ကျွ​န်​​တော်​၏ခရီးသွားမှတ်​တမ်းတချို့ 

in #myanmar8 years ago

ကျွန်​​တော်​က ခရီးသွားရတာကိုကြိုက်​နှစ်​သက်​တဲ့သူတ​ယောက်​ပါ ။ခရီးသွားရပြီဆိုရင်​ကို​ပျော်​​နေတာ ဘယ်​သွားသွား ကိုမ​ရောက်​ဖူး​သေးတဲ့​နေရာ​တွေ ကိုသွားရ​တော့မှာဆိုရင်​ပို​တောင်​​ပျော်​​သေးတယ်​။ ကျွန်​​တော်​က၁နှစ်​ကို အနည်းဆုံး ခရီး၃ခါ​လောက်​​တော့ထွက်​​နေကြ ။တ​ယောက်​ထဲသွားတာ​တွေရှိသလို သူငယ်​ချင်း​တွေနဲ့ အဖွဲ့လိုက်​သွားတာတို့ မိသားစု​တွေနဲ့ သွားတာတို့လည်းရှိတယ်​ ကျ​နော်​က​တော့ သူငယ်​ချင်း​တွေနဲ့ သွားရတာကို ပို​ပျော်​တယ်​။ လွတ်​လပ်​မှုရဲ့ အရသာကိုပိုပြီးခံစားရလို့ ကျွန်​​တော်​က​တော့ မိသားစုနဲ့ ခရီးအတူတူသွားရတာထက်​​တောင်​ ပိုလို့သ​ဘောကျမိ​သေးဗျ။သူငယ်​ချင်း​တွေနဲ့ဆို​ပျော်​​ပျော်​ပါးပါးကြီး လမ်းမှာ​အော်​လိုက်​ဟစ်​လိုက်​ စလိုက်​​နောက်​လိုက်​နဲ့​ပျော်​ရတာ ရီရတာလဲ အ​မောပဲ။ မိသားစုနဲ့သွားရင်​​တော့အဲ့လိုလွတ်​လပ်​မှုမျိုး သိပ်​မရဘူး မိဘ​တွေပါ​နေ​တော့ နည်းနည်း​တော့အ​ပျော်​​တွေကိုထိန်းရတာ​ပေါ့ ။ကျွန်​​တော်​ခုနှစ်​ ပထမဦးဆုံးစသွားဖြစ်​တာက ကျိုက်​ထီးရိုးဘုရား ၊ စက်​စဲနဲ့ ၊ ကျိုက်​ခမီ​ရေ​လယ်​​ကျောက်​တန်းရယ်​ မွန်​ပြည်​နယ်​ကတန်​ခိုးကြီး ဘုရားအစုံရယ်​ ပဲခူးက တန်​ခိုးကြီးဘုရား​တွေ​ရော​နောက်​ဆုံးဂျပန်​ဘုရားပါဝင်​ဖူးခဲ့​သေးတယ်​ ။ အဲ့တုန်းကလည်း မိသားစု​တွေစုံစုံလင်​လင်​ဆို​တော့​ပျော်​ခဲ့ရပါတယ။်​ ​ကျ​နော်​က ခရီးသွားရရင်​ကို​ပျော်​တာ တခါတ​လေ လူစုံရင်​ ဗြုန်းသားကြီး ထသွားတာ အစီစဉ်​​တွေဘာ​တွေမရှိပဲ့နဲလဲ သွားချင်​စိတ်​​ပေါက်​လို လူစုံပြီဆိုရင်​ သွားလိုက်​တာ​ပဲ ။လူမစုံလဲ ကိုကလိုက်​လူစုတယ်​​လေ ဟဲဟဲ။ ကျ​နော်​တို့ဘုရားဖူးသွားရင်​ ကားနဲ့သွားတာရှိသလို ဆိုင်​ကယ်​​တွေနဲ့ အဖွဲ့လိုက်​ကြီး ​သွားတာ​တွေ​ရော ကားနဲ့ဆိုရင်​​ဘော်​ဒါ​တွေနဲ့ကား​ပေါ်မှာ လမ်းခရီးမှာ​တွေ့တဲ့ ​လူ​တွေကို လိုက်​စပြီး တဝါးဝါးတဟားဟားနဲ့ ​ကျ​နော်​သူငယ်​ချင်းတ​ယောက်​ ဆိုဘယ်​​လောက်​​တောင်​ဆိုးလဲ အစအ​နောက်​သန်​လဲဆိုရင်​ ခရီးသွား​တော့မယ်​​ဟေ့လို့​ပြောလိုက်​တာနဲ့ ခရီးသွားရမှာ​သေချာရင်​ သ​ရေဂွင်​​ပေါင်​ထုပ်​ကြီးတထုပ်​သာ​ပြေးဝယ်​​တော့တာပဲ ။ဒင်းက လမ်းမှာ​တွေသမျှ​ကောင်​မ​လေး​တွေကို သ​ရေဂွင်းနဲ့ ထိုင်​ပစ်​တာ ။ကျွန်​​တော်​တို့ဆိုင်​ကယ်​နဲ့ အဖွဲ့လိုက်​သွားရတဲ့ ခရီး​တွေလည်း​ပျော်​ဖို့​ကောင်းပါတယ်​ ။ ကျွန်​​တော်​ ပထမတ​ခေါက်​ ဘုရားဖူးထွက်​ပြီးလို့ပြန်​လာတာနဲ့ မကြာပါဘူး၃လ​ကျော်​​ကျော်​​လောက်​မှာ​ဘော်​ဒါတ​ယောက်​က ငါတို့အင်း​လေးကို သွားကြမယ်​ လို့​ပြော​တော့လိုက်​​တော့ ခရီးသွား​ဖော်​​ဘော်​ဒါ​တွေကို လိုက်​စု​တော့တာပဲ ။ ကျွန်ေ​တာ်​တို့လူစုံတာနဲ့​နောက်​နေ့ မနက်​ပဲအင်း​လေး ကို ကားငှါးပြီးသွားခဲ့တယ်​။ ကုန်းလမ်းခရီး​တွေရှိသလို​ရေလမ်းခရီး​တွေလည်းသွားရတယ်​။
received_298212070602650.jpeg

ကိုကစက်​​လှေတခါမှ မစီးဖူးဘူးရယ်​ အစက​တော့ စီးရမှ​ကြောက်​​နေတာ တက်​စီးကြည့်​ကာမှာ စီးလို့ကလည်း​ကောင်း ပတ်​ဝန်းကျင်​ရှူ ခင်းက လည်းလုံးဝအမိုက်​စား​လေး​တွေဆို့​တော့​ကြောက်​ရမှာ​တောင်​​မေ့သွားတယ်​ ။ပျော်​ဖို့ကလည်းအလွန်း​ကောင်းဗျာ ။ စက်​​လှေစီးဖူးတာအဲ့တခါပထမဆုံးပဲ။
received_298211803936010.jpeg
ရေ​ပေါ်မှာ​ဆောက်​ထားတဲ့အိမ်​​လေး​တွေရယ်​ အရမ်းကြည့်​လို့​ကောင်းတာပဲ ။ကျွန်​​တော်​တို့အတွက်​​တော့ဒါဟာ အထူးအဆန်း​ပေါ့ ကျ​နော်​တို့ဘက်​မှာ အဲ့လိုမျိုး အိမ်​​တွေက ရှိမှာမရှိတာ ။အထူးအဆန်း​တွေဆို​တော့ အိမ်​ပြန်​​ရောက်​ရင်​ မိသားစု​တွေ မလိုက်​ဖြစ်​တဲ့သူငယ်​ချင်း​တွေကို ပြန်​ပြဖို့ မှတ်​တမ်းတင်​ဓာတ်​ပုံ​တွေဘာ​တွေ ရိုက်​ရင်း​ပေါ့ ။
received_298211840602673.jpeg
ရှူခင်း​တွေက အရမ်းလှတာပဲဗျ
received_298212117269312.jpeg
တောင်းတန်း​တွေရဲ့ရှူ ခင်းကလည်း လှမှလှပဲ မြင်​လိုက်​တာနဲ့ ရင်​ထဲကို​အေးချမ်းသွားတာ​တော့အမှန်​ပဲ ။ အဲ့လိုမြင်​ကွင်းမျိုး​တွေက မြင်​ရခဲတယ်​​လေ ။received_298212503935940.jpeg
တံငါသယ်​​တွေလဲရှိတယ်​ဗျ
received_298212337269290.jpeg

အဲ့လိုနဲ့ကျွန်​​တော်​တို့လဲခရီးနှင်​လာလိုက်​တာ ကမ်း​ရောက်​​တော့ စက်​​လှေ​ပေါ်ကကို မဆင်းချင်​ဘူးရယ်​ ။ ကျွန်​​တော်​တို့လဲအင်း​လေးမှာ ဘုရား​တွေဖူး ရင်း​လျောက်​သွားရင်​ ၃ရက်​​လောက်​ကြာ​တော့ပြန်​လာခဲ့ကြတယ်​ ။ ကျွန်​​တော်​တို့အပြန်​ခရီးမှာလဲ​ပျော်​ဖို့​ကောင်းခဲ့ပါတယ်​။ခရီးသွားတာဟာ​ကောင်းတဲ့ အရာတခုပါ။ ကျွန်​​တော်​တို့မှာ အ​တွေ့အကြုံသစ်​​တွေ ဗဟုသုတသစ်​​တွေအများကြီးလိုပါတယ်​ ။ ခရီးသွားချင်းက ကျွန်​​တော်​တို့ကိုအ​တွေ့အကြုံသစ်​​တွေ ဗဟုသုတသစ်​​တွေ အများကြီးရ​စေခဲ့ပါတယ်​။တနှစ်​မှာ အနည်းဆုံးတ​ခေါက်​​လောက်​ ဖြစ်​ဖြစ်​ ကိုချစ်​ခင်​ရတဲ့ မိသားစု​တွေနဲ့ ဖြစ်​​စေ သူငယ်​ချင်း​တွေနဲ့ဖြစ်​​စေ ဘုရားဖူး ခရီးဖြစ်​ဖြစ်​ အပန်း​ဖြေခရီးဖြစ်​ဖြစ်​သွားသင့်​ပါတယ်​ ။ဤကဲ့သို့ခရီးသွား သွားခြင်းက ကျွန်​​တော်​တို့ကို တနှစ်​တာ ပင်​ပန်းနွမ်းနယ်​ခဲ့သမှု စိတ်​ညစ်​စရာ စိတ်​ရှုပ်​စရာ​တွေ ကြုံ​တွေခဲ့ရသမျှကို​မေ့​ပေါက်​​စေမှာ အမှန်​ပါပဲ။
ကျွန်​​တော်​တို့​ပျော်​ရွင်​မှုရဲ့အရသာကို တနှစ်​မှာ တခါ​လောက်​​တော့ ခံစားကြည့်​သင့်​တာ အမှန်​ပါပဲဗျာ။

Post Writer@waihlyan123
Photo@waihlyan123

Sort:  

Thank u ပါဗျ

ခရီးသွားခြင်းဖြင့်စိတ်အပန်းဖြေရတာအကောင်းဆုံးပါဗျာ

ဟုတ်​ပါတယ်​ ကျ​နော်​​တော့ခရီးသွားရတာကိုကြိုက်​တယ်

ဘယ်ခရီးပဲသွားသွား ထိုင်နေတာထက်စာရင် ပိုကောင်းပါတယ်

ဟုတ်​ပါ့ အကို့​ရေ

ခရီးသွားတာ ​ကောင်းပါတယ်

ဟုတ်​​ကျေးဇူးပါ

Thank u ပါ

Thank uပါဗျ

အင်းလေး ပုံလေးတွေ ကြိုက်တယ်

ဟုတ်​ရှုခင်း​လေး​တွေ က​တော်​​တော်​လှတယ်​ဗျ

ရှုခင်းပုံ လေးတွေ ကောင်း တယ်

ဟုတ်​ကဲ့ ​ကျေးဇူးပါအကို

ခရီးသွားရတာ ၀ါသနာပါတယ်ဗျ ။

ဟုတ်​ကျွန်​​တော်​လည်း ခရီးသွားရတာ ဝါသနာပါတယ်​ဗျ