မိန်းမရိုင်းကြီး သုဘဒ္ဒါ...
နားလည်မှုလွဲမှားခြင်းရဲ့ ဆုလဒ်တွေကြောင့်
ကျမဟာ မိန်းမရိုင်းကြီး သုဘဒ္ဒါဖြစ်ခဲ့ရတာပါ
မင်းဆဒ္ဒန်ရယ်.....
ရှင့်အစွယ်ကို နားဋောင်းပန်ဆင်လိုတယ်လို့
သောနုတ္ထိုရ်ကို ကျမမှာကြားလိုက်တယ်ဆိုပေမယ့်....
အစွယ်ကို အာခေါင်ရင်းက ဖြတ်ခဲ့ရမယ်လို့
ကျမမမှာခဲ့မိဘူး...အမိန့်လည်းမပေးခဲ့ပါဘူး....
နားဋောင်းလုပ်ဝတ်လို့ရမယ့်
ရှင့်ရဲ့အစွယ်အဖျားလေးလောက်ပဲ
ကျမကလိုချင်ခဲ့မိတာပါ...
ရှင်အနားမှာ ရှိနေမပေးရင်တောင်
ရှင့်ရဲ့အသွေးအသားလေးတစ်ခု ကျမအနားမှာ
အဖော်ပြုနေရုံနဲ့ ကျမနှလုံးသားကို နှစ်သိမ့်ချင်လို့ပါ....
ရှင်သာ ကျမကိုတကယ်ချစ်ရင် နားဋောင်းတစ်ဆင်စာ
အစွယ်အဖျားလေးတော့
ရှင်ကျမကို ပေးနိုင်မှာပဲမဟုတ်လား....
ခုတော့....
မုဆိုးလျှောက်တင်သမျှကို မစဉ်းစားမဆင်ခြင်ပဲ
ရှင်က အာခေါင်ရင်းကိုလွှနဲ့ထိုး ဆိုးရွားတဲ့ဝေဒနာကိုအံတုလို့ မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့ တုံးစေတော့ဆိုပြီး လက်လွတ်စပယ် ကျမကြောင့် ရှင်သေပွဲဝင်ရတယ်တဲ့လေ...
ကျမက မှားခဲ့တယ်ဆိုပေမယ့်...
ရှင်က မိုက်ခဲ့တယ် မင်းဆဒ္ဒန်....
နားဋောင်းတစ်ဆင်စာ ပမာဏဟာ
အာခေါင်ရင်းကနေဖြတ်ချမှ ရမှာမို့လို့လား...