" လူနာ နံပါတ်…' ၉ ' "
တစ်နေ့ သောအခါ…ကျွန်ုပ်သည်…ဧည့် ခန်း မကြီးတစ်ခုအတွင်း၌အပေါင်းအသင်း ဘော်ဒါ မိတ်ဆွေတို့ အား…ရင်ထဲရှိရှိသမျှ…ဖွင့်ပြနေလေသည်။ စကားလုံးတွေ ခံစားချက်တွေ ရင်ဖွင့်နေရခြင်းကိုဆိုလိုသည်။နားထောင်သူတို့ ကလည်းနားထောင်နေသလို… နားမထောင်သောသူတိုကျတော့လည်း…ဘာသိဘာသာ,နေကြသည်။တစ်ချို့ ကျတော့လည်း…
ဘာတွေအလုပ်ရှုပ်နေမှန်းကိုမသိပါ။လုပ်တော့လုပ်နေကြသည်။
ဘာတွေလုပ်နေကြမှန်းမသိသောသူတို့ လည်းရှိသည်။သို့ သော် …ပတ်ဝန်းကျင်
ထိခိုက်ပျက်ဆီးသောလုပ်ရပ်မျိုးတော့ မဟုတ်ပါ။ကိုယ်နှစ်သက်ရာကိုယ်လုပ်လို့ …
ကိုယ်စိတ်ကူးသန်ရာသန်ရာ…ပြောဆိုနေကြသည်။
ကျွန်ုပ်လည်း ကျွန်ုပ်၏ခံစားချက်တို့ ကို …အဆီအငေါ်မတည့်စွာဖြင့်…
နားထောင်သူမိတ်ဆွေအချို့ အာ့း ထုတ်ဖော်ပြောဆိုနေမိသည်။
"လောကပင်လယ်ပြင်ကြီးထဲမှာ ကူးခတ်ရုန်းကန်ရတာ…မလွယ်ပါဘူးကွာ…
အတုအယောင်တွေများတယ်…အစစ်တွေရှားတယ်…အခန့် မသင့်ရင်…
အသက်ပါအဆစ်ပါသွားနိုင်တယ်ဗျို့ …စိတ်ရဲ့ လောဘတွေ…အတိတ်ရဲ့ သောကတွေက…
သိပ်ကြောက်စရာကောင်းတယ်…မရှု့ မလှတွေဖြစ်ပြီး ရူးသွားကြရတဲ့ သူတွေလည်း
မနည်းတော့ဘူးလေ…ဘယ်တတ်နိုင်မလဲ…ကိုယ့်ထိုက်နဲ့ ကိုယ်ကံပဲပေါ့ကွာ…
ငါတို့ တွေက …မတော်တဆ လူဖြစ်လာကြတာမှ…မဟုတ်ပဲ…
စနစ်တကျနဲ့ မွေးဖွားလာခဲ့ကြတာမဟုတ်လား…ငါတို့ အိပ်မက်တွေကိုသာ…
အမြဲလိုလိုဖျက်ဆီးခံနေရမယ်ဆိုရင်…နောက်လာမယ့်ရာစုသစ်တွေမှာ ခြေချခွင့်တောင်မရပဲ…
ငါတို့ ခရီး,ဆက်ပြီး…နစ်မြုပ်နေကြမှာပဲကွ…"
ွ
ကျွန်ုပ်ကိုယ်တိုင်တောင်…နားမလည်သောစကားလုံးများကို
နားထောင်နေသူပရိတ်သတ်အချို့ အား…အလိုလို (Auto )ပြောဆိုနေမိသည်။
ထိုသို့ ပြောဆို ဟစ်ကြွေးနေစဉ်…နားထောင်နေသော
ကျွန်ုပ်မိတ်ဆွေတစ်ချို့ က…ရူးတူးတူး…ပေါတောတော အမူအရာများ…
သူစိမ်းဆန်သောအကြည့်များ…မျက်နှာပေးပုံစံအမျိုးမျိုးဖြင့်ကျွန်ုပ်အားပြန်လည်
စိုက်ကြည့်မှင်သက်နေကြသည်။ကျွန်ုပ်လည်း ဆက်မပြောပဲ ခဏရပ်လိုက်နားလိုက်ပြီး…
ဘေးနားမှစာအုပ်ကိုယူ၍စာရေးရန်ပြင်လိုက်သည်။ ထိုသူတို့ အားလုံးကိုလည်း
"ငါ ပြောတာရှု ပ်သွားလား…
မင်းတို့ မှတ်မိအောင် ငါ ကဗျာ ပုံစံ ရေးပြမယ်"ဟုအော်ပြောလိုက်သည်။
ကျွန်ုပ်ကဗျာကို စတင် ရေးဖွဲ့ လိုက်သည်။
"လောက…ပင်လယ်ထဲ…အတုအပတွေ…များမယ်…
မရှု့ မလှ ဖြစ်နေလည်း…ရူးသွားရုံကလွဲ(လို့ )
ဘယ်တတ်နိုင်မလဲ…
စိတ်ရဲ့ လောဘ…အတိတ်ရဲ့ သောက…
ကြေကွဲ…ဝေဒနာ…ဖြေလည်း…မရေရာ…
ဘယ်မှာ…အေးချမ်းနိုင်မလဲ…
အိပ်မက်တွေ…ပျက်သုန်း…ခြေလှမ်းတွေ…ပျောက်ဆုံး
တစ်သုန်းသုန်း…တစ်ရုန်းရုန်း…မိုးထစ်ခြုံးသလို…
ဆောက်တည်ရာမဲ့…ငါ့တို့ ရဲ့ ခရီး…
ဘယ်လို,ဘယ်ပုံ ရှေ့ ဆက်နိုင်မလဲ…
ရုန်းလေ နစ်လေ…လှုပ်လေ မြုပ်လေပဲ.…
အနည်မထိုင်တဲ့…ပုံသဏ္ဌာန်တွေနဲ့ …
ငါ့ကို လှေုာင်ကြ…ငါ့ကို ငေးကြ
င့ါ့ကို ပြောင်ကြ…ငါ့ကိုကြည့်ကြနဲ့ 
ငါ့အတွေး…ငါ့အရေး
ဘယ်သူတွေ…ဘာမေးမေး
ငါ့ကဗျာ…ငါဖန်တီး…
( ကလင်…ကလင် …ကလင် )၃
ရေးလက်စပင်,မပြီးသေးပါ။
အချက်ပေးခေါင်းလောင်းသံ ဆက်တိုက် မြည် လာသည်။
တစ်စုံတစ်ယောက်၏အော်ပြောသံ သဲ့သဲ့ကြားမိသည်။
" ဆေးသောက်ချိန်ရောက်ပြီ " တဲ့ 
"ဟင် "………" ဒါဆို…"
"ငါ…"
"ငါ…အခုရောက်နေတာ
စိတ်………
စိတ်ကျန်းမာရေးဆေးရုံကြီး…"
ဟုတ်ပါသည်။စိတ်ကျန်းမာရေးဆေးရုံကြီးတွင်ဆေးသောက်ချိန်ရောက်ရှိ၍…
ကျွန်ုပ်တို့ …သွားကြရပါတော့မည်။ဆေးထိုးအပ်ကိုင်ဆောင်ထားသော
သက်ဆိုင်ရာ ဝန်ထမ်းဆရာဝန်များလည်း…ကျွန်ုပ်တို့ အားခေါ်ဆောင်ရန်
အနားသို့ ရောက်ရှိလာကြလေပြီ…
ကျွန်ုပ်နံပါတ်အား…ခေါ်သလိုကြားမိလိုက်သည်။ဟုတ်သည်…မဟုတ်သည်
ကျွန်ုပ်ကိုယ်တိုင်လည်း မမှတ်မိတော့ပါ။ လူနာ နံပါတ်" ၉ " တဲ့  ။
Credits : Images from google
Author >>> @winko
MSC : 234
V 100% $0.120V n C done.@thihakoko
Thank bro
follow ထားတယ်
အားပေနေမယ်ဗျာ
ဟုတ် bro
လူကရူးလို့ရောက်နေတာကောဟုတ်ရဲ့လား😂😂😂
အရူးက တစ်မူး သာ တဲ့ ဗျ
😂
လောကြီးကတော့ဒီးအတိုင်းအလိုက်အထိုက်ပါဘဲဗျာ
ဟုတ်တယ် bro
အမက no10😊😊
အာ့ ဆို မောင်လေး ဘေးနားမှာ အမပေါ့
ဟိဟိ
ဟုတေ😍😍
ဆက်အားပေးနေမယ်
ဟုတ် ကိုနန်းရေ
ဆေးနည်းနည်းတိုက်ပါ။
ဆေး မသောက်ခင် ရေးရတာလေ
ဟီး
good ဆက်ရေးနော်
ရေးမယ် ညီ
အားပေးနေပါတယ်ဗျာ
ဟုတ်ကဲ့
ကျေးဇူး bro
Good writing 😀
Thank sis