ကျွန်တော်နှင့်ချောင်းသာကမ်းခြေအမှတ်တရ...!
အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ကျွန်တော်တို့မိသားစုဆွေမျိုးများ၏ ၂၀၁၈ ခုနှစ်အတွက် ဒုတိယမြောက် အပန်းဖြေခရီးစဉ်ဖြစ်တဲ့ ချောင်းသာကမ်းခြေ ခရီးစဉ်ကို ၂၀.၁၁.၂၀၁၈ ရက်နေ့ ည (၁၀)နာရီတွင် ရန်ကုန်မြို့မှ ပျော်ရွှင်စွာ စတင်ထွက်ခွာခဲ့ကြပါသည်။
ညဘက်သွားတာဖြစ်တဲ့အတွက် ကားကို အေးဆေးအေးဆေး တစ်နာရီကျော် နှစ်နာရီလောက်မှာ တစ်ခေါက်နားပုံစံဖြင့် သက်တောင့်သက်သာ ဖြစ်အောင်သွားခဲ့ကြပါသည်။
ကျွန်တော်တို့ဟာ ချောင်းသာကမ်းခြေသို့ မနက် (၅)နာရီခွဲခန့်တွင် ရောက်ရှိကြပြီး ကမ်းခြေနှင့်နီးသော ဘန်ဂလို တည်းခိုခန်းများ တည်းခိုးနိုင်ရန် လိုက်လံရှာဖွေခဲ့ကြပါသည်။
အခန်းရပြီးတာနဲ့ အထုပ်အပိုးတွေချပြီး breakfast စားပြီးတာနဲ့ ကမ်းခြေတွင် ရေကစားကြပါတော့သည်။ကမ်းခြေရောက်ပြီဆိုတာနဲ့ ပင်လယ်မှဖြတ်သန်းတိုက်ခတ်လာသော သန့်ရှင်းလတ်ဆတ်လှသော လေကောင်းလေသန့်များ.. ကမ်းခြေ၏လှပသောမြင်ကွင်းများဟာ စိတ်ကိုလန်းဆန်းတက်ကြွစေပြီး စိတ်ရောကိုယ်ပါ ပိုပြီးကျန်းမာစေသော အငွေ့အသက်တွေကို စတင်ရရှိခံစားခဲ့ရပါသည်။
ချောင်းသာကမ်းခြေဟာ လူအရမ်းစည်ပြီး ပျော်ရွှင်စရာကောင်းသောကြောင့် တစ်ညလုံးမအိပ်ရသော်လည်း အိပ်ချင်စိတ်လုံးဝမရှိဘဲ ပျော်ရွှင်စွာကခုန် ရေကစားရန်သာ စိတ်ထဲမှာဖြစ်နေခဲ့၏။
ထို့အပြင် ချောင်းသာအနီးတဝိုက်တွင် သဲဖြူကျွန်း..ကျောက်ဂူမောင်နှမ..နဂါးဘုရား စသည်ဖြင့် ထပ်မံလည်ပတ်စရာနေရာများရှိနေသေး၍ ထိုနေရာများသို့လည်း အလည်အပတ်သွားရောက်ခဲ့ကြပါသည်။ထိုနေရာများမှာလည်း ကမ်းခြေရဲ့သဘာဝအလှတရားများကို ပိုမိုလှပ ပေါ်လွင်စေသောနေရာများဖြစ်ပြီး သာယာလှပသော.. စိတ်ကိုအေးချမ်းပျော်ရွှင်မှုပေးနိုင်သောနေရာများပဲဖြစ်ပါသည်။
ထိုသို့ လည်ပတ်သွားလာနေရင်း သဲဖြူကျွန်းမှ အပြန်တွင် ကျွန်တော့အတွက်တော့ အမှတ်တရတစ်ခုဖြစ်ခဲ့ပါသည်။သဲဖြူကျွန်းတွင် စိတ်ကြိုက်ဓါတ်ပုံများရိုက်ပြီးအပြန် ညနေပိုင်း ရေအနည်းငယ်တက်လာသောကြောင့် သမ္ဗာန်စက်လှေပေါ်အတက်တွင် ကမ်းနှင့်ဝေးသွား၍ ဘောင်းဘီအိတ်အထိရေစိုသွားသဖြင့် ဖုန်ထဲရေဝင်သွားပြီး ဖုန်းပျက်သွားပါတော့သည်။
အဲဒီလိုဖြစ်သွားတဲ့အတွက် ချောင်းသာကမ်းခြေဘက်ပြန်ရောက်တာနဲ့ ဘာမှမလုပ်တော့ဘဲ ဖုန်းပြင်ဆိုင်သို့ အမြန်ပြေးရလေတော့သည်။
ဖုန်းဆိုင်ရောက်တော့ ပင်လယ်ဆားငံရေထိတဲ့အတွက် အပျက်မြန်ကြောင်း ချက်ချင်းစက်အားဖြုတ်ထုတ်ပြန်ဆေးပေးပြီး စက်အားပြန်ဖွင့်ကြည့်ရာ ဖုန်းမှာအားလုံးပုံမှန်ပြန်ဖြစ်သွားပါသည်။သို့သော်လည်း ဖုန်းပြင်ဆရာမှ နှစ်ရက် သုံးရက်ခန့်ကြာမှ ဖုန်းဖွင့်ပြီးအသုံးပြုရန်ပြောသဖြင့် ဖုန်းမသုံးရတော့ပဲ ၂၃.၁၁.၂၀၁၈ ရက်နေ့ ညဘက်မှသာ ဖုန်းပြန်သုံးခဲ့ရပါတော့သည်။
မည်သို့ပင်ဖြစ်စေ ချောင်းသာကမ်းခြေခရီးစဉ်သည် အားလုံးပျော်ရွှင်စွာ သောက်စားကခုန်ကြပြီး မိမိတို့ မိသားစု ဆွေမျိုးများအားလုံးအတွက် ပျော်ရွှင်ချမ်းမြေ့စွာ အားရစရာကောင်းသော အနားယူအပန်းဖြေခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါတော့သည်။
ကမ်းခြေမှအပြန်လမ်းတွင် ပုသိမ်မြို့မှ ရွှေမုဋ္ဌော ဘုရားသို့ ဝင်ရောက်ဖူးမျှော်၍ လှူဒါန်းကုသိုလ်ပြုခဲ့ကြပါသေးသည်။
ကျွန်တော်တို့၏ ၂၀၁၈ခုနှစ်အတွက် ဒုတိယခရီးစဉ်ဖြစ်တဲ့ ချောင်းသာကမ်းခြေခရီးစဉ်ဟာ ပျော်ရွှင်စရာကောင်းပြီး မမေ့နိုင်သောအပန်းဖြေခရီးစဉ်လေးတစ်ခုပဲ ဖြစ်ပါကြောင်း ပြန်လည်ရေးသားမျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
#all photos credited by @uthantzin
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://company.poki.com/terms-of-use/
This is my family and all are my photos.It is my own writing. You distrub me again.You do a mistake,now.
Hi, @uthantzin!
You just got a 0.01% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.
Thank you so much about it.I would be the best with you for your good advice.
အားလုံးတစ်စုတစ်စည်းနှင့်ပျော်စရာခရီးစဉ်ပါ...ခုလိုဝေမျှပေးလို့ကောင်းပါတယ်...👍
Posted using Partiko Android
ဟုတ်ကဲ့ပါအစ်မ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ချောင်းသာကလှိုင်ငြိမ်တယ် ငွေဆောင်က လှိုင်ကြမ်းတယ် ငပလီက မိုက်တယ်
မှန်ပါတယ်ခင်ဗျာ...ချောင်းသာက လူပိုစည်တော့ ပိုပြီးပျော်စရာကောင်းလို့ပါ ဦးထွေး။
ပျော်စရာတွေ အ ပြည့် နဲ့ ခရီးသွားနေတာ မြင်ရတာ ကြည်းနူးစရာမြင်ကွင်းလေးပါ ။အပျော်တွေကြည်းနူးမှုတွေ ကူးစက်စေပါတယ်ကိုသန့်ရေ။
ဟုတ်ကဲ့ပါအစ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
မိသားစုလိုက်ပဲ သာယာတဲ့ခရီးလေး ပါပဲ ကိုသန့် ရ
ဟုတ်တယ်ညီဝင်းကိုရေ မိသားစုခရီးစဉ်လေးပါ။
ချီတက်က တွေ့ပြန်ပြီ
Posted using Partiko Android
ဟုတ်ပ့အစ်ကိုရေ။တော်တော်ဆိုးတဲ့ cheetah...