Encourage yourself.....
Hello Steemit Myanmar Users...
ဒီနေ့မှာ မိတ်ဆွေ ဝမ်းနည်းနေပေမယ့် မနက်ဖြန်မှာ ပျော်လိုက်ပါ၊...ဘာကြောင့်လဲ ဆိုတော့ မနက်ဖြန်များစွာက သင့်ကို စောင့်ကြိုနေကြတယ် စောင့်နေသော နေ့ရက်တွေကို အပြုံးနဲ့ပဲ ကျော်ဖြတ်ပါ ၊ လောကကြီးက မျှတပါတယ်၊
Steemit ပေါ်က Usersများ ယနေ့မှာ 0.01SBD ရပေမယ့် အားမလျော့ပဲ ဆက်လျှောက်ပါ တစ်ဖက်မှာ 100$နှင့်အထက် နေ့တွေ စောင့်ကြိုနေတယ်........
လွန်ခဲ့သော လအနည်းငယ်ခန့်က ကျနော်တို့Steemit ဆိုသောလမ်းပေါ် စရောက်ခဲ့ကြပြီး လျှောက်လှမ်းခဲ့ကြတယ်၊ ထိုအချိန်မှ ယနေ့အထိ အခြေအနေ တိုးတက်လာကာ Newbies တွေလည်း ပိုများလာခဲ့တယ်၊ သို့ပေမယ့် ယနေ့အချိန်မှာ ရတဲ့ SBD$တွေဟာကျနော်တို့တန်းရခဲ့တာ မဟုတ်ခဲ့ပါ၊ စိတ်ရှူပ်ခြင်း၊ဘေပြတ်ခြင်း၊ ဖုန်းအားကုန်ခြင်း၊ စာရေးဖို့ဦးနှောက်ခြောက်ခြင်းများ ဖြင့် ကျနော်တို့ရင်းနှီးခဲ့ကြသည်မှာ အများအသိပင် ဖြစ်လေတယ်၊ ဒါကြောင့် ကျနော်တို့ steemit ပေါ်မှာ ဝင်ငွေရှာတာ ဟာ အလကားရတာမဟုတ်ပါ၊
Online ပေါ်မှာ ရတဲ့ပိုက်ဆံ ဆိုတော့ အလကားသာသာထင်မှတ်ကြသော မြန်မာလူမျိုးတစ်ချို့ကို ပြောပြခြင်းပါ၊ ကျနော်ဘယ်လောက်ရတယ်၊ကျနော်ဘယ်လောက်ထုတ်ပြီးပြီ၊ အေး နင် ဘယ်ကရတာလဲ ကျနော် online ပေါ်က Steemit က ရတာ လို့ပြောတော့ ကျနော့်ကို ကြည့်တဲ့အကြည့်၊မေးတဲ့မေးခွန်းတွေက အစ တန်ဖိုးဖြတ်နေကြတယ်၊ အလကားရတယ်လို့သတ်မှတ်ပြီး စိတ်ထဲမှာ မှတ်နေခြင်းဟာ ကျနော်တို့ယနေ့ခေတ်လူတွေရဲ့ အမှားတစ်ခုပါ၊ ကျနော်တို့မှာ ရင်းနှီးခဲ့တာ ရှိသလို ဆုံးရှူံး ခဲ့တာတွေလည်း အများကြီးပါ၊ တချို့က ဆုံးရှူံးမှူကြောင့် ထွက်ခွာသွားကြတယ်၊ Steemit ကို သုံးရတာ ကျနော်အရမ်းပျော်တယ်၊ postတွေတင်ကြတယ် Facebookလို အလဟာသ status တွေလည်း မတွေ့တော့ဘူးလေ........
အလကားမဟုတ်သလို တန်ဖိုးရှိရှိ အသုံးချကြပါ Steemit ပေါ်က ရတဲ့Money ကျနော်တို့အသိဆုံးပါ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ....Sbd ရဖို့ မလွယ်ကူပါ၊ ဒီအတွက် အကိုဟင်နရီက တတ်နိုင်သလောက် promotion တင်ပေးကြလို့သာ Sbd ရနေကြတာပါ၊..ကူညီတဲ့သူရဲ့ အား အလကားမဖြစ်အောင်၊ ကျနော်တို့ရရှိတဲ့ sbd တွေ $တွေကို ကောင်းကောင်းအသုံးချကြစေချင်ပါတယ်၊အလကားဖြုန်းတီးရင် SBD တွေဟာ အလကားရသလို ဖြစ်လာပြီး တန်ဖိုးမရှိ ဖြစ်လာမယ်၊
ကျနော်တို့ရတဲ့ sbd ကျနော်တို့တန်ဖိုးထားကာ ရှေ့လျှောက်လှမ်းကြစေချင်ပါတယ်၊...ဟိုးအရင်က 0.01$ရတဲ့နေ့တွေ ကျနော် ကောင်းကောင်းကြီး မှတ်မိနေပါသေးတယ်၊ လွယ်လွယ်နဲ့လက်လျော့ခဲ့မယ့် အတွေး ပေါ်လာပေမယ့် အချိန်မှီပဲ ကူညီတွေ ပေါ်လာခဲ့တဲ့အတွက် ကျနော် ယနေ့ထိ Steemit လမ်းပေါ်မှာ ရှိနေဆဲပါ၊ ကျနော့်လိုပဲ ကျနော့်ညီအကို၊အစ်မတွေလည်း Steemit လမ်းပေါ်မှာ ပျော်ပျော်ကြီး ရှိနေတာကို မြင်ချင်ပါတယ်ဗျာ....
ကျနော်ဟာ တက္ကသိုလ် ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် အင်မတန် နုံ အ တဲ့သူပါ၊ ဘာမှမသိ၊နားမလည်တဲ့တစ်ယောက်ပါ၊ သို့သော် လောကမှာ အလကားမရဘူးဆိုတဲ့ အတွေး ခံယူချက်တစ်ခုကြောင့် ယနေ့ထိ Steemit လမ်းမှာ လျှောက်နေဆဲပါ၊ ကျနော်စာမေးပွဲကာလ ဖြစ်သော်လည်း Steemit ကို မမေ့ပါ၊ ကျနော့်post တွေ တင်ဆဲ တင်မြဲပါ ..
ကျနော်မအားတဲ့ကြားက postတွေတင်တယ် Encourage လုပ်တယ် ကျနော်post တိုတောင်းနေခဲ့ရင် Sorryဗျာ...နားလည်ပေးပါ မနက်ဖြန်များစွာ ရှိနေသေးတဲ့အတွက် ကျနော် အများကြီး ရေးတင်မှာပါ အားပေးကြပါအုန်းလို့ ပြောရင်း ...အဆုံးသတ်လိုက်ပါတယ်
Written by yairthiha
Steemit Myanmar
စိတ်မဆိုးနဲ့  နော် ၊အလပသလာပ ပြောစကားလောက်ကို ဆောင်းပါးလို့ ပြောရမှာ လိုဖြစ်နေတယ် ။ကျောင်းသားတစ်ယောက်မှာ ရေးစရာတွေတပုံကြီး ။ ရေးစမ်းပါဗျာ ကြိုးစာပြီး
မရရတာ ...ရေးလိုက်တာ အခုမနက်မှ ကျေးဇူးပါအခုလိုပြောပေးတဲ့အတွက်
ကောင်းတယ်ဗျာ ဆက်ကြိုစားပါ
ကျေးကျေး...
fighting
thanks
အားပေးနေပါတယ်
Thanks
ညီလေးရေ..ဆက်ကြိုးစားပါ..ကျောင်းစာလည်း လုပ်ပါ....
ဟုတ်အကိုကျေးဇူးပါ
စာတိုတယ် bro
.
ဒါပေမဲ့ bro post စာတိုတာ
ကျွန်တော့ postထက်တော့ ရှည်သေးတယ် ဟီး😁😁
Fighting..bro..
စာမေးပွဲလည်း ဖြေနိုင်ပါစေ။