ရင်နာခြင်းတဲ့လား

in #myanmar8 years ago (edited)

ကံကြမ္မာဇာတ်ဆရာက
ရက်စက်စွာ ဖန်ဆင်းခဲ့လေသလား
လောကဓံတရားကပဲ
ပြင်းထန်စွာ ရိုက်ခက်နေလေသလား
ငါ့အတွက် အဆင်မပြေမှုတွေသာ
ရရှိနေခဲ့လေတယ်။ ။
image

လောကကြီးရယ်
လူတွေအကြောင်း ပိုပြီးသိအောင်
ကူညီနေလေရော့သလား
ပတ်ဝန်းကျင်ကို သိခွင့်ရခဲ့တယ်။ ။
image

ရင်ထဲမှာ မြိုသိပ်ထားရတဲ့
အရာတွေ တဖြည်းဖြည်းတိုးလာတယ်
ဖွင့်ပြောရမယ့်သူ ငါ့အနားမရှိခဲ့ဘူး
ပြောလည်းမထွက်ခဲ့ဘူး
အမြဲတမ်း ပူလောင်နေရတယ်။ ။
image

တစ်ချိန်မှာတော့ ငါ့အတွက်
အဆင်ပြေမှုတွေ ရောက်လာကောင်းပါရဲ့
မျှော်လင့်ရင်းနဲ့ အားမာန်တင်းကာနေလာခဲ့တယ်
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာရင်းပေါ့၊ ။
image

မနာလို သွေးထိုးကြတဲ့
ပတ်ဝန်းကျင်ရဲ့ ကုန်းတိုက်စကားသံတွေကြား
မျှော်လင့်ချက်တွေ ရိုက်ချိုးခံခဲ့ရတယ်
အမှန်တရားက ပျောက်ကွယ်နေရင်း
ငါ့နှလုံးသားတွေ ကြေမွပျက်ဆီးခံခဲ့ရတယ်။ ။
image

ရင်ထဲ ပူဆွေး သောကအပြည့်နဲ့
ချစ်ပါတယ်လို့ တဖွဖွပြောတတ်တဲ့သူက
ငါ့အတွက် ထည့်မစဉ်းစားပေးလေပြီ
ရင်နာခြင်းများစွာ အတိနဲ့ပေါ့။ ။

ဒီလိုနဲ့ပဲ ဘာမှန်းမသိတဲ့
ဇာတ်သိမ်းတစ်ခုကို စောင့်မျှော်နေမိ
နာကျဉ်ခြင်းအတိနဲ့သာ ရင်နာစွာ။ ။

image


image

Writer - @wailinn
MSC - 144

Sort:  

Goodတယ် သူငယ်ချင်း

Thanks Fri

ခံးစားချက်​​တွေ တူးစွ ​နေတာ ​ပေါ့

ရေးကြည့်ကြည့်တာပါဗျာ

ကောင်းတယ် Bro

ကျေးဇူးပါဗျ

ကောင်းတယ်အကိုဒါမဲ့စာကနည်းသလားလို့

ဟုတ် နောက်ဆို ဒီထက်များများရေးနိုင်အောင် ကြိုးစားပါ့မယ်ဗျ

ခံစားချက်ချင်းတိုက်ဆိုင်တယ်ဗျာ

ရိုက်လိုက်ပါအုံးဗျ

Good
I like it

Thanks....

မိုက်တယ်အကိုရေ

ကျေးဇူးပါဗျ

အားနေတယ် .

ဘာကိုဆိုလိုတာလဲမသိဘူးဗျ