ကျရှုံးခဲ့ရတာလဲဆိုတာ ဆန်းစစ်ပါ။အတွေ့ အကြုံယူပါ။ပြီးမေ့ဖျောက်ပစ်ပြီး ရှေ့ ကိုခရီးဆက်ပါ
💰စာနေ့ တိုင်းဖတ်ပါ
စည်းမျဉ်းစည်းကမ်းတွေလိုက်နာနေရုံနဲ့ မလုံလောက်ပါဘူး။ကျွန်တော်တို့ စာဖတ်ကြရမယ်။အမြဲဘဲစာဖတ်ပါ။အမြဲဘဲခေါင်းစဉ်အသစ်တွေကိုရှာဖွေပြီးဖတ်နေပါ။ဒါမှသာ လက်ရှိဖြစ်ပေါ်နေတဲ့အရာတွေနဲ့ အဆက်မပြတ်ဘဲ ခေတ်ရေစီးကြောင်းနဲ့ အညီလိုက်နေနိုင်မှာပါ
💰စိတ်ကိုအေးဆေးထားရမယ်။ခန္တာကိုယ်ကိုလဲ ကျန်းမာအောင်နေရမယ်
နေ့ စဉ်အားကစားလုပ်ပါ။မှန်မှန်ကန်ကန်စားပါ။အိပ်ရေးဝဝအိပ်ပါ
💰အနားမှာ အောင်မြင်လိုစိတ်ရှိတဲ့သူတွေ့ ဝန်းရံထားပါ
သင့်ဘေးမှာအောင်မြင်သူတွေနဲ့ မကောင်းတဲ့သူတွေနဲ့ ဝန်းရံထားရင်တော့ ဘာမှတိုးတတ်လာမှာမဟုတ်ပါဘူး။သင်နဲ့ ရည်မှန်းချက်တူတဲ့သူတွေ စိတ်ကူးတူတဲ့သူတွေနဲ့ ဝန်းရံထားရမယ်။သင့်အလုပ်ကိုဂရုမစိုက်တဲ့သူတွေ အပြစ်တင်တဲ့သူတွေ ကဲ့ရဲ့တဲ့သူတွေ ကိုရှောင်ကြဉ်ရမယ်။ အားရက်တွေတိုင်း ကလပ်တတ် ပါတီတတ်နေရင်တော့ အောင်မြင်ဖို့ ကြိုးစားရာမှာထိခိုက်လာနိုင်ပါတယ်
💰ချစ်တဲ့သူတွေကိုဂရုစိုက်ရမယ်
ကျွန်တော်တို့ တွေ စိတ်ခွန်အားတွေရှင်သန်ဖို့ ဆိုရင် ကျွန်တော်တို့ ချစ်တဲ့သူတွေ့ခံစားချက် အရေးကြီးတဲ့အပိုင်းကလေးပါဝင်လာပါတယ်။ မိမိထက်နိမ့်ကျတဲ့သူတွေ အားနည်းတဲ့သူတွေကိုကူညီပါ။ပေးကမ်းပါ။စွန့့် ကြဲပါ
💰ရိုးသားရမယ်။ပွင့်လင်းမြင်သာမှုရှိရမယ်
အမြဲဘဲလိမ်ညာနေတဲ့သူတွေ ကောက်ကျစ်နေတဲ့သူတွေ ဟာ ဘယ်တော့မှအောင်မြင်မှာမဟုတ်ပါဘူး။ကျွန်တော်တို့ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ရိုးသားဖို့ ပွင့်လင်းဖို့ အရမ်းလိုအပ်ပါတယ်။သင်ရေရှည်အောင်မြင်ဖို့ ဆိုရင် ဒီအချက်တွေလိုက်နာဖို့ အထူးလိုအပ်ပါတယ်
💰ရေရှည်အောင်မြင်ချင်ရင် ရေတိုအောင်မြင်ဖို့ ဆိုတဲ့အတွေးတွေကိုလုံးဝမတွေးပါနဲ့ 
လူအများစုဟာရေတိုအတွေးလေးတွေဘဲတွေးကြတယ်။ဒါဟာသိပ်ပြီးမကောင်းလှပါဘူး။သင်ဖြစ်ချင်တဲ့ဘဝပုံစံကိုစိတ်ကူးထဲမှာရေးဆွဲပြီးရေရှည်အတွက် ကြိုးစားနေကြရမှာပါ။ဒီလိုရည်မှန်းချက်တွေရှိလာရင် သင်ဟာ ပိုပြီးမိမိကိုယ်ကိုယုံကြည်မှုရှိလာမယ်။သင့်အတွက်ကော သင့်မိသားစုအတွက်ကောပါ ချမ်းသာအောင်လုပ်ဆောင်လာနိုင်မှာလဲဖြစ်ပါတယ်။
ဒီအချက်တွေကိုအမြဲဘဲခေါင်းထဲမှာထည့်ထားပြီးကြိုးစားပါ။လိုက်နာပါ