How To Pass When you falied
ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ ခဲ့ရင်ဘယ်လိုရုန်းထမလဲ?
ရှုံးနိမ့်မှုကနေရုန်းထဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။ သင်ရှုံးနိမ့် မှုကဘာလဲဆိုတာကိုသေချာနားလည်ထားရင် သင့်စိတ်ကိုဖွင့်ထားလိုက်ပြီး ရှုံးနိမ့်မှုကိုပျော်ပျော်ကြီးလက်ခံရမယ်။ သင်ဘဝမှာကျရှုံးခဲ့ရင် တဖြည်းဖြည်းနဲ့ ကျရှုံးခြင်းရဲ့အရေးပါပုံကိုနားလည်လာမယ်။ကျွန်တော်တို့ ဘယ်လိုရှုံးနိမ့်မှုတွေကနေရုန်းထမလဲ?
၁. ဘေးဘုထိုင်ပြောတွေ ဝေဖန်ရေးသမားတွေကိုလျစ်လျူရှုထားပါ
သင်ကျရှုံး ခဲ့ရင် လူတွေက " ငါမင်းကိုဒီလိုဖြစ်မယ်လို့ ပြောခဲ့တာဘဲ? မင်းငါ့စကားနားထောင်သင့်ခဲ့တယ်၊ မင်းကအလကားဘဲ လေသမားဘဲ လက်တွေ့ ဘာမှဖြစ်မလာပါဘူး" စတဲ့အကြောင်းအရာတွေကိုပြောမယ့်သူတွေနဲ့ ကြုံတွေ့ လာရပါလိမ့်မယ်။သူတို့ ပြောသမျှကိုလျစ်လျူရှုပါ။သင့်ဘဝက သူတို့ နဲ့ လုံးဝမသက်ဆိုင်သလို သူတို့ ကလည်းသင့်ဘဝအတွက်အရေးမပါဘူးဆိုတာသိထားရမယ်
၂. ကျရှုံးသွားရုံနဲ့ သင့်ဘဝတစ်ခုလုံးစုတ်ပြတ်သတ်သွားတာမဟုတ်ပါဘူး
သင်ကျရှုံးသွားတယ် စိတ်ဓတ်တွေဘယ်လောက်ဘဲကျနေပါစေ ဘယ်တော့မှအရှုံးမပေးပါနဲ့ ။လဲကျရင် ပြန်ထရမယ်။ အောင်မြင်တဲ့အချိန်ရောက်တဲ့အထိ မလျော့တဲ့ဇွဲနဲ့ ကြိုးစားပါ။ကျရှုံးမှုမရှိဘဲဘဝကိုရှေ့ ဆက်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ မည်သူမှမကျရှုံးချင်ကြပေမယ့်လည်း သဘာဝတရားကိုလွန်ဆန်လို့ မရပါဘူး၊
၃.ရှုံးနိမ့်မှုကို ကုပ်အားအဖြစ်အသုံးပြုရမယ်
ဘဝမှာကျရှုံးခဲ့ရင် ရှုံးနိမ့်မှုကိုကုပ်အားအဖြစ်အသုံးပြုရမယ်။ဘာ့ကြောင့်လဲ? သင်လဲကျရာကနေ ပြန်ထဖို့ အားတွေရသလို အနာဂတ်ကိုဆက်လျှောက်ဖို့ အတွက်အကူအညီတွေလည်းဖြစ်စေပါတယ်။သင်အရှုံးမပေးသ၍ မျှော်လင့်ချက်ဆိုတာရှိစမြဲပါ။သင့်ရည်မှန်းချက်တွေကိုယုံကြည်မှုရှိရင် သင့်ကိုယ်သင်ယုံကြည်မှုရှိရင် သင့်အတိတ်ကဘယ်လိုဘဲဖြစ်ခဲ့ခဲ့ သင်အောင်မြင်နိုင်ပါတယ်။
၎. အစီအစဉ်တွေရေးဆွဲရမယ်
ဆိုးရွားလှတဲ့အခြေအနေတွေကနေရုန်းထွက်ဖို့ ဆိုရင် တိကျတဲ့အစီအစဉ်တွေရေးဆွဲရမယ်။ဘဝရည်မှန်းချက်တွေကိုလွယ်လွယ်ကူကူနဲ့ မရနိုင်တဲ့အတွက် ရေရှည်အစီအစဉ်တွေရေးဆွဲရပြီးလုပ်ဆောင်ရမယ်။ အစီအစဉ်တွေက သေချာတိကျလေလေ သင်စိတ်အားတတ်ကြွလေလေ အခက်အခဲတွေ အတားအဆီးတွေကိုကျော်ဖြတ်နိုင်လေလေပါဘဲ