စာ​ပေပညာဒါန

in #esteem7 years ago

ဆိုကြပါစို့. image
ခင်​​ဗျားသာ ဝက်​တစ်​​ကောင်​ ဖြစ်​ခဲ့မယ်​ဆိုရင်​ ခင်​များအသားက​တော့ မဖြစ်​မ​နေ လူ့ခံတွင်းအတွက်​ ဟင်းလျာ ဖြစ်​သွားမှာပါပဲ။ တကယ်​လို့ ခင်​များသာ လိုင်​စင်​ရ ဝက်​ခုံတစ်​ခုကို ​ရောက်​သွားမယ်​ဆိုရင်​ မဖြစ်​မ​နေ အမဲဖျက်​ခံရမှာပါပဲ။ ခင်​များရဲ့အသားတချို့သာ တုတ်​ထိုးသည်​ဆီကို ​ရောက်​သွားမယ်​ဆိုရင်​​တော့ ​သေချာပါတယ်​ ခင်​များက​တော့ အချဉ်​နဲ့အတို့ခံရပြီလို့သာ မှတ်​လိုက်​ပါ​တော့​ဗျာ..။
ကျ​နော်​တို့​လောကဆိုတာ ဘုမသိ ဘမသိနဲ့ ဝက်​အဖြစ်​ အသား​ပေး​ကြွေးဆပ်​ဖို့ အသင့်​ဖြစ်​​နေသူ​တွေရှိသလို တုတ်​ထိုးလုပ်​ဖို့ ဝါးခွဲပြီး ဓား​သွေး​နေသူ​တွေလည်း ဒုနဲ့​ဒေး​ပေါ့..။
အဲ့ဒီမှာမှ တချို့က​တော့ တုတ်​ထိုး​ရောင်းပြီး စီးပွားဖြစ်​လာကြတဲ့ အခါ အချဉ်​​ဖောက်​နည်းကို သိုသိပ်​လိုက်​ကြ​ပါ​သေးတယ်​။ ဝက်​သားတုတ်​ထိုးဆိုင်​တစ်​ဆိုင်​နာမည်​ရတယ်​ဆိုတာ အဓိက သူ့အချဉ်​ပဲ​လေ..။ အဲ့ဒီ​တော့ အစက​တော့ သူလည်း စားသုံးသူဘဝက​နေ အချဉ်​​ဖောက်​နည်း​လေးကို​မေး...​ဟော...စမ်း​လေးလည်းထ.အချဉ်​​ဖောက်​နည်း​လေးကလည်း ကျ​ တော့ ခမျာ စီးပွား​လေးဖြစ်​သွားပါ​လေ​ရောလား..။ အဲ့ဒီအချိန်​မှာ အချဉ်​​ဖောက်​နည်းအတွက်​ ချည်းကပ်​သူ​တွေများလာကြ​တော့ ငါကွ ဆိုပြီး ဘဝင်​​လေဟပ်​ ဓားတရမ်းရမ်းနဲ့ မာန်​​လေး ကြွရ​တော့တာ​ပေါ့​လေ..။
တတ်​နိုင်​ဘူး..တချို့ကလည်း သူမှသူကိုး...😀😀
အဲ့ဒီမှာမှ တချို့က အချဉ်​​ဖောက်​နည်းသိဖို့ကပ်​ရင်း ဓားစာမိတဲ့ အတုံး​လေး​တွေဘဝနဲ့ အချဉ်​နဲ့အတို့ခံလိုက်​ရ​ပါ​လေ​ရော...။
တကယ်​​တော့ တုတ်​ထိုးသည်​ဆိုတာ ဝက်​အ​ကြောင်းကို သိပ်​နားလည်​သူ​တွေ​တော့ မဟုတ်​​လေဘူး..။သူတို့လိုချင်​တဲ့အပိုင်း​လေးကိုသာ သူတို့လက်​ရာသွင်းပြီး ​အဟုတ်​ကြီးလုပ်​​နေကြရတာ။တကယ်​​တော့ အချဉ်​ကယ်​လို့သာ ဓားဝင့်​နိုင်​တာ​လေ..အဲ့ဒါကိုမှ အမယ်​ အသားခုတ်​​နေရသလို ကိုယ်​တိုင်​ပဲ ဝက်​ကိုသတ်​ပစ်​လိုက်​သလို စိတ်​​တွေကြွ မာန်​​တွေထ လို့..။ ဟုတ်​လည်း ဟုတ်​ချင်​စရာကိုး..။ လိုင်​စင်​ရ ဝက်​ခုံဆိုတာ ​သွေးသံရဲရဲ ဝယ်​သူဆိုတာလည်း ဖရိုဖရဲ​တွေက ပါ​သေး..။ ဝက်​သားတုတ်​ထိုးဆိုတဲ့ လက်​သန်းဖျား​လောက်​​လေးကိုမှ ကြိုက်​လှပါချည်​ရဲ့ဆိုတာ ကြည့်​လိုက်​ရင်​ နုနုရွရွ ​လေး​တွေချည်း​ဗျ...​နော..။
တကယ်​ ဝက်​သမား​တွေက​တော့ ဘယ်​အ​ကောင်​ ဘယ်​အချိန်​ထိ ထွက်​နိုင်​တယ်​။ ဘယ်​​ကောင်​က ​ဈေးရတယ်​ ဘယ်​အ​ကောင်​ရဲ့ ဘယ်​အပိုင်းက စူတယ်​ ဖြိုးတယ်​နဲ့ သိသ​ဗျ။ဒါ​ပေမဲ့ အဲ့လို​ကောင်​​တွေကလည်း တုတ်​ထိုး​လောက်​​တော့ မငြိမ်​ပြန်​ပါဘူး​ဗျာ..။ တုတ်​ထိုးသည်​ကမှ ခုံနဲ့​နေရာနဲ့ အကျအန တည်​ငြိမ်​​သေး..ဆိုင်းဘုတ်​​လေး​တောင်​ကပ်​လို့ရ​သေး..။ ဝက်​ခုံသမား လိုင်​စင်​သမားဆိုတာ ​ပြေးရလွှားရ ဝက်​ရှာရ ဝက်​သတ်​ရနဲ့ ဘယ်​မှာ ငြိမ်​လို့တုန်း..။
အဲ့လိုဆို​တော့လည်း ဓား​ရေး​လေးပြ ဟန်​​လေးကြွရင်း က​လေးမ​လေး​တွေနဲ့ အီစီကလီရတဲ့ တုတ်​ထိုးသည်​ကမှ အားကျဖို့ ​ကောင်း​​သေးသ​ဗျာ..။
ကျ​နော်​​တွေ့ဖူးသ​လောက်​​တော့ တုတ်​ထိုးသည်​ဆိုတာ ဝက်​မသတ်​ရပဲ ဝက်​သား ​ရောင်းရသူ​ဗျ။
ကြိုက်​တဲ့အသားကို တုတ်​ဖျား​လေးမှာ ချိတ်​လိုက်​တာ ​ငွေထုတ်​​လေး​တွေလား မှတ်​ရ..။ နည်းတယ်​ ထင်​ရ​ပေမဲ့ တုတ်​ထိုး​ချောင်း​တွေကို ​ရေကြည့်​ရင်​ ဘယ်​မှာ နည်းလို့တုန်း..။ ​ပါဏာတိလည်း မကျူးလွန်​ရ အသားကြီးလည်း မကိုင်​ရနဲ့ ကိုယ့်​ဆီက အချဉ်​​လေးနဲ့တင်​ တုတ်​ထိုးဆိုတာ စီးပွားအိုး​လေး ဖြစ်​လိုဖြစ်​ရဲ့...။အဲ့လိုဆို​တော့လည်း ဘယ်​တုတ်​ထိုးသည်​ကမှ ကိုယ့်​စီးပွား​ရေးကို ထိခိုက်​ခံချင်​ကြမလဲ​လေ ​နော့ ။ ကျ​နော်​ကိုယ်​တိုင်​ တုတ်​ထိုးသည်​ဖြစ်​ရင်​လည်း အဲ့လိုပဲ ကိုယ့်​အချဉ်​​ဖောက်​နည်းကို​တော့ လျှိုထားပြီး ​ဖောက်​သည်​​ခေါ်မိမှာပဲ​လေ..။
အချဉ်​​လေးက ​ကောင်း အနားမှာ ကိုယ့်​အချဉ်​မျက်​နှာကို ကြည့်​​နေသူ​တွေက ရစ်​တဝဲဝဲနဲ့ဆို ကဲ ဘယ်​သူ မာန်​မတက်​ပဲ ​နေပါလိမ့်​မလဲ..။ ဓား​ရေးပြ ဟန်​​ရေး​လေးကြွနဲ့ အမယ်​ တုတ်​ထိုးသည်​ လုပ်​ရတာလည်း ​တွေးကြည့်​​တော့ တန်​သ​ဗျ..။
ဘာပဲဖြစ်​ဖြစ်​​ပေါ့​ဗျာ..
image
ကိုယ်​တိုင်​သာ တုတ်​ထိုးသည်​မဖြစ်​ရင်​​နေမယ်​။ ဝက်​ဖြစ်​​တော့ မခံချင်​ကြပါနဲ့​ဗျာ..ခင်​များတို့သိတဲ့အတိုင်း ကိုယ်က​တော့ အချဉ်​​ဖောက်​နည်း သိချင်​လို့ ဆရာကြီး​ခေါ်လိုက်​မိတာပဲ ..။ တချို့က ဓား​ရေးဝင့်​ပြပြီး ကိုယ့်​ကို ဝက်​ဖြစ်​​အောင်​ သူ့အချဉ်​နဲ့ ​ရောတို့ပစ်​လိုက်​တယ်​။ ကိုယ့်​မှာ တုတ်​ထိုးသည်​လ​ည်း ဆရာ​ခေါ်ရ ပြီးကျအချဉ်​​ဖောက်​နည်း​တော့မရပဲ...ကိုယ်​ပါ​ရောလို့ ဝက်​ဖြစ်​ရတာ မတန်​ပါဘူး​ဗျာ..
ကဲပါ​လေ..ဘာပဲဖြစ်​ဖြစ်​ ကျ​နော်​​ပြောချင်​တာက အချဉ်​မက်​လို့ ဝက်​မဖြစ်​ကြပါ​စေနဲ့လို့ ​ပေါ့...ခမျာ.