ဘဝဆိုတာ

in #steemit7 years ago

image

ဘဝဆိုတာ


မင်းဒုက္ခရောက်နေတာတောင် မကူညီရကောင်းလား
လို့ဒေါသမထွက်ပါနဲ့။
ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေဘူး။

မင်းရဲ အခက်အခဲတွေ အကျပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်းရကောင်းလားလို့
အပြစ်မတင်ချင်ပါနဲ့။
ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့ လူလာဖြစ်နေကြတာ မဟုတ်ဘူး။

မင်းအထီးကျန်တယ် အဖော်မပြုရကောင်းလားလို့
မနာကြည်းလိုက်ပါနဲ့။
မင်းလျှောက်နေတဲ့လမ်းမှာ မိသားစုကောင်း/ မိတ်ဆွေ
ရင်း/ အဖော်မွန်စစ် ပါချင်ပါလာမယ် မပါချင် မပါဘူး
လမ်းခုလတ်က လှည့်ထွက်သွားတာဖြစ်ချင်ဖြစ်မယ်
သေချာတာကတော့ ကိုယ်သွားချင်တဲ့လမ်း | ကိုယ်
တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ။

ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက်။
ဘယ်သူမှ မရှိဘူးလား ?
ကိုယ့်ကိုယ်ကို ဂရုစိုက် !

ချစ်ပေးမယ့်သူ ရှိရင် အချစ်ခံလိုက်။
မချစ်တော့ဘူးလား ?
လွတ်လပ်ခွင့်ပေးလိုက် !

သူတစ်ပါးစိတ်နှလုံးအိမ်ထဲမှာ နေရာတစ်ခုရဖို့ဆိုတာ
မင်းတောင်းဆိုလို့ မရဘူး။
တစ်ဖက်ကပေးသလောက်ပဲ မင်းနေရမယ်
ကျေနပ်တာ မကျေနပ်တာ မင်းကိစ္စပါ။
ဘယ်သူမှ မင်းခံစားချက်ကို မေးနေမှာ မဟုတ်ဘူး။

ဒါတွေဟာ သမရိုးကျ ဖြစ်စဉ်တွေလေ
ထွေထွေထူးထူး ကြေကွဲမနေနဲ့။
ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင်မထားရင်
ဘယ်သူကမှ မင်းစိတ်ချမ်းသာအောင်
ထားနိုင်မှာမဟုတ်။

လေးစာစွာဖြင့်.....