Forex Market

in #steem3 years ago

အားလုံး မဂ်လာပါဗျာ့ ဒီနေ့မှတော့ ကျွန်တော် Forex Market မှာအရောင်းအဝယ်လုပ်တဲ့ပုံစံတွေနဲ့နည်းဗျူဟာတွေအကြောင်းကို Knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ Forex Market မှာအများစု အရောင်းအဝယ်လုပ်တဲ့ပုံစံတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်ဗျာ့။

အရောင်းအဝယ်လုပ်တဲ့ပုံစံအနေနဲ့ (5) မျိုးသတ်မှတ်နိုင်ပါတယ်။ဒါတွေကတော့..

🔘 (1) Scalping
🔘 (2)Day Trading
🔘 (3) Swing Trading
🔘 (4) Position Trading
🔘 (5) Trend Trading

Scalping

ဒီနည်းကတော့ အများအားဖြင့် လူသစ်တွေအကြိုက်အများဆုံးလို့သတ်မှတ်နိုင်တဲ့ နည်းဖြစ်ပါတယ်။ဒီနည်းကမြန်မြန် ဆန်ဆန် ဆုံးဖြတ်ချက်ချပြီး အရောင်းအဝယ်လုပ်ကာ စျေးကွက်ကထွက်ရတဲ့ စိတ်လှုပ်ရှားစရာနည်းလမ်းတစ်ခုဖြစ်ပါတယ်။ဆိုလိုချင်တာကတော့အချိန်တို အတွင်းအမြတ်ယူပြီးအရောင်းအဝယ်ခဏခဏဖွင့်လုပ်ကာ အမြတ်ကိုများလာအောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ဒီလိုနည်းနဲ့အရောင်းအဝယ်လုပ်မယ်ဆိုရင်တော့ Trading Platform တွေအကြောင်းနက်နက်နဲနဲ သိထားဖို့လိုပြီး အရောင်းဝယ်ဖို့အတွက် အချိန်အကြားကြီးထိုင်စဥ်းစားတွေးတော မနေသင့်ဘဲ စျေးလှုပ်ရှားမှုအပေါ်မှာလုံးဝ ကိုအာရုံစိုက်ထားသင့်ပါတယ်။

Day Trading

ဒီနည်းလမ်းဟာလည်း နောက်ထပ်အချိန်တိုအတွင်းအရောင်းအဝယ်လုပ်ကာ အမြတ်ရှာတဲ့ နည်းလမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီအရောင်းအဝယ် နည်းကိုအသုံးပြုသူတွေကတော့ တစ်ရက်အတွင်းအော်ဒါ ဖွင့်အရောင်းအဝယ်လုပ်ပြီး တစ်ရက်ကုန်တာနဲ့ Order တန်းပိတ်ကြတဲ့သူတွေပါ။ဒီလို Trader တွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ Order တွေကို ညသိပ်မထားဘဲ တစ်ရက်အတွင်းမှာပဲ အမြတ်ယူဖို့ပဲဖြစ်ပါတယ်။Day Trader တွေအနေနဲ့ တစ်နေ့တာအတွင်း ခဏခဏအရောင်းအဝယ် Order ဖွင့်နေရတဲ့အတွက်အကျိုးဆောင်ပွဲစားခ(spread) ကို သက်သာစေမယ့် ငွေဖြစ်လွယ်တဲ့ အတွဲကိုသာ Trade လေ့ရှိကြပါတယ်။

Swing Trading

ဒီ Trading Style ကတော့ စျေးကွက်မှာ သမာန်ကာလျှံကာအတက်အကျလောက် ထည့်မစဥ်းဘဲ စျေးတန်းတစ်ခုရဲ့ အသိသာဆုံး လှုပ်ရှားချိန်ကို အမိအရ ဖမ်းဆုပ်နိုင်ဖို့ TA နဲ့ FA ကိုပေါင်းပြီးရောင်းဝယ်ရတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။ ဒီနည်းရဲ့ရည်မှန်းချက်ကတော့ အချိန်အတော်အသင့်ကြာအောင် ကြာတဲ့Trend တစ်ခုကိုသုံးသပ်ကြည့်ရှု့ပြီး 100% အမြတ်သေချာလောက်ပြီ ဆိုတဲ့အချိန်မှစျေးကွက်ထဲဝင်ဖို့ပါ။Swing Trading ကို အသုံးပြုမယ်ဆိုရင် ဆုံးရှုံးမှုကြီးကြီးမားမားမဖြစ်အောင် သင့်တော်တဲ့ Lot Size ပမာဏ ကိုဆုံးဖြတ်သင့်ပါတယ်။

Position Trading

Position Trading ဆိုတာဟာ အချိန်အကြာဆုံး Trading Style တစ်ခုဖြစ်ပါတယ်။ဒီပုံစံနဲ့ ရောင်းဝယ်မယ်ဆိုရင် Fundamental ပိုင်းကို သေသေချာချာနားလည်သဘောပေါက်ခါးဖို့ရေ ရှည်မှာဖြစ်ပေါ်လာနိုင်တဲ့ စျေးကွက်အ​ခြေအနေ တွေကိုပါကြိုမြင်တက်ဖို့လိုပါတယ်။ယုံကြည်မှု အားနည်းတဲ့ Trader တွေ ကြောက်တဲ့သာမာန် စျေးကွက်အလှုပ်အခတ်လောက်ကိုခေါင်းထဲတောင် ထည့်မစဥ်းစားတက်ကြပါဘူး။ဒီနည်းလမ်းအသုံးပြုသူတွေကတော့ တကယ့်ကို စိတ်နိုင်တဲ့ လူမျိုးတွေ ဖြစ်ပါတယ်။

Trend Trading

ဒီ Trading Style ကတော့ အချိန်အတိုင်းအတာ တစ်ခု ထိသေချာစောင့်ပြီး Trend အတိုင်းလိုက်ပြီအခွင့်အရေးကို အမိအရ ယူတဲ့ Trader တွေအတွက် အလွန်ကိုမှ သင့်တော်တဲ့ Trading Style တစ်ခု ဖြစ်ပါတယ်။ Trend အတိုင်း Trade တာက တကယ့်ကို ထိရောက်တဲ့ Trade နည်းတစ်ခုဖြစ်ပါတယ်။ Trend လမ်းကြောင်းမကန်သေးသမျှအမြတ်ရယူနိုင်တာပါ။ဒီနေရာမှာ ပြသာနာရှိတာကတော့ ဘယ်ချိန်မှာ Trend လမ်းကြောင်းပြောင်းမှာလဲ ဆိုတာကို ခန့်မှန်းသုံးသပ်ဆုံးဖြတ်ရမယ့် နေရာမှာဖြစ်ပါတယ်။မိမိမြတ်ထားတဲ့ အမြတ်တွေ ပြန်မပါသွားဖို့ဆိုရင် Fundamentals Data တွေကို သေချာနားစွင့်နေသင့်ပါတယ်။

FB_IMG_1635214005362.jpg

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 70700.78
ETH 3798.19
USDT 1.00
SBD 3.43