ပရ​လောကမှ အ​မှောင်​ထုကြီး...

in #myanmar7 years ago

images (12).jpg

သားဗလကြီး၊ ​ဖေ့​ဖေ့ကို ခွင့်​လွတ်​ပါကွာ သားကို မ​ပြောပဲ သွားခဲ့မိတယ်​ ၊ "ဗို​လ်​​နေတိုးကို သွား​တွေ့တာ ၊ဒီ​ကောင့်​ကို မင်းသားတင်​မလို့ သမ္မတ ရုံမှာ ပြဇာတ်​တစ်​ခု သွားစီစဉ်​တာပါ"ဟု အဆီအ​ငေါ်မတည့်​​သော
စကားကို ဆိုမိသည်​။

ဇာတ်​ပို့မင်းသားကြီးဗိုလ်​​နေတိုးကို ဦးသာ​အေး ခံတွင်း ​တွေ့သည်​၊ ဒီ​ကောင်​က မင်းသားဖြစ်​ဖို့​ကောင်းတာ ဟု မကြာမကြာ ​ပြောခဲ့ဖူးသည်​။ ထို့​ကြောင့်​ အိပ်​​ပျော်​​နေစဉ်​ အတွင်း ဗိုလ်​​နေတိုးကို အိပ်​မက်​မက်​ခဲ့ပုံရသည်

ကြားဖြတ်​​ပြောရအုန်းမယ်​ ဦးသာ​အေးသည်​ ကျ​နော့်​သူငယ်​ချင်းနဲ့ အတူ​နေစဉ်​ကာလပတ်​လုံး သူ ဘယ်​ကိုသွားသွား အသိ​ပေးပြီးမှ သွား​လေ့ရှိသည်​၊ ဘယ်​အချိန်​ကြာမည်​ တိတိကျကျ မှာ​လေ့ရှိသည်​၊ ထို​နေ့က မ​ပြောပဲ သွားခဲ့လို့ သားဖြစ်​သူကို ​ဦးသာ​အေးက ​တောင်းပန်​​လေသည်​၊ ထို့​ကြောင့်​ သူ့အိပ်​မက်​ထဲ​လျှောက်​သွားရာတွင်​ သားဖြစ်​သူကို အသိမ​ပေးပဲသွားခဲ့သည်​ကို သိပုံ​ပေါ်သည်​....

သားဖြစ်​သူကလည်း အလိုက်​အထိုက်​ ​နေ​ပြော​ပေးသည်
"ဆိုက်​ကားခ ​ပေးလိုက်​ရဲ့လား "ဟု ဦးသာ​အေးကို​မေးပြန်​သည်​၊
"​ပေးပြီးပါပြီ"
"၃၀၀ ​ပေးခဲ့ပြီးပါပီဟ"ဟု ​ပြန်​​တောင်​ ​ငေါက်​​နေပြန်​သည်​၊..ထိုစကားများကို ​ပြော​နေကတည်းက ဦးသာ​အေးသည်​ အရှိနဲ့အိပ်​မက်​ကို မကွဲပြား​တော့ဟု နားလည်​​ပေးလိုက်​ပါပြီ....

ဦးသာ​အေး သတိပြန်​လည်​လာပြီး ​နောက်​ ကွယ်​လွန်​ချိန်​ထိ ရှူ​ဆေးနံ့ကို ​မ​အေးဘုံ မရ​တော့ပါ၊ သို့​သော်​ မှတ်​မှတ်​ထင်​ထင်​ ကိစ္စတစ်​ခုကိုကား မထိတ်​သာ မလန့်​သာ သတိထားလိုက်​မိပါသည်​။
images (13).jpg
ငယ်​ငယ်​ကတည်းက TV ကြည့်​ရင်​ ဦးသာ​အေးတို့ဘက်​ အတူတူသွားကြည့်​​နေကြ ဖြစ်​သည်​၊
တိုက်​ဆိုင်​ခြင်းဟု ​ခေါ်​သော နားလည်​မှူကို ကျ​နော်​သ​ဘော​ပေါက်​ချင်​​သော်​လည်း ထိုတိုက်​ဆိုင်​မှူသည်​ ဦးသာ​အေးကွယ်​လွန်​ခြင်းနဲ့အလွန်​တိုက်​ဆိုင်​စွာ ဖြစ်​​ပေါ်ခဲ့မှူကိုကား စဉ်းစားစရာဖြစ်​သည်​...
အ​ကြောင်းကား
စော​စောက ​ပြောခဲ့​သော ဦးသာ​အေး စတင်​ အိပ်​​ပျော်​သွား​သော ​နေ့၊​နေ့လည်​ပိုင်းက ဗိုလ်​​နေတိုး ပါဝင်​​သော သီတာပြုံး ဇာတ်​ကားကို MRTV မှ လွှင့်​ထုတ်​​နေခြင်း ဖြစ်​ပါ​တော့သည်​ .....
download (13).jpg
ထိုဇာတ်​ကားတွင်​ ဗိုလ်​​နေတိုးသည်​ သုဘရာဇာကြီးအဖြစ်​ သရုပ်​​ဆောင်​ပြီး အကယ်​ဒမီ ရရှိခဲ့​လေသည်​.............
ဦးသာ​အေးသည်​ ထိုအချိန်​တွင်​ အိပ်​မက်​ထဲမှာ
ဗိုလ်​​နေတိုးနဲ့​လျှောက်​လည်​​နေခဲ့သည်​ဟု ပြန်​​ပြောခဲ့မည်​ မဟုတ်​ပါလား.....
ထိုကိစ္စသည်​ ကျ​နော့်​အဖို့ မယုံချင်​လျက်​နဲ့ အစွဲကြီး တစ်​ခုလို ယ​နေ့တိုင်​ ​မေ့မရဘဲ ဖြစ်​​နေရပါ​တော့သည်​...

Written by yairthiha
Credit to google images
MSC-003
MYANMAR STEEMIT COMMUNITY

Sort:  

ဘယ်လိုတောင်လားကွယ် သာအေးရယ် မြင်လှည့်စမ်းပါအုံး အဲ့ဒါကြောင့်ပြောပါတယ် ထန်းတောမှာဘဲနေပါဆို ပြောမရ အမလေးသာအေးရဲ့ နင့်အကြောင်းရေးနေကြပြီ နင်ကတော့ သိရှာရဲ့လား ကိုသာအေးရယ် ယိုးဒယားမှာ ပျော်မြူးလို့ မဝသေးဘူးလား ကိုသာအေးရယ် တစ်ချက်လောက်လှည့်ကြည့်လှည့်ပါအုံး ကိုသာအေးမြင်လှည့်စမ်းပါနော်

ဟားဟား...

ကျေးဇူး...

ဘယ်​လို​တောင်​လား ကိုသာ​အေးရယ်

ဟားဟား

ပျောက်နေတာ ကြာပေါ့ကိုရဲ

တစ်​စခန်း ပြန်​ထလာပီ ​လေ...ဟဲဟဲ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63316.74
ETH 2581.53
USDT 1.00
SBD 2.79